Instagram ဟာ ထုတ်ကုန်သစ်ပွဲထုတ်ရေးရက်သတ္တပတ်ကိုစတင်ခဲ့ပြီးနောက် “Collabs” ဆိုတဲ့နာမည်နဲ့ Feature သစ်ကို ပြသခဲ့ပါတယ်။ လုပ်ဆောင်ချက်အသစ်ဟာ Feed post ဒါမှမဟုတ် Reel တစ်ခုကို ပိုင်ရှင်အပြင်အခြားတစ်ယောက်ကို ပူးတွဲပြီး Share လုပ်ခွင့်ပေးလိုက်တာ ဖြစ်ပါတယ်။

ဒီရက်ထဲမှာပဲ ပို့စ်မှာ Nonprofit fundraiser ကိုထပ်ပေါင်းထည့်တဲ့နည်းလမ်း စမ်းသပ်မှာဖြစ်ပါတယ်။ ဒါပြီးရင်တော့ ဒီရက်သတ္တပတ်နောက်ဆုံးရက်လောက်မှာ Desktop မှာ ဓါတ်ပုံ၊ ဗီဒီယိုပို့စ်တွေ ဖန်တီးနိုင်မဲ့စွမ်းရည်ကို ထုတ်လွှတ်မှာဖြစ်သလို Reel အတွက် Music-focused effects ကို ဖြန့်ချိမယ်လို့ သိရပါတယ်။

“Collabs” features သစ်ဟာ အကောင့်နှစ်ခုကို ပို့စ်တစ်ခု၊ ဒါမှမဟုတ် Reel တစ်ခုကို Co-author ပြုလုပ်ခွင့်ပေးပါတယ်။ ပို့စ် ဒါမှမဟုတ် Reel ဟာ ပူးတွဲထားသူနှစ်ဦးလုံးရဲ့ Follower တွေဆီမှာ ပေါ်လာမှာဖြစ်ပြီး Comment တွေကိုလည်း အတူတကွမြင်တွေ့ရမှာဖြစ်ပါတယ်။ အလားတူပဲ Like အရေအတွက်နဲ့ View အရေအတွက်ကိုလည်း အတူတကွ ပေါ်နေမှာ ဖြစ်ပါတယ်။

“Collabs” တွေကို Tagging screen ကနေဖွင့်ရပြီး ဒုတိယအကောင့်ကတော့ Invite လုပ်တာကို လက်ခံရရှိမှာ ဖြစ်ပါတယ်။ ဒီနှစ်အစောပိုင်းစမ်းသပ်မှုအရ သုံးစွဲသူတွေဟာ Desktop browser ကနေ ဓါတ်ပုံတွေနဲ့ ဗီဒီယိုတွေကိုတင်ခွင့်ပြုလာမယ်လို့ သိရပါတယ်။ ဒီလုပ်ဆောင်နိုင်စွမ်းကို ဒီနှစ်အစောပိုင်းကတည်းက စမ်းသပ်ခဲ့တာလည်း ဖြစ်ပါတယ်။

Ref: The Verge