Intel ကနေ အခုအချိန်မှာ Laptop တွေအတွက် 11th Gen Tiger Lake Processor တွေကို တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ 11th Gen Processor တွေဟာ ပြီးခဲ့တဲ့ 10th Gen Ice Lake Processor တွေထက် အထူးသဖြင့် GPU ပိုင်းမှာ သိသိသာသာပိုပြီး စွမ်းဆောင်ရည်ကောင်းမွန်လာမှာဖြစ်ပါတယ်။

 

ဒါကလည်း Intel 11th Gen Tiger Lake Processor တွေဟာ Integrated Xe Graphics တွေကို ပြောင်းလဲအသုံးပြုလိုက်တာကြောင့်ဖြစ်ပြီး Thunderbolt 4 Support ၊ Wi-Fi 6 တို့ကိုလည်း Support ပေးသွားဦးမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Battery Life ပိုင်းမှာလည်း ပိုကြာရှည်ခံလာမယ့်အတွက် Thin & Light Laptop တွေအတွက် အကောင်းဆုံး Processor တွေဖြစ်လာမယ်လို့ ကြေညာခဲ့ပါတယ်။

အဆိုပါ 11th Gen Tiger Lake Processor တွေထဲမှာ 4-Core ၊ 8-Thread အမျိုးအစားဖြစ်တဲ့ Core i7-1185G7 Processor က အကောင်းဆုံးဖြစ်ပြီး Intel Iris Xe Graphic အပြင် အမြင့်ဆုံး Clock Speed အနေနဲ့ 4.8GHz အထိရရှိမှာဖြစ်ပါတယ်။ ကျန်တဲ့ 11th Gen Tiger Lake Processor တွေကိုတော့ အောက်မှာကြည့်ရှုနိုင်မှာပါ။

ဘာပဲဖြစ်ဖြစ် အခု 11th Gen Tiger Lake CPU တွေဟာ Ultrabook တွေအတွက် Nvidia Geforce MX350 လိုမျိုး သီးသန့် Graphic Card နဲ့ ယှဥ်ရင်တောင် ပိုကောင်းတဲ့ Graphic ပိုင်းစွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်မှာဖြစ်သလို ပိုပြီးလည်း ပါးလွှာတဲ့ Ultrabook တွေကို ထုတ်လုပ်နိုင်စေမှာဖြစ်ပါတယ်။ ဒီ 11th Gen CPU တွေကို အသုံးပြုထားတဲ့ Laptop တွေကိုတော့ ယခုနှစ်မကုန်ခင်မှာ စတင်မြင်တွေ့ရမယ်လို့ သိရပါတယ်။

အခု 11th Gen Tiger Lake CPU တွေဟာ Laptop စျေးကွက်မှာ AMD Ryzen Processor တွေကိုလည်း အထိနာစေမယ်လို့ ယူဆရပါတယ်။

Ref – The Verge