ပြီးခဲ့တဲ့ရက်သတ္တပါတ်တွေတုန်းက Instagram ဟာ ဆယ်ကျော်သက်တွေအတွက် စိတ်ဒါဏ်ရာဖြစ်စေနိုင်တဲ့ Content တွေ၊ တခြားသော မသင့်လျော်တဲ့ Content တွေကိုပါ စီစစ်ခြင်းမရှိဘဲ ပြသနေတယ်ဆိုတာကို Facebook က သိရှိပြီးသားဖြစ်ပေမယ့် အရေးတယူဆောင်ရွက်မှုမရှိနေဘူးဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ အဲ့ဒီအတွက်လည်း သတင်းမီဒီယာတွေအပြင် သုံးစွဲသူတွေဆီကပါ ဝေဖန်မှုတွေခံခဲ့ရပါသေးတယ်။

အခုအချိန်မှာတော့ Facebook Global Affairs ရဲ့ Vice President ဖြစ်တဲ့ Nick Clegg ကနေ Instagram မှာ ဆယ်ကျော်သက်တွေအတွက် Feature ကို ထည့်သွင်းပေးသွားဖို့ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ အဆိုပါ Feature ကတော့ “Take a break” Feature ပဲဖြစ်ပြီး Instagram သုံးရတာ စွဲနေပီဖြစ်တဲ့ ဆယ်ကျော်သက်တွေအတွက် ခတ္တအသုံးပြုနေတာကနေ ရပ်ဆိုင်းဖို့ အသိပေးသွားမှာဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ Nick Clegg ရဲ့ ပြောကြားချက်အရ Instagram Kids အတွက်လည်း Feature တွေထည့်သွင်းပေးထားမှာဖြစ်ပြီး မိဘတွေကနေ ကိုယ့်ကလေးတွေ ဘာတွေအသုံးပြုနေသလဲဆိုတာကိုပါ စောင့်ကြည့်နိုင်အောင် ပြုလုပ်ပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အဆိုပါ Feature အသစ်တွေကို ဘယ်အချိန်မှာ ထုတ်ပေးသွားမလဲဆိုတာကိုတော့ အတိအကျပြောကြားခဲ့ခြင်းမရှိဘဲ မကြာခင်လို့ပဲ ပြောကြားခဲ့တာဖြစ်ပါတယ်။

Instagram ဟာ လက်ရှိအချိန်မှာ အဓိကအနေနဲ့ ဓါတ်ပုံတွေ၊ Stories တွေမျှဝေတဲ့ လူသုံးအများဆုံး Social Media Platform တစ်ခုဖြစ်ပြီး Feature အသစ်တွေလည်း ဆက်တိုက်ကို ထည့်သွင်းနေတာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အခုလို “Take a break” လိုမျိုး Feature တွေက အသုံးပြုသူတွေကို အနည်းနဲ့အများပြန်ပြီး ထိန်းညှိနိုင်စေမှာပါ။

Ref – The Verge