[Zawgyi]

Instagram ဝန္ေဆာင္မႈရတဲ့ ဧရိယာေတြမွာဆိုရင္ အသုံးျပဳသူေတြဟာ တစ္ေယာက္ခ်င္းပဲျဖစ္ျဖစ္၊ အဖြဲ႕လိုက္ပဲျဖစ္ျဖစ္ Chat လုပ္လို႔ရေတာ့မယ္လို႔ သိရပါတယ္။ လက္ရွိအခ်ိန္မွာ စမ္းသပ္ဆဲဆိုေပမယ့္ သိပ္မၾကာတဲ့ရက္ပိုင္းအတြင္း ကမာၻတစ္ဝန္းလုံး လက္ေတြ႕ အသုံးျပဳလို႔ရမွာျဖစ္ေၾကာင္း သိရပါတယ္။

အေျခခံအားျဖင့္ေတာ့ လြန္ခဲ့တဲ့ ငါးႏွစ္ကတည္းက သုံးလားတဲ့ Facebook Messenger ပုံစံမ်ိဳးပါပဲ။ အလုပ္လုပ္ပုံခ်င္းကလည္း အေတာ္ေလးကို တူညီပါတယ္။ အကန႔္အသတ္ရွိတာခ်င္းလည္း အတူတူပါပဲ။ Facebook က Instagram ဝယ္လိုက္ၿပီးေနာက္ပိုင္းမွာ Feature အခ်ိဳ႕ကို ပူးေပါင္းၿပီးလုပ္ေဆာင္ခဲ့ပါတယ္။ Instagram အေနနဲ႔ Facebook ရဲ႕ ေနာက္ကြယ္မွာ အေတာ္ေလးကို အလုပ္ရႈပ္ခဲ့ပုံရပါတယ္။

ဒီ Feature ကို Walkie-talkie voice messaging ကို အသုံးျပဳဖို႔က Messenger မွာလိုပဲ Microphone ပုံေလးကို ႏွိပ္ၿပီး စကားသံပို႔လို႔ရပါတယ္။ လြန္ခဲ့တဲ့ ဇြန္လတုန္းက Instagram ဟာ Video calling feature ကို ျဖန႔္ခ်ိေပးခဲ့ပါေသးတယ္။ ၆ လေလာက္ၾကာၿပီးမွ Voice messaging feature ကို ထပ္လႊတ္ေပးတာလည္း ျဖစ္ပါတယ္။ ဒီ Feature ကို Android ေရာ iOS ပါ သုံးလို႔ရမွာ ျဖစ္ပါတယ္။

Instagram မွာ ပို႔ထားတဲ့ Voice messages ေတြကို အခ်ိန္ကန႔္သတ္ခ်က္မထားဘဲ အသုံးျပဳသူက မဖ်က္မခ်င္း ထားရွိသြားမယ္လို႔ သိရပါတယ္။ တခ်ိဳ႕ကိစၥေတြကေတာ့ စာနဲ႔ေရးေျပာတာထက္ စကားသံပို႔ၿပီးေျပာလိုက္တာကခံစားခ်က္ကိုပါ ေပၚလြင္ေစႏိုင္တဲ့အတြက္ ပိုၿပီး ေကာင္းမြန္တဲ့ သက္ေရာက္မႈေတြကို ရရွိေစပါတယ္။ အခုေတာ့ Instagram အသုံးျပဳသူေတြလည္း လြယ္လြယ္ကူကူ Voice Message ပို႔ႏိုင္ၿပီျဖစ္ပါတယ္။

 

Ref: GSMarena

 

[Unicode]

Instagram ဝန်ဆောင်မှုရတဲ့ ဧရိယာတွေမှာဆိုရင် အသုံးပြုသူတွေဟာ တစ်ယောက်ချင်းပဲဖြစ်ဖြစ်၊ အဖွဲ့လိုက်ပဲဖြစ်ဖြစ် Chat လုပ်လို့ရတော့မယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ စမ်းသပ်ဆဲဆိုပေမယ့် သိပ်မကြာတဲ့ရက်ပိုင်းအတွင်း ကမ္ဘာတစ်ဝန်းလုံး လက်တွေ့ အသုံးပြုလို့ရမှာဖြစ်ကြောင်း သိရပါတယ်။

အခြေခံအားဖြင့်တော့ လွန်ခဲ့တဲ့ ငါးနှစ်ကတည်းက သုံးလားတဲ့ Facebook Messenger ပုံစံမျိုးပါပဲ။ အလုပ်လုပ်ပုံချင်းကလည်း အတော်လေးကို တူညီပါတယ်။ အကန့်အသတ်ရှိတာချင်းလည်း အတူတူပါပဲ။ Facebook က Instagram ဝယ်လိုက်ပြီးနောက်ပိုင်းမှာ Feature အချို့ကို ပူးပေါင်းပြီးလုပ်ဆောင်ခဲ့ပါတယ်။ Instagram အနေနဲ့ Facebook ရဲ့ နောက်ကွယ်မှာ အတော်လေးကို အလုပ်ရှုပ်ခဲ့ပုံရပါတယ်။

ဒီ Feature ကို Walkie-talkie voice messaging ကို အသုံးပြုဖို့က Messenger မှာလိုပဲ Microphone ပုံလေးကို နှိပ်ပြီး စကားသံပို့လို့ရပါတယ်။ လွန်ခဲ့တဲ့ ဇွန်လတုန်းက Instagram ဟာ Video calling feature ကို ဖြန့်ချိပေးခဲ့ပါသေးတယ်။ ၆ လလောက်ကြာပြီးမှ Voice messaging feature ကို ထပ်လွှတ်ပေးတာလည်း ဖြစ်ပါတယ်။ ဒီ Feature ကို Android ရော iOS ပါ သုံးလို့ရမှာ ဖြစ်ပါတယ်။

Instagram မှာ ပို့ထားတဲ့ Voice messages တွေကို အချိန်ကန့်သတ်ချက်မထားဘဲ အသုံးပြုသူက မဖျက်မချင်း ထားရှိသွားမယ်လို့ သိရပါတယ်။ တချို့ကိစ္စတွေကတော့ စာနဲ့ရေးပြောတာထက် စကားသံပို့ပြီးပြောလိုက်တာကခံစားချက်ကိုပါ ပေါ်လွင်စေနိုင်တဲ့အတွက် ပိုပြီး ကောင်းမွန်တဲ့ သက်ရောက်မှုတွေကို ရရှိစေပါတယ်။ အခုတော့ Instagram အသုံးပြုသူတွေလည်း လွယ်လွယ်ကူကူ Voice Message ပို့နိုင်ပြီဖြစ်ပါတယ်။

 

Ref: GSMarena