Instagram ဟာ အခုနောက်ပိုင်းမှာ Feature အသစ်တွေကို ဆက်တိုက်ထည့်သွင်းနေပြီး ဓါတ်ပုံအပြင် Video တွေအသုံးပြုနိုင်တဲ့ Social Media Platform တွေထဲမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေတာဖြစ်ပါတယ်။ အထူးသဖြင့် TikTok ကို ယှဥ်ပြိုင်ဖို့အတွက် မိတ်ဆက်ထားတဲ့ Instagram Reels Feature ဟာ အခုအချိန်မှာ အသုံးပြုသူတွေများပြားနေပြီလို့တောင် ပြောလို့ရပါတယ်။

အခုလည်း Instagram ကနေ အသုံးပြုသူတွေအတွက် အသုံးဝင်တဲ့ Feature အသစ်တစ်ခုကို ထပ်မံအဆင့်မြှင့်တင်ပေးတော့မှာဖြစ်ပါတယ်။ ဒါကတော့ Instagram ရဲ့ လက်ရှိ Search Feature ကို လုံးဝပြောင်းလဲလိုက်မှာဖြစ်ပြီး TikTok နဲ့ ပုံစံဆင်တူသွားမယ်လို့ သိရပါတယ်။

အဲ့ဒါကြောင့် Instagram မှာနောက်ပိုင်း Search နဲ့ ရှာဖွေမှုတွေပြုလုပ်မယ်ဆိုရင် အရင်ဆုံးလိုက်ဖက်တဲ့ ဓါတ်ပုံတွေနဲ့ Post တွေကို “Top” ဆိုတဲ့ Section အောက်မှာ ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ Accounts တွေ၊ Audio နဲ့ တခြား Tags ၊ Places တွေကိုပါ သီးသန့် Section အနေနဲ့ ရှာဖွေပေးနိုင်မှာဖြစ်ပါတယ်။

Instagram ရဲ့ ပြောကြားချက်အရတော့ အခု Search ကို အဆင့်မြှင့်တင်မှုဟာ အဓိကအနေနဲ့ Visual Content တွေကို ပိုပြီး ပြသနိုင်အောင် ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ ဥပမာအားဖြင့် Space လို့ ရိုက်ရှာလိုက်မယ်ဆိုရင် အလိုအလျောက် Space နဲ့ သက်ဆိုင်တဲ့ ဓါတ်ပုံတွေ၊ Visual Content တွေကို ဦးစားပေးဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ဒါက လက်ရှိ Instagram Search Feature ကို အသုံးပြုတာထက် အများကြီးပိုမိုမြန်ဆန် လွယ်ကူသွားစေမှာပါ။

ဘာပဲဖြစ်ဖြစ် လောလောဆယ်မှာ Instagram Search ဟာ တချို့သော စကားလုံးတွေမှာတော့ အမြဲတမ်းမှန်ကန်တဲ့ Visual Content တွေကို ပြသပေးနိုင်ဦးမှာမဟုတ်သေးဘူးလို့ သိရပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာ ပိုပြီးအဆင်ပြေအောင် ဆောင်ရွက်ပေးသွားမယ့်အပြင် ဘာသာစကားကိုလက်ရှိ English အပြင် တခြားသော ဘာသာစကားတွေနဲ့ပါ အသုံးပြုနိုင်အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

Ref – The Verge