Instagram CEO Adam Mosseri နဲ့ Instagram လူမှုကွန်ရက် အဖွဲ့က Instagram App ဟာ User တွေရဲ့ တည်နေရာ ဒေတာတွေကို ခြေရာခံနေပြီး Follower တွေကို မျှဝေနေတယ်ဆိုတဲ့ သတင်းကို ငြင်းဆိုလိုက်ပါတယ်။

မကြာခင်က ဖြန့်ချိလိုက်တဲ့ Instagram iOS Update မှာ Follower တွေဟာ User တွေရဲ့ တည်နေရာ အတိအကျကို သိနိုင်တယ်ဆိုတဲ့ ပို့စ်ဟာ အလွန် ပျံ့နှံ့သွားခဲ့လို့ Instagram က အခုလို ဖြေရှင်းလိုက်တာပါ။ အဲဒီ သတင်းကြောင့် လူများစွာဟာ Instagram App Setting ထဲမှာ တည်နေရာ ခွင့်ပြုချက်ကို ပိတ်ပင်ခဲ့ကြပါတယ်။

Instagram CEO Adam Mosseri က “ ဒီအကြောင်းကို ရှင်းရှင်းလင်းလင်း သိစေချင်ပါတယ်။ Location Services ဟာ သင့် စမတ်ဖုန်းက Device Setting ဖြစ်ပြီး Instagram ရဲ့ လုပ်ဆောင်ချက် အသစ် ၁ ခု မဟုတ်ပါဘူး။ Instagram Device Location ဟာ Location Tag အတွက် ဖြစ်ပြီး User တွေရဲ့ တည်နေရာကို တခြားလူတွေနဲ့ မျှဝေတာ မဟုတ်ဘူး။” လို့ ရှင်းပြပါတယ်။

Instagram App ဟာ သင့်တည်နေရာကို အသုံးပြုနေတယ်လို့ သံသယ ရှိရင် သင့် Device ရဲ့ App Settings မှာ အဲဒါကို ပိတ်ထားနိုင်ပါတယ်။ iOS နဲ့ Android ၂ ခုစလုံးမှာ သင့် တည်နေရာ အတိအကျကို မျှဝေနိုင်တဲ့ လုပ်ဆောင်ချက် ရှိပြီး ဘယ် App တွေက သင့် တည်နေရာ ဒေတာတွေကို အသုံးပြုနေသလဲဆိုတာကိုပါ ပြသပေးနိုင်ပါတယ်။

Ref : gsmarena