[Zawgyi]

Instagram ဟာ သူ႔ရဲ႕ Interface အတြက္ Dark Mode ကို စမ္းသပ္ေနခဲ့တာ အေတာ္ၾကာေနပါၿပီ။ Beta ဗားရွင္းကို အခ်ိဳ႕ေနရာေတြမွာ ထုတ္ေပးခဲ့ေပမယ့္ အခုေတာ့ အၿပီးသတ္ဗားရွင္ကို ကမာၻတစ္ဝန္းက Instagram သုံးစြဲသူအားလုံးအတြက္ ထုတ္ေပးႏိုင္ခဲ့ၿပီလို႔ သိရပါတယ္။

Android 10 အတြက္ Dark Mode စမ္းသပ္ေနတယ္ဆိုတဲ့သတင္းက ၿပီးခဲ့တဲ့ စက္တင္ဘာလ ေနာက္ဆုံးပတ္အတြင္းမွာ ထြက္ခဲ့ပါေသးတယ္။ အခုေတာ့ အမွန္တကယ္ ျဖစ္လာခဲ့တာပါ။ Instagram ရဲ႕ Dark Mode လုပ္ေဆာင္ခ်က္ကို iOS 13 နဲ႔ Android 10 အသုံးျပဳ စမတ္ဖုန္းေတြမွာ ရရွိႏိုင္ၿပီျဖစ္တဲ့အေၾကာင္း CEO Adam Mosseri က တြစ္တာမွာ ေရးသားေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။

Instagram ရဲ႕ Dark Mode ဟာ System-wide dark mode ေထာက္ပံ့ထားတဲ့ Android 9 ဖုန္းေတြမွာလည္း ေကာင္းမြန္စြာ အသုံးျပဳႏိုင္မယ္လို႔ သိရပါတယ္။ ဒီလုပ္ေဆာင္ခ်က္ဟာ ဟန္းဆက္ရဲ႕ Setting ထဲမွာ Dark Theme ကိုေ႐ြးခ်ယ္ထားရင္ အလိုအေလ်ာက္ အသက္ဝင္လာမယ္လို႔လည္း သိရပါတယ္။ App ရဲ႕ အဓိက လုပ္ေဆာင္မႈပိုင္းကေတာ့ အေျပာင္းအလဲ မရွိပါဘူး။

Dark Mode ေျပာင္းသြားတဲ့အခါ အနက္ေရာင္က မူလရွိေနတဲ့ အျဖဴေရာင္ေနရာေတြမွာ အစားထိုး ဝင္ေရာက္သြားမွာပဲ ျဖစ္ပါတယ္။ အသုံးျပဳသူအေနနဲ႔ အနက္ေရာင္ အႏုအရင့္ကိုလည္း စိတ္ႀကိဳက္ေ႐ြးခ်ယ္ႏိုင္ပါေသးတယ္။ အခုရက္ပိုင္းမွာေတာ့ ေဒသအခ်ိဳ႕က Instagram သုံးစြဲသူေတြမွာ ဒီလုပ္ေဆာင္ခ်က္ ရခ်င္မွ ရဦးမွာျဖစ္ေပမယ့္ Feature Update တင္ၿပီးခ်ိန္မွာေတာ့ အားလုံးတေျပးညီ ရရွိသြားမယ္လို႔ ယူဆရပါတယ္။

Ref: GSM Arena

[Unicode]

iOS နဲ့ Android တွေအတွက် Dark Mode ထုတ်ပေးနေပြီဖြစ်တဲ့ Instagram

Instagram ဟာ သူ့ရဲ့ Interface အတွက် Dark Mode ကို စမ်းသပ်နေခဲ့တာ အတော်ကြာနေပါပြီ။ Beta ဗားရှင်းကို အချို့နေရာတွေမှာ ထုတ်ပေးခဲ့ပေမယ့် အခုတော့ အပြီးသတ်ဗားရှင်ကို ကမ္ဘာတစ်ဝန်းက Instagram သုံးစွဲသူအားလုံးအတွက် ထုတ်ပေးနိုင်ခဲ့ပြီလို့ သိရပါတယ်။

Android 10 အတွက် Dark Mode စမ်းသပ်နေတယ်ဆိုတဲ့သတင်းက ပြီးခဲ့တဲ့ စက်တင်ဘာလ နောက်ဆုံးပတ်အတွင်းမှာ ထွက်ခဲ့ပါသေးတယ်။ အခုတော့ အမှန်တကယ် ဖြစ်လာခဲ့တာပါ။ Instagram ရဲ့ Dark Mode လုပ်ဆောင်ချက်ကို iOS 13 နဲ့ Android 10 အသုံးပြု စမတ်ဖုန်းတွေမှာ ရရှိနိုင်ပြီဖြစ်တဲ့အကြောင်း CEO Adam Mosseri က တွစ်တာမှာ ရေးသားဖော်ပြခဲ့တာ ဖြစ်ပါတယ်။

Instagram ရဲ့ Dark Mode ဟာ System-wide dark mode ထောက်ပံ့ထားတဲ့ Android 9 ဖုန်းတွေမှာလည်း ကောင်းမွန်စွာ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ ဟန်းဆက်ရဲ့ Setting ထဲမှာ Dark Theme ကိုရွေးချယ်ထားရင် အလိုအလျောက် အသက်ဝင်လာမယ်လို့လည်း သိရပါတယ်။ App ရဲ့ အဓိက လုပ်ဆောင်မှုပိုင်းကတော့ အပြောင်းအလဲ မရှိပါဘူး။

Dark Mode ပြောင်းသွားတဲ့အခါ အနက်ရောင်က မူလရှိနေတဲ့ အဖြူရောင်နေရာတွေမှာ အစားထိုး ဝင်ရောက်သွားမှာပဲ ဖြစ်ပါတယ်။ အသုံးပြုသူအနေနဲ့ အနက်ရောင် အနုအရင့်ကိုလည်း စိတ်ကြိုက်ရွေးချယ်နိုင်ပါသေးတယ်။ အခုရက်ပိုင်းမှာတော့ ဒေသအချို့က Instagram သုံးစွဲသူတွေမှာ ဒီလုပ်ဆောင်ချက် ရချင်မှ ရဦးမှာဖြစ်ပေမယ့် Feature Update တင်ပြီးချိန်မှာတော့ အားလုံးတပြေးညီ ရရှိသွားမယ်လို့ ယူဆရပါတယ်။

Ref: GSM Arena