Zawgyi

အခုေနာက္ပိုင္းမွာ Music ပါဝင္တဲ့ Video Clip အတိုေလးေတြျဖစ္တဲ့ TikTok Video ေတြဟာ အသုံးျပဳသူေတြတျဖည္းျဖည္းမ်ားျပားလာၿပီးေတာ့ ဆက္တိုက္ ေအာင္ျမင္လာတာျဖစ္ပါတယ္။ အဲ့ဒီအတြက္ Instagram ကလည္း TikTok ကို ယွဥ္ၿပိဳင္ဖို႔အတြက္ “Reels” အမည္ရွိတဲ့ Feature တစ္ခုကို စမ္းသပ္ေနတဲ့ပုံစံပါပဲ။

အခု Reels ဆိုတဲ့ Feature ဟာ လက္ရွိ Instagram Stories တင္တဲ့ေနရာမွာ Editing Feature တစ္ခုအေနနဲ႔ ပါဝင္လာမွာျဖစ္ၿပီး အသုံးျပဳသူေတြကို ၁၅ စကၠန္႔စာ Video Clip တစ္ခုကို ႀကိဳက္ႏွစ္သက္ရာ Music Audio နဲ႔ ေပါင္းစပ္ၿပီး TikTok လို Effect ေတြပါထည့္သြင္းႏိုင္မွာျဖစ္ပါတယ္။ Audio ကိုလည္း Hashtag ေတြ ဒါမွမဟုတ္ တျခားေသာ Music Track ေတြကေန ေ႐ြးခ်ယ္ႏိုင္မယ္လို႔လည္း သိရပါတယ္။

Instagram ကိုယ္တိုင္ကေတာ့ အခု Feature အသစ္ဟာ TikTok နဲ႔ မတူညီတဲ့အျပင္ လူတိုင္းက Instagram ကို အသုံးျပဳေနၿပီး Video ကို Music နဲ႔အတူ Share တာက လူတိုင္းသေဘာတူတဲ့ Idea တစ္ခုျဖစ္တာေၾကာင့္ အခု Feature ကို စမ္းသပ္ေနတာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ဒ့ါအျပင္ ဒီ Feature ကို Instagram အတြက္ Unique ျဖစ္တဲ့ Format တစ္ခုအေနနဲ႔ျဖစ္လာေအာင္ ဦးစားေပးေဆာင္႐ြက္ေနတယ္လို႔လည္း သိရပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ အဆိုပါ Instagram Reels Feature ကို Brazil မွာ စတင္စမ္းသပ္ေနၿပီျဖစ္ၿပီးေတာ့ တျခားေသာ Market ေတြကိုေတာ့ မၾကာခင္မွာ ရရွိလာမယ္လို႔ ယူဆရပါတယ္။ ဘာပဲျဖစ္ျဖစ္ Instagram က အခု Reels Feature အသစ္နဲ႔ TikTok အသုံးျပဳသူေတြကို ျပန္စြဲေဆာင္ႏိုင္မလားဆိုတာကိုေတာ့ ဆက္လက္ေစာင့္ၾကည့္ရမွာပါ။

Ref – GSM Arena

Unicode

အခုနောက်ပိုင်းမှာ Music ပါဝင်တဲ့ Video Clip အတိုလေးတွေဖြစ်တဲ့ TikTok Video တွေဟာ အသုံးပြုသူတွေတဖြည်းဖြည်းများပြားလာပြီးတော့ ဆက်တိုက် အောင်မြင်လာတာဖြစ်ပါတယ်။ အဲ့ဒီအတွက် Instagram ကလည်း TikTok ကို ယှဥ်ပြိုင်ဖို့အတွက် “Reels” အမည်ရှိတဲ့ Feature တစ်ခုကို စမ်းသပ်နေတဲ့ပုံစံပါပဲ။

အခု Reels ဆိုတဲ့ Feature ဟာ လက်ရှိ Instagram Stories တင်တဲ့နေရာမှာ Editing Feature တစ်ခုအနေနဲ့ ပါဝင်လာမှာဖြစ်ပြီး အသုံးပြုသူတွေကို ၁၅ စက္ကန့်စာ Video Clip တစ်ခုကို ကြိုက်နှစ်သက်ရာ Music Audio နဲ့ ပေါင်းစပ်ပြီး TikTok လို Effect တွေပါထည့်သွင်းနိုင်မှာဖြစ်ပါတယ်။ Audio ကိုလည်း Hashtag တွေ ဒါမှမဟုတ် တခြားသော Music Track တွေကနေ ရွေးချယ်နိုင်မယ်လို့လည်း သိရပါတယ်။

Instagram ကိုယ်တိုင်ကတော့ အခု Feature အသစ်ဟာ TikTok နဲ့ မတူညီတဲ့အပြင် လူတိုင်းက Instagram ကို အသုံးပြုနေပြီး Video ကို Music နဲ့အတူ Share တာက လူတိုင်းသဘောတူတဲ့ Idea တစ်ခုဖြစ်တာကြောင့် အခု Feature ကို စမ်းသပ်နေတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒ့ါအပြင် ဒီ Feature ကို Instagram အတွက် Unique ဖြစ်တဲ့ Format တစ်ခုအနေနဲ့ဖြစ်လာအောင် ဦးစားပေးဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

လက်ရှိအချိန်မှာတော့ အဆိုပါ Instagram Reels Feature ကို Brazil မှာ စတင်စမ်းသပ်နေပြီဖြစ်ပြီးတော့ တခြားသော Market တွေကိုတော့ မကြာခင်မှာ ရရှိလာမယ်လို့ ယူဆရပါတယ်။ ဘာပဲဖြစ်ဖြစ် Instagram က အခု Reels Feature အသစ်နဲ့ TikTok အသုံးပြုသူတွေကို ပြန်စွဲဆောင်နိုင်မလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – GSM Arena