[Zawgyi]

Instagram ရဲ႕ ဆယ္လီတစ္ဦး ျဖစ္သူ Bianca Devins ဟာ တနဂၤေႏြေန႔ နံနက္ပိုင္းက အသတ္ခံခဲ့ရၿပီး သူမရဲ႕ ေသြးထြက္သံယို ရုပ္အေလာင္း ဓါတ္ပံုမ်ားဟာ အြန္လိုင္းမွာ ပံ်႕ႏွံ႔သြားခဲ့ပါတယ္။ အသက္ ၁၇ ႏွစ္အရြယ္ သူမရဲ႕ ရုပ္အေလာင္းကို နယူးေယာက္မွ Utica ရွိ ကားတစ္စီး အနားမွာ ရဲမ်ားက ရွာေဖြေတြ႕ရွိခဲ့ပါတယ္။ သူမနဲ႔ အတူ ဒဏ္ရာ ျပင္းထန္စြာ ရထားတဲ့ လူငယ္တစ္ဦးကိုလည္း ေတြ႕ခဲ့ရပါတယ္။ သူကေတာ့ အသက္ ၂၁ ႏွစ္အရြယ္ Brandon Andrew Clark ျဖစ္တယ္လို႔ ရဲမ်ားက စံုစမ္းသိရွိခဲ့ပါတယ္။

Clark နဲ႔ Devins တို႔ဟာ အင္စတာဂရမ္မွာ ေတြ႕ခဲ့ၾကတာပါ။ ၂ လအၾကာမွာ အျပင္မွာ ခ်ိန္းေတြ႕ခဲ့ၾကပါတယ္။ သူတို႔ရဲ႕ မိသားစုမ်ားနဲ႔ေတာင္ အျပန္အလွန္ ေတြ႕ခဲ့ၿပီးၾကပါၿပီ။ ဒါေပမယ့္ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔ အေစာပိုင္းမွာ Clark က သူမရဲ႕ ရုပ္အေလာင္း ဓါတ္ပံုကို အင္စတာဂရမ္မွာ တင္ခဲ့ပါတယ္။ ပို႔စ္မွာ “ I’m sorry Bianca “ လို႔ ေရးသားထားပါတယ္။

Clark ရဲ႕ ဓါတ္ပံုကို အင္စတာဂရမ္မွာ ေတြ႕တဲ့ လူေတြက ရဲကို အေၾကာင္းၾကားခဲ့ပါတယ္။ သိပ္မၾကာခင္မွာပဲ Clark က 911 ကို ဖုန္းဆက္ၿပီး သူ႔ျပစ္မႈကို သတင္းေပးခဲ့ပါတယ္။ သူ႔ကို ဒုတိယ အဆင့္ လူသတ္မႈနဲ႔ တရားစြဲထားပါတယ္။

Devins ရဲ႕ ရုပ္အေလာင္း ဓါတ္ပံုဟာ တနဂၤေႏြည အထိ အင္စတာဂရမ္မွာ ရွိေနတဲ့ အတြက္ တစ္ကမာၻလံုးက ျမင္ခဲ့ၾကပါတယ္။ အင္စတာဂရမ္ရဲ႕ Content Filter Software က အဲဒီပံုကို Blur လုပ္ခဲ့ၿပီး ပံုကို ၾကည့္ရဲသူမ်ားအတြက္ Option ကို ျပဳလုပ္ေပးထားပါတယ္။ တကယ္ဆို လူသတ္ထားတဲ့ ဓါတ္ပံုကို အျမန္ဖ်က္ပစ္ရမွာပါ။ တနလၤာေန႔ မနက္ညမွ အင္စတာဂရမ္က Clark ရဲ႕ အေကာင့္နဲ႔ ဓါတ္ပံုကို ဖယ္ရွားခဲ့ၿပီး Share ထားတာေတြကိုလည္း လိုက္ဖ်က္ခဲ့ပါတယ္။ ဒါေပမယ့္ အခ်ိန္မ်ားစြာ ေႏွာင့္ေႏွးၿပီးမွ ဖ်က္လိုက္ႏုိင္တဲ့အတြက္ အင္စတာဂရမ္ဟာ အာဏာပိုင္မ်ားရဲ႕ စံုစမ္းစစ္ေဆးမႈမ်ားကို ခံရႏုိင္ပါတယ္။

Ref : abc.net

[Unicode]

ချစ်သူ ကောင်လေးက သူ့ကောင်မလေးကို သတ်ပြီး ဓါတ်ပုံကို Instagram ပေါ် တင်ခဲ့

Instagram ရဲ့ ဆယ်လီတစ်ဦး ဖြစ်သူ Bianca Devins ဟာ တနင်္ဂနွေနေ့ နံနက်ပိုင်းက အသတ်ခံခဲ့ရပြီး သူမရဲ့ သွေးထွက်သံယို ရုပ်အလောင်း ဓါတ်ပုံများဟာ အွန်လိုင်းမှာ ပံျ့နှံ့သွားခဲ့ပါတယ်။ အသက် ၁၇ နှစ်အရွယ် သူမရဲ့ ရုပ်အလောင်းကို နယူးယောက်မှ Utica ရှိ ကားတစ်စီး အနားမှာ ရဲများက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သူမနဲ့ အတူ ဒဏ်ရာ ပြင်းထန်စွာ ရထားတဲ့ လူငယ်တစ်ဦးကိုလည်း တွေ့ခဲ့ရပါတယ်။ သူကတော့ အသက် ၂၁ နှစ်အရွယ် Brandon Andrew Clark ဖြစ်တယ်လို့ ရဲများက စုံစမ်းသိရှိခဲ့ပါတယ်။

Clark နဲ့ Devins တို့ဟာ အင်စတာဂရမ်မှာ တွေ့ခဲ့ကြတာပါ။ ၂ လအကြာမှာ အပြင်မှာ ချိန်းတွေ့ခဲ့ကြပါတယ်။ သူတို့ရဲ့ မိသားစုများနဲ့တောင် အပြန်အလှန် တွေ့ခဲ့ပြီးကြပါပြီ။ ဒါပေမယ့် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ အစောပိုင်းမှာ Clark က သူမရဲ့ ရုပ်အလောင်း ဓါတ်ပုံကို အင်စတာဂရမ်မှာ တင်ခဲ့ပါတယ်။ ပို့စ်မှာ “ I’m sorry Bianca “ လို့ ရေးသားထားပါတယ်။

Clark ရဲ့ ဓါတ်ပုံကို အင်စတာဂရမ်မှာ တွေ့တဲ့ လူတွေက ရဲကို အကြောင်းကြားခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ Clark က 911 ကို ဖုန်းဆက်ပြီး သူ့ပြစ်မှုကို သတင်းပေးခဲ့ပါတယ်။ သူ့ကို ဒုတိယ အဆင့် လူသတ်မှုနဲ့ တရားစွဲထားပါတယ်။

Devins ရဲ့ ရုပ်အလောင်း ဓါတ်ပုံဟာ တနင်္ဂနွေည အထိ အင်စတာဂရမ်မှာ ရှိနေတဲ့ အတွက် တစ်ကမ္ဘာလုံးက မြင်ခဲ့ကြပါတယ်။ အင်စတာဂရမ်ရဲ့ Content Filter Software က အဲဒီပုံကို Blur လုပ်ခဲ့ပြီး ပုံကို ကြည့်ရဲသူများအတွက် Option ကို ပြုလုပ်ပေးထားပါတယ်။ တကယ်ဆို လူသတ်ထားတဲ့ ဓါတ်ပုံကို အမြန်ဖျက်ပစ်ရမှာပါ။ တနင်္လာနေ့ မနက်ညမှ အင်စတာဂရမ်က Clark ရဲ့ အကောင့်နဲ့ ဓါတ်ပုံကို ဖယ်ရှားခဲ့ပြီး Share ထားတာတွေကိုလည်း လိုက်ဖျက်ခဲ့ပါတယ်။ ဒါပေမယ့် အချိန်များစွာ နှောင့်နှေးပြီးမှ ဖျက်လိုက်နိုင်တဲ့အတွက် အင်စတာဂရမ်ဟာ အာဏာပိုင်များရဲ့ စုံစမ်းစစ်ဆေးမှုများကို ခံရနိုင်ပါတယ်။

Ref : abc.net