[Zawgyi]

လူမႈကြန္ရက္မ်ားမွာ သူမ်ားေတြေလာက္ Like မရရင္ စိတ္ဖိစီးမႈေတြ၊ စိတ္ဓါတ္က်တာေတြ ျဖစ္ပြားတယ္ဆိုတဲ့ သုေတသန စစ္တမ္းမ်ားစြာ ထြက္ေပၚခဲ့ဖူးပါတယ္။ အခုေတာ့ ဒီျပႆနာကို Instagram က ေျဖရွင္းေတာ့မွာပါ။ Instagram က သံုးစြဲသူေတြ စိတ္ဖိစီးမႈ မျဖစ္ေစဖို႔  ၾသစေၾတးလ် နဲ႔ ဂ်ပန္ အပါအ၀င္ ႏုိင္ငံမ်ားစြာမွာ ပို႔စ္မ်ားမွ Like အေရအတြက္မ်ားကို ဖြက္တဲ့ လုပ္ေဆာင္ခ်က္ကို စမ္းသပ္ေနပါတယ္။

စမ္းသပ္မႈကို ၾကာသာပေတးေန႔က စတင္ခဲ့တာပါ။ ပို႔စ္တင္သူက Like အေရအတြက္ကို ျမင္ရမွာ ျဖစ္ေပမယ့္ Like လုပ္သူ အပါအ၀င္ အျခား လူမ်ားဟာ Like အေရအတြက္ကို မျမင္ႏိုင္ပါဘူး။ အဲဒီအတြက္ ကိုယ္ကိုကိုယ္က လြဲၿပီး အျခား လူေတြ Like ဘယ္ေလာက္ရသလဲဆိုတာ မသိႏုိင္ေတာ့ပါဘူး။

Instagram က ေမလမွာ ကေနဒါတြင္ အလားတူ လုပ္ေဆာင္ခ်က္ကို စမ္းသပ္ခဲ့ပါတယ္။ အခုေတာ့ ၾသစေၾတးလ်၊ နယူးဇီလန္၊ အိုင္ယာလန္၊ အီတလီ၊ ဂ်ပန္နဲ႔ ဘရာဇီးတို႔မွာ စတင္ စမ္းသပ္ေနပါတယ္လို႔ ကုမၸဏီက ဘီဘီစီကို ေျပာပါတယ္။ “ ဒီစမ္းသပ္မႈက ပို႔စ္တစ္ခုမွာ Likes  ဘယ္ေလာက္ရလဲဆိုတာ မျပသေတာ့ပါဘူး။ အဲဒီအတြက္ စိတ္ဖိစီးမႈေတြ မရွိေတာ့ပါဘူး။  သင္ ႀကိဳက္တဲ့ အရာေတြကို ေပါ့ေပါ့ပါးပါး မွ်ေ၀ႏုိင္ပါတယ္။ “ လို႔ Facebook Australia နဲ႔ New Zealand ရဲ႕ မူ၀ါဒ ဒါရိုက္တာ ျဖစ္သူ Mia Garlick က ေျပာပါတယ္။

Instagram က ဒီစမ္းသပ္မႈဟာ စီးပြားေရးလုပ္ငန္မ်ားအတြက္ Measurement Tools မ်ားကို မထိခိုက္ဘူးလို႔ ေျပာပါတယ္။ အျခား လူေတြရဲ႕ Content ေတြကို Like လုပ္တဲ့ လူစာရင္းကို သိႏုိင္ပါေသးတယ္။ သုေတသန စစ္တမ္းမ်ားက လူမႈကြန္ရက္ ပလက္ေဖာင္းမ်ားဟာ အထူးသျဖင့္ လူငယ္ေတြရဲ႕ စိတ္က်န္းမာေရးကို ထိခိုက္ေစတာနဲ႔ ပတ္သက္ေနတယ္လို႔ ဆိုပါတယ္။

Ref : bbc

[Unicode]

စိတ်ဖိစီးမှုတွေ မဖြစ်အောင် Like အရေအတွက်ကို ဖွက်ထားဖို့ စမ်းသပ်နေတဲ့ Instagram

လူမှုကွန်ရက်များမှာ သူများတွေလောက် Likes မရရင် စိတ်ဖိစီးမှုတွေ၊ စိတ်ဓါတ်ကျတာတွေ ဖြစ်ပွားတယ်ဆိုတဲ့ သုတေသန စစ်တမ်းများစွာ ထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုတော့ ဒီပြဿနာကို Instagram က ဖြေရှင်းတော့မှာပါ။ Instagram က သုံးစွဲသူတွေ စိတ်ဖိစီးမှု မဖြစ်စေဖို့ သြစတြေးလျ နဲ့ ဂျပန် အပါအဝင် နိုင်ငံများစွာမှာ ပို့စ်များမှ Likes အရေအတွက်များကို ဖွက်တဲ့ လုပ်ဆောင်ချက်ကို စမ်းသပ်နေပါတယ်။

စမ်းသပ်မှုကို ကြာသာပတေးနေ့က စတင်ခဲ့တာပါ။ ပို့စ်တင်သူက Likes အရေအတွက်ကို မြင်ရမှာ ဖြစ်ပေမယ့် Like လုပ်သူ အပါအဝင် အခြား လူများဟာ Likes အရေအတွက်ကို မမြင်နိုင်ပါဘူး။ အဲဒီအတွက် ကိုယ်ကိုကိုယ်က လွဲပြီး အခြား လူတွေ Likes ဘယ်လောက်ရသလဲဆိုတာ မသိနိုင်တော့ပါဘူး။

Instagram က မေလမှာ ကနေဒါတွင် အလားတူ လုပ်ဆောင်ချက်ကို စမ်းသပ်ခဲ့ပါတယ်။ အခုတော့ သြစတြေးလျ၊ နယူးဇီလန်၊ အိုင်ယာလန်၊ အီတလီ၊ ဂျပန်နဲ့ ဘရာဇီးတို့မှာ စတင် စမ်းသပ်နေပါတယ်လို့ ကုမ္ပဏီက ဘီဘီစီကို ပြောပါတယ်။ “ ဒီစမ်းသပ်မှုက ပို့စ်တစ်ခုမှာ Likes ဘယ်လောက်ရလဲဆိုတာ မပြသတော့ပါဘူး။ အဲဒီအတွက် စိတ်ဖိစီးမှုတွေ မရှိတော့ပါဘူး။ သင် ကြိုက်တဲ့ အရာတွေကို ပေါ့ပေါ့ပါးပါး မျှဝေနိုင်ပါတယ်။ “ လို့ Facebook Australia နဲ့ New Zealand ရဲ့ မူဝါဒ ဒါရိုက်တာ ဖြစ်သူ Mia Garlick က ပြောပါတယ်။

Instagram က ဒီစမ်းသပ်မှုဟာ စီးပွားရေးလုပ်ငန်များအတွက် Measurement Tools များကို မထိခိုက်ဘူးလို့ ပြောပါတယ်။ အခြား လူတွေရဲ့ Content တွေကို Like လုပ်တဲ့ လူစာရင်းကို သိနိုင်ပါသေးတယ်။ သုတေသန စစ်တမ်းများက လူမှုကွန်ရက် ပလက်ဖောင်းများဟာ အထူးသဖြင့် လူငယ်တွေရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေတာနဲ့ ပတ်သက်နေတယ်လို့ ဆိုပါတယ်။

Ref : bbc