လက်ရှိအချိန်ဟာ Chip ရှားပါးမှုရဲ့ အလယ်ခေါင်ကိုရောက်နေပြီး၊ ဒီရှားပါးမှုရဲ့နောက်ဆက်တွဲကို စတင်ခံစားနေရတာကတော့ automobile and consumer electronic manufacturers တွေပဲ ဖြစ်ပါတယ်။ သူတို့နောက်မှာမှ စားသုံးသူတွေက ခံစားကြရမှာပါ။

Bloomberg နဲ့ အင်တာဗျူးမှာ Intel CEO Pat Gelsinger ပြောခဲ့တာကတော့ ဒီလို Chip ပြတ်လပ်မှုဟာ ဒီနှစ်ကုန်ပိုင်းအထိဆက်ဖြစ်နေဦးမယ်ဆိုတာပါပဲ။ ရောင်းအားဝယ်အားဂရပ်ဖ်ကလည်း ၂၀၂၃ အထိ ပုံမှန်အတိုင်းပြန်ဖြစ်မယ်လို့ မမျှော်လင့်ထားဘူးလို့ Gelsinger က ပြောခဲ့ပါသေးတယ်။

Chip ထုတ်လုပ်မှုတွေဟာ ၂၀၂၃ ခုနှစ်အထိ ကောင်းမွန်တဲ့ရောင်းလိုအားနဲ့ ဝယ်လိုအားအခြေအနေကို ပြန်ရောက်ဖို့ မျှော်လင့်မထားကြောင်း၊ စက်မှုလုပ်ငန်းမျိုးစုံအနေနဲ့ ပြန်ကောင်းမလာခင်အချိန်ထိ ပိုပြီးဆိုးရွားတဲ့အခြေအနေကို ကြုံရဦးမယ်လို့မျှော်လင့်ထားကြောင်း Glsinger က ဆိုပါတယ်။

Apple လိုကုမ္ပဏီမျိုးက ကိုယ်ပိုင် Chips ဒီဇိုင်းရေ:ဆွဲပြီးပေမဲ့ ကိုယ်တိုင်ထုတ်လုပ်ဖို့အတွက်စက်ရုံမရှိတာကြောင့် ကမ္ဘာ့အကြီးဆုံးကန်ထရိုက်ကုမ္ပဏီဖြစ်တဲ့ Taiwan Semiconductor Manufacturing Company limited (TSMC Ltd.) ဆီမှာ အပ်နှံထုတ်လုပ်ရတာပါ။ Intel ဟာ ကိုယ်ပိုင်ထုတ်လုပ်မှုစက်ရုံတွေပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ဒါကြောင့် ထုတ်လုပ်မှုပိုင်းမှာ အခြားစက်ရုံဆီသွားထုတ်ရတဲ့ ကုမ္ပဏီတွေထက် ဝယ်လိုအားကိုအမီလိုက်နိုင်တယ်လို့ Gelsinger က ဆိုပါတယ်။

လက်ရှိအချိန်မှာ ဘယ်လိုပဲဖြစ်ဖြစ်၊ 5G စမတ်ဖုန်း၊ AI နဲ့ လျှပ်စစ်ကားတွေ ဝယ်လိုအားတက်လာတာကြောင့် လာမဲ့ ၁၀ နှစ်အတွင်း Chip ဝယ်လိုအားလည်း ဆက်ပြီးမြင့်တက်နေဦးမယ်လို့ Gelsinger က သုံးသပ်ထားပါတယ်။

Ref: Phone Arena