[Zawgyi]

လူမႈကြန္ရက္ေပၚမွာ Content တစ္ခုတင္လိုက္ၿပီးရင္ Like ဘယ္ေလာက္ရတယ္ဆိုတာကိုၾကည့္ၿပီး ေက်နပ္ၾက၊ ဂုဏ္ယူၾက၊ ၿပိဳင္ဆိုင္ၾကတာ ယဥ္ေက်းမႈတစ္ရပ္လို ျဖစ္ေနပါၿပီ။ အထူးသျဖင့္ ဓါတ္ပုံ၊ ဗီဒီယိုေတြတင္တဲ့အခါမွာ Like အေရအတြက္က အဓိကဦးတည္ခ်က္တစ္ခုလိုကို ျဖစ္ေနတာပါ။

Instagram ကေတာ့ လာမယ့္ဧၿပီမွာ အေျခခံေျပာင္းလဲမႈကို ျပဳလုပ္မယ္လို႔ ေၾကညာလိုက္ပါတယ္။ ဒီေျပာင္းလဲမႈက တင္လိုက္တဲ့ ပို႔စ္တစ္ခုမွာ Like ဘယ္ေလာက္ရတယ္ဆိုတဲ့ အေရအတြက္ကို ဖုံးကြယ္ထားႏိုင္တဲ့ Feature ထည့္သြင္းမယ္ဆိုတာပါပဲ။ ကေနဒါက အသုံးျပဳသူေတြကေတာ့ ဒီ Feature ကို စမ္းသပ္အသုံးျပဳခြင့္ရခဲ့တယ္လို႔ သိရပါတယ္။

Instagram က ဒီေျပာင္းလဲမႈကို အမွန္တကယ္အေကာင္အထည္ေဖာ္မယ္၊ မေဖာ္ဘူးဆိုတာ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ေပမယ့္ ဒီ Feature ကို လအနည္းငယ္စမ္းသပ္အသုံးျပဳခြင့္ရခဲ့တဲ့ ကေနဒါက Instagram သုံးစြဲသူအေတာ္မ်ားမ်ားကေတာ့ ႏွစ္သက္လက္ခံၾကတယ္လို႔ The Verge ရဲ႕ ေဆာင္းပါးမွာ ေရးသားေဖာ္ျပထားပါတယ္။ အကယ္၍ အမွန္တကယ္ အေကာင္အထည္ေပၚခဲ့ရင္ေတာ့ Instagram အသုံးျပဳရတဲ့ ရည္႐ြယ္ခ်က္၊ အသုံးျပဳပုံျပဳနည္းက အေတာ္ေလးကို ေျပာင္းလဲသြားမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

“အခုလိုမ်ိဳး တင္လိုက္တဲ့ပို႔စ္မွာ Like ဘယ္ေလာက္ရလဲဆိုတာကို မေတြ႕ရေတာ့တဲ့အတြက္၊ တင္လိုက္တဲ့ အေၾကာင္းအရာရဲ႕ တကယ့္အရည္အေသြးစစ္စစ္ေပၚကိုပဲ ပိုၿပီးေတာ့ ရွင္းရွင္းလင္းလင္းနဲ႔ အာ႐ုံစိုက္လာမိတာကို ျပန္ေတြ႕လိုက္ရတယ္” လို႔ စမ္းသပ္အသုံးျပဳသူတစ္ဦးက ဖြင့္ဟခဲ့ပါတယ္။ အျခားသုံးစြဲသူတစ္ဦးကေတာ့ “အခ်က္အလက္ေတြကို ဖယ္ရွားလိုက္တာဟာ ဖိအားေတြကိုဖယ္ရွားဖို႔အတြက္ ေျဖရွင္းမႈတစ္ခုမဟုတ္ပါဘူး” လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

Instagram ကေတာ့ သူတို႔ရဲ႕ ရည္မွန္းခ်က္ပန္းတိုင္ဟာ အသုံးျပဳသူေတြကို “Like ဘယ္ေလာက္ရသလဲဆိုတာအေပၚမွာမဟုတ္ဘဲ၊ သူတို႔မွ်ေဝလိုက္တဲ့ ဓါတ္ပုံနဲ႔ဗီဒီယိုေတြေပၚမွာပဲ အဓိကထားေစခ်င္တာ” လို႔ ဆိုပါတယ္။ ကုမၸဏီဟာ ၿပီးခဲ့တဲ့တစ္ပတ္ကစၿပီး ဒီစမ္းသပ္မႈကို ေနာက္ထပ္ ၆ ႏိုင္ငံမွာ တိုးခ်ဲ႕ျပဳလုပ္ခဲ့ေသးတယ္လို႔ သိရပါတယ္။

Ref: The Verge

[Unicode]

Post တွေမှာ Like ဘယ်လောက်ရလဲဆိုတာကို မပြတော့ဘဲ ဖုံးကွယ်ထားဖို့ စမ်းသပ်နေတဲ့ Instagram

လူမှုကွန်ရက်ပေါ်မှာ Content တစ်ခုတင်လိုက်ပြီးရင် Like ဘယ်လောက်ရတယ်ဆိုတာကိုကြည့်ပြီး ကျေနပ်ကြ၊ ဂုဏ်ယူကြ၊ ပြိုင်ဆိုင်ကြတာ ယဉ်ကျေးမှုတစ်ရပ်လို ဖြစ်နေပါပြီ။ အထူးသဖြင့် ဓါတ်ပုံ၊ ဗီဒီယိုတွေတင်တဲ့အခါမှာ Like အရေအတွက်က အဓိကဦးတည်ချက်တစ်ခုလိုကို ဖြစ်နေတာပါ။

Instagram ကတော့ လာမယ့်ဧပြီမှာ အခြေခံပြောင်းလဲမှုကို ပြုလုပ်မယ်လို့ ကြေညာလိုက်ပါတယ်။ ဒီပြောင်းလဲမှုက တင်လိုက်တဲ့ ပို့စ်တစ်ခုမှာ Like ဘယ်လောက်ရတယ်ဆိုတဲ့ အရေအတွက်ကို ဖုံးကွယ်ထားနိုင်တဲ့ Feature ထည့်သွင်းမယ်ဆိုတာပါပဲ။ ကနေဒါက အသုံးပြုသူတွေကတော့ ဒီ Feature ကို စမ်းသပ်အသုံးပြုခွင့်ရခဲ့တယ်လို့ သိရပါတယ်။

Instagram က ဒီပြောင်းလဲမှုကို အမှန်တကယ်အကောင်အထည်ဖော်မယ်၊ မဖော်ဘူးဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပေမယ့် ဒီ Feature ကို လအနည်းငယ်စမ်းသပ်အသုံးပြုခွင့်ရခဲ့တဲ့ ကနေဒါက Instagram သုံးစွဲသူအတော်များများကတော့ နှစ်သက်လက်ခံကြတယ်လို့ The Verge ရဲ့ ဆောင်းပါးမှာ ရေးသားဖော်ပြထားပါတယ်။ အကယ်၍ အမှန်တကယ် အကောင်အထည်ပေါ်ခဲ့ရင်တော့ Instagram အသုံးပြုရတဲ့ ရည်ရွယ်ချက်၊ အသုံးပြုပုံပြုနည်းက အတော်လေးကို ပြောင်းလဲသွားမယ်လို့ မျှော်လင့်ရပါတယ်။

“အခုလိုမျိုး တင်လိုက်တဲ့ပို့စ်မှာ Like ဘယ်လောက်ရလဲဆိုတာကို မတွေ့ရတော့တဲ့အတွက်၊ တင်လိုက်တဲ့ အကြောင်းအရာရဲ့ တကယ့်အရည်အသွေးစစ်စစ်ပေါ်ကိုပဲ ပိုပြီးတော့ ရှင်းရှင်းလင်းလင်းနဲ့ အာရုံစိုက်လာမိတာကို ပြန်တွေ့လိုက်ရတယ်” လို့ စမ်းသပ်အသုံးပြုသူတစ်ဦးက ဖွင့်ဟခဲ့ပါတယ်။ အခြားသုံးစွဲသူတစ်ဦးကတော့ “အချက်အလက်တွေကို ဖယ်ရှားလိုက်တာဟာ ဖိအားတွေကိုဖယ်ရှားဖို့အတွက် ဖြေရှင်းမှုတစ်ခုမဟုတ်ပါဘူး” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

Instagram ကတော့ သူတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ဟာ အသုံးပြုသူတွေကို “Like ဘယ်လောက်ရသလဲဆိုတာအပေါ်မှာမဟုတ်ဘဲ၊ သူတို့မျှဝေလိုက်တဲ့ ဓါတ်ပုံနဲ့ဗီဒီယိုတွေပေါ်မှာပဲ အဓိကထားစေချင်တာ” လို့ ဆိုပါတယ်။ ကုမ္ပဏီဟာ ပြီးခဲ့တဲ့တစ်ပတ်ကစပြီး ဒီစမ်းသပ်မှုကို နောက်ထပ် ၆ နိုင်ငံမှာ တိုးချဲ့ပြုလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။

Ref: The Verge