[Zawgyi]

Apple ရဲ႕ 5G စမတ္ဖုန္းဟာ လာမယ့္ ၂၀၂၀ မွသာ ေဈးကြက္ထဲေရာက္ရွိမယ္ဆိုတာကို အေစာႀကီးကတည္းက သိၿပီးထားၾကမယ္ထင္ပါတယ္။ ဒီသတင္းေတြက နည္းပညာနယ္ပယ္က ကြၽမ္းက်င္သူေတြ ခန႔္မွန္းတြက္ခ်က္ေဖာ္ျပခဲ့ၾကတာ ျဖစ္ၿပီး တိက်ေသခ်ာတဲ့ အေထာက္အထားေတာ့ မရွိခဲ့ပါဘူး။

ဒါေပမယ့္ Reuters က Intel ရဲ႕ Executive တစ္ဦးနဲ႔ ျပဳလုပ္ခဲ့တဲ့ေတြ႕ဆုံေမးျမန္းမႈတစ္ခုအရ Apple ရဲ႕ 5G စမတ္ဖုန္းေတြဟာ ၂၀၂၀ မွသာ ထြက္ေပၚလာမယ္ဆိုတာကို ေသခ်ာတဲ့ အတည္ျပဳမႈရရွိၿပီ ျဖစ္ပါတယ္။ သတင္းေဖာ္ျပခ်က္အရ Intel ရဲ႕ 5G Modem Chips ေတြဟာ ၂၀၂၀ မတိုင္မီအထိ ဘယ္စမတ္ဖုန္းထဲမွာမွ ျမင္ေတြ႕ရမွာ မဟုတ္ဘူးလို႔ သိရွိလိုက္ရတာပါ။

အျဖစ္အပ်က္ေတြကို ျပန္လည္ၾကည့္ရႈမယ္ဆိုရင္ Apple ဟာ Qualcomm နဲ႔ ျဖစ္ပြားခဲ့တဲ့ မူပိုင္ခြင့္ျပႆနာေတြေၾကာင့္ သူတို႔ရဲ႕ လာမယ့္ ၂၀၁၉ iPhone ေတြမွာ Qualcomm ရဲ႕ Chipset ေတြကို လုံးဝအသုံးျပဳေတာ့မွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ ကိုယ္တိုင္ Modem မထုတ္ႏိုင္ေသးသ၍ Intel နဲ႔ပဲ ဆက္ၿပီး လက္တြဲသြားရဦးမွာ ျဖစ္ပါတယ္။

Intel Networking Chips ရဲ႕ Chief ျဖစ္တဲ့ Sandra Rivera က ဒီႏွစ္ထဲမွာေတာ့ နမူနာ 5G Modems ေတြကို ေတြ႕ျမင္ရဖို႔ ေမွ်ာ္လင့္ႏိုင္တယ္လို႔ဆိုပါတယ္။ ဒါေၾကာင့္ ၂၀၂၀ မတိုင္မီ Intel ရဲ႕ 5G Modem ေတြကို ဘယ္ဖုန္းထဲမွာမွ ေတြ႕ရမွာ မဟုတ္ဘူးလို႔ ေျပာတာပါ။

Apple ရဲ႕ ပထမဆုံး 5G ဖုန္းဟာ Intel ရဲ႕ 10nm 8161 Modem Chip ကို အသုံးျပဳဖြယ္ ရွိေနပါတယ္။ Apple အေနနဲ႔ 5G စမတ္ဖုန္းနဲ႔ 5G ေဈးကြက္ထဲကို ဝင္ေရာက္ဖို႔ ေနာက္က်တယ္ဆိုေပမယ့္ တကယ္တမ္း တြက္ဆၾကည့္လိုက္ရင္ေတာ့ အမ်ားႀကီး ေနာက္က်တယ္လို႔ မဆိုႏိုင္တဲ့ အေနအထား ျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ 5G ကြန္ရက္ ျဖန႔္က်က္မႈ အေျခအေနေၾကာင့္ 5G စမတ္ဖုန္းေတာင္းဆိုမႈအျမင္ဆုံးအခ်ိန္က ၂၀၂၀ ေလာက္မွ ျဖစ္လာႏိုင္ဖြယ္ ရွိလို႔ပဲ ျဖစ္ပါတယ္။

Ref: Android Authority

[Unicode]

5G Modem နဲ့ iPhone တွေဟာ ၂၀၂၀ မှထွက်မယ်ဆိုတာ Intel အတည်ပြု

Apple ရဲ့ 5G စမတ်ဖုန်းဟာ လာမယ့် ၂၀၂၀ မှသာ ဈေးကွက်ထဲရောက်ရှိမယ်ဆိုတာကို အစောကြီးကတည်းက သိပြီးထားကြမယ်ထင်ပါတယ်။ ဒီသတင်းတွေက နည်းပညာနယ်ပယ်က ကျွမ်းကျင်သူတွေ ခန့်မှန်းတွက်ချက်ဖော်ပြခဲ့ကြတာ ဖြစ်ပြီး တိကျသေချာတဲ့ အထောက်အထားတော့ မရှိခဲ့ပါဘူး။

ဒါပေမယ့် Reuters က Intel ရဲ့ Executive တစ်ဦးနဲ့ ပြုလုပ်ခဲ့တဲ့တွေ့ဆုံမေးမြန်းမှုတစ်ခုအရ Apple ရဲ့ 5G စမတ်ဖုန်းတွေဟာ ၂၀၂၀ မှသာ ထွက်ပေါ်လာမယ်ဆိုတာကို သေချာတဲ့ အတည်ပြုမှုရရှိပြီ ဖြစ်ပါတယ်။ သတင်းဖော်ပြချက်အရ Intel ရဲ့ 5G modem chips တွေဟာ ၂၀၂၀ မတိုင်မီအထိ ဘယ်စမတ်ဖုန်းထဲမှာမှ မြင်တွေ့ရမှာ မဟုတ်ဘူးလို့ သိရှိလိုက်ရတာပါ။

အဖြစ်အပျက်တွေကို ပြန်လည်ကြည့်ရှုမယ်ဆိုရင် Apple ဟာ Qualcomm နဲ့ ဖြစ်ပွားခဲ့တဲ့ မူပိုင်ခွင့်ပြဿနာတွေကြောင့် သူတို့ရဲ့ လာမယ့် ၂၀၁၉ iPhone တွေမှာ Qualcomm ရဲ့ Chipset တွေကို လုံးဝအသုံးပြုတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်တိုင် Modem မထုတ်နိုင်သေးသ၍ Intel နဲ့ပဲ ဆက်ပြီး လက်တွဲသွားရဦးမှာ ဖြစ်ပါတယ်။

Intel networking chips ရဲ့ Chief ဖြစ်တဲ့ Sandra Rivera က ဒီနှစ်ထဲမှာတော့ နမူနာ 5G modems တွေကို တွေ့မြင်ရဖို့ မျှော်လင့်နိုင်တယ်လို့ဆိုပါတယ်။ ဒါကြောင့် ၂၀၂၀ မတိုင်မီ Intel ရဲ့ 5G modem တွေကို ဘယ်ဖုန်းထဲမှာမှ တွေ့ရမှာ မဟုတ်ဘူးလို့ ပြောတာပါ။

Apple ရဲ့ ပထမဆုံး 5G ဖုန်းဟာ Intel ရဲ့ 10nm 8161 Modem chip ကို အသုံးပြုဖွယ် ရှိနေပါတယ်။ Apple အနေနဲ့ 5G စမတ်ဖုန်းနဲ့ 5G ဈေးကွက်ထဲကို ဝင်ရောက်ဖို့ နောက်ကျတယ်ဆိုပေမယ့် တကယ်တမ်း တွက်ဆကြည့်လိုက်ရင်တော့ အများကြီး နောက်ကျတယ်လို့ မဆိုနိုင်တဲ့ အနေအထား ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ 5G ကွန်ရက် ဖြန့်ကျက်မှု အခြေအနေကြောင့် 5G စမတ်ဖုန်းတောင်းဆိုမှုအမြင်ဆုံးအချိန်က ၂၀၂၀ လောက်မှ ဖြစ်လာနိုင်ဖွယ် ရှိလို့ပဲ ဖြစ်ပါတယ်။

Ref: Android Authority