[Zawgyi]

Instagram က သူ႔ရဲ႕ လူမႈကြန္ရက္မွာ ဆယ္ေက်ာ္သက္မ်ားအၾကားတြင္ အမုန္းစကားမ်ား၊ တိုက္ခိုက္မႈမ်ားကို ကာကြယ္ေပးမယ့္ လုပ္ေဆာင္ခ်က္မ်ားကို ထည့္သြင္းေပးလိုက္ပါတယ္။ အဲဒီ လုပ္ေဆာင္ခ်က္မ်ားကို ဥာဏ္ရည္တု နည္းပညာျဖင့္ ဖန္တီးထားတာ ျဖစ္ပါတယ္။ User တစ္ဦးက အမုန္းစကားမ်ားကို ကြန္းမန္႔မွာ ေရးသားတဲ့ အခါတြင္ App က ဒီကြန္းမန္႔ကို တကယ္ ေရးခ်င္တာလားလို႔ ေမးမွာပါ။ ဒါ့အျပင္ သူ႔ရဲ႕ အမုန္းစကား ကြန္းမန္႔နဲ႔ ပတ္သက္ၿပီး ျပန္လည္ စဥ္းစားဖို႔ ေျပာမွာပါ။ အျခား User မ်ားက အမုန္းစကားလို႔ သတ္မွတ္ထားတဲ့ စာသားမ်ားနဲ႔ သင့္ စာသားဟာ တူညီေနတယ္လို႔ သတိေပးမွာ ျဖစ္ပါတယ္။

Instagram က Restrict အမည္ရ လုပ္ေဆာင္ခ်က္ အသစ္တစ္ခုကိုလည္း ထည့္သြင္းေပးလိုက္ပါတယ္။ အဲဒီလုပ္ေဆာင္ခ်က္ကို User  တစ္ဦးအေပၚမွာ အသံုးျပဳရင္ အဲဒီ User ေရးတဲ့ ကြန္းမန္႔မ်ားကို သူကသာ ျမင္ရမွာျဖစ္ၿပီး အျခား User မ်ားက ျမင္ရမွာ မဟုတ္ပါဘူး။ သူက အျခား User မ်ား မျမင္ရတာကိုလည္း မသိႏုိင္ပါဘူး။ Restrict ကို User တစ္ဦး အေပၚမွာ အသံုးျပဳရင္သူက သင္ အြန္လိုင္းမွာ ရွိေနတာကိုလည္း မသိႏုိင္သလို သူ႔ရဲ႕ Messages ကို သင္ ဖတ္မိရင္လည္း သူက မသိႏုိင္ပါဘူး။

AI Recommendation လုပ္ေဆာင္ခ်က္ကို စတင္ ထည့္သြင္းေပးေနၿပီ ျဖစ္ၿပီး Restrict လုပ္ေဆာင္ခ်က္ကို မၾကာခင္မွာ ထည့္သြင္းေပးမွာ ျဖစ္ပါတယ္။ The Atlantic က လူငယ္မ်ားဟာ အမုန္းစကားမ်ား ေျပာဖို႔ သီးျခား အေကာင့္တစ္ခုကို အသံုးျပဳေနၾကတယ္လို႔ ၿပီးခဲ့တဲ့ ႏွစ္က ေဖာ္ျပထားပါတယ္။ အဲဒီ အေကာင့္မ်ားကို တိုင္ၾကားႏုိင္ေပမယ့္လည္း သူတို႔ရဲ႕ လုပ္ရပ္မ်ားကို ေစာင့္ၾကည့္ၿပီးမွ အေရးယူတဲ့ အတြက္ အခ်ိန္ ေစာင့္ဆုိင္းရပါတယ္။ အခု လုပ္ေဆာင္ခ်က္ အသစ္မ်ားက အမုန္းစကားမ်ားကို တိုက္ဖ်က္ဖို႔ အသံုး၀င္လာမွာ ျဖစ္ပါတယ္။

Ref : gsmarena, theverge

[Unicode]

Instagram က အမုန်းစကားများကို ကာကွယ်ပေးမယ့် AI လုပ်ဆောင်ချက်များကို ထည့်သွင်း

Instagram က သူ့ရဲ့ လူမှုကွန်ရက်မှာ ဆယ်ကျော်သက်များအကြားတွင် အမုန်းစကားများ၊ တိုက်ခိုက်မှုများကို ကာကွယ်ပေးမယ့် လုပ်ဆောင်ချက်များကို ထည့်သွင်းပေးလိုက်ပါတယ်။ အဲဒီ လုပ်ဆောင်ချက်များကို ဉာဏ်ရည်တု နည်းပညာဖြင့် ဖန်တီးထားတာ ဖြစ်ပါတယ်။ User တစ်ဦးက အမုန်းစကားများကို ကွန်းမန့်မှာ ရေးသားတဲ့ အခါတွင် App က ဒီကွန်းမန့်ကို တကယ် ရေးချင်တာလားလို့ မေးမှာပါ။ ဒါ့အပြင် သူ့ရဲ့ အမုန်းစကား ကွန်းမန့်နဲ့ ပတ်သက်ပြီး ပြန်လည် စဉ်းစားဖို့ ပြောမှာပါ။ အခြား User များက အမုန်းစကားလို့ သတ်မှတ်ထားတဲ့ စာသားများနဲ့ သင့် စာသားဟာ တူညီနေတယ်လို့ သတိပေးမှာ ဖြစ်ပါတယ်။

Instagram က Restrict အမည်ရ လုပ်ဆောင်ချက် အသစ်တစ်ခုကိုလည်း ထည့်သွင်းပေးလိုက်ပါတယ်။ အဲဒီလုပ်ဆောင်ချက်ကို User တစ်ဦးအပေါ်မှာ အသုံးပြုရင် အဲဒီ User ရေးတဲ့ ကွန်းမန့်များကို သူကသာ မြင်ရမှာဖြစ်ပြီး အခြား User များက မြင်ရမှာ မဟုတ်ပါဘူး။ သူက အခြား User များ မမြင်ရတာကိုလည်း မသိနိုင်ပါဘူး။ Restrict ကို User တစ်ဦး အပေါ်မှာ အသုံးပြုရင်သူက သင် အွန်လိုင်းမှာ ရှိနေတာကိုလည်း မသိနိုင်သလို သူ့ရဲ့ Messages ကို သင် ဖတ်မိရင်လည်း သူက မသိနိုင်ပါဘူး။

AI Recommendation လုပ်ဆောင်ချက်ကို စတင် ထည့်သွင်းပေးနေပြီ ဖြစ်ပြီး Restrict လုပ်ဆောင်ချက်ကို မကြာခင်မှာ ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။ The Atlantic က လူငယ်များဟာ အမုန်းစကားများ ပြောဖို့ သီးခြား အကောင့်တစ်ခုကို အသုံးပြုနေကြတယ်လို့ ပြီးခဲ့တဲ့ နှစ်က ဖော်ပြထားပါတယ်။ အဲဒီ အကောင့်များကို တိုင်ကြားနိုင်ပေမယ့်လည်း သူတို့ရဲ့ လုပ်ရပ်များကို စောင့်ကြည့်ပြီးမှ အရေးယူတဲ့ အတွက် အချိန် စောင့်ဆိုင်းရပါတယ်။ အခု လုပ်ဆောင်ချက် အသစ်များက အမုန်းစကားများကို တိုက်ဖျက်ဖို့ အသုံးဝင်လာမှာ ဖြစ်ပါတယ်။

Ref : gsmarena, theverge