Instagram ဟာ Meta ကုမ္ပဏီကနေပိုင်ဆိုင်တဲ့ Social Media Service တစ်ခုဖြစ်ပြီး လက်ရှိအချိန်အထိ အသုံးပြုသူအများအပြားရှိနေတဲ့ အောင်မြင်တဲ့ Social Media တစ်ခုဖြစ်ပါတယ်။ Instagram ဟာ အဓိကအနေနဲ့ ဓါတ်ပုံနဲ့ ဗီဒီယိုတွေကိုပဲ ဖော်ပြတဲ့ Social Media ဖြစ်တာကြောင့် တကယ်လို့ ကိုယ့် Instagram Account ကို Hack ခံလိုက်ရမယ်ဆိုရင် Data တွေဆုံးရှုံးမှုက ကြီးမားနိုင်ပါတယ်။

အခုအချိန်မှာတော့ Instagram ကနေ အခုလိုမျိုး Account Hack ခံထားရတဲ့အသုံးပြုသူတွေအတွက် ပြန်လည်ရရှိနိုင်အောင် ကူညီပေးနိုင်မယ့် Service Tool တစ်ခုကို မိတ်ဆက်လိုက်ပါတယ်။ ဒါကြောင့် ကိုယ့် Account Hack ခံရတာ မှန်ကန်တယ်၊ Account နဲ့ သက်ဆိုင်တဲ့အချက်အလက်တွေကိုလည်း မှတ်မိတယ်ဆိုရင် ပြန်ရဖို့လွယ်ကူသွားပြီဖြစ်ပါတယ်။

အခု Feature ကိုအသုံးပြုဖို့အတွက်ကတော့ Instagram.com/hacked ဆိုတဲ့ Website Link ထဲကို ဝင်ရောက်ရမှာဖြစ်ပြီး Account က Hack ခံရတာလား၊ Disabled လုပ်ခံရတာလား၊ ဒါမှမဟုတ် Password မေ့သွားတာလားဆိုတာကိုရွေးချယ်ရမှာဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ Instagram ကနေ Account နဲ့သက်ဆိုင်တဲ့ မေးခွန်းတွေကို ဆက်လက်မေးမြန်းသွားမှာဖြစ်ပြီး မှန်ကန်တယ်ဆိုရင် ကိုယ့် Account ကိုပြန်လည်ရယူနိုင်အောင် ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။

Instagram ကတော့ အခုလိုမျိုး Hack ခံရပြီးမှ ပြန်လည်ရယူတာထက် Hack မခံရခင်ထဲက ကြိုတင်သိရှိပြီး ကာကွယ်နိုင်အောင်လည်း Feature တွေ ထပ်မံထုတ်ပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါဟာ ကိုယ့် Account ကို တခြားတစ်ယောက်ယောက်က Hack ဖို့ ကြိုးစားနေပြီဆိုရင် သတိပေးတာမျိုး၊ Account Security တွေကို ပြန်လည်စစ်ဆေးဖို့အသိပေးတာမျိုး ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Ref – The Verge