Intel ဟာ Entry-level range အတွက် သိသာထင်ရှားတဲ့ အရှိန်မြှင့်တင်မှုတွေပြုလုပ်နေပြီး သူ့ရဲ့ CPU line up ကို Update လုပ်နေပါတယ်။ ကုမ္ပဏီဟာ မကြာသေးခင်ကပဲ Intel processor အသစ်ကို ထုတ်ပြန်ကြေညာပြီး ဖြန့်ချိခဲ့ပါသေးတယ်။ ဒီထုတ်ကုန်သစ်ဟာ အမေရိကန်အမှတ်တံဆိပ်အတွက် လက်ရွေးစင် CPU တွေကို ထပ်ပြီးတိုးချဲ့လိုက်တာဖြစ်ပြီး Entry-level PC တွေမှာ အသုံးပြုမှာ ဖြစ်ပါတယ်။

Processor အသစ်နဲ့ ဈေးနှုန်းချိုသာတဲ့ လက်ပ်တော့တွေဟာ ၂၀၂၃ ခုနှစ် ဒုတိယနှစ်ဝက်မှာ ဈေးကွက်ကို ရောက်ရှိမယ်လို့ မျှော်လင့်ရပါတယ်။ တစ်ဖက်မှာတော့ အမေရိကန်ကုမ္ပဏီဟာ သူ့ရဲ့ အမှတ်တံဆိပ်နှစ်ခုဖြစ်တဲ့ Pentium နဲ့ Celeron တွေကို Intel Processor သစ်နဲ့ အစားထိုးနေတာလည်း ဖြစ်ပါတယ်။ အထူးသဖြင့် Entry-level PC ဈေးကွက်ရဲ့ စံထုတ်ကုန်အသစ်ဟာ Intel Processor အဖြစ် ဖန်တီးနေတာပါ။

ရလဒ်အနေနဲ့ ၂၀၂၃ ခုနှစ်မှာ စတင်ရောင်းချမဲ့ Low-end laptops တွေမှာ Celeron နဲ့ Pentium CPU တွေကို အသုံးပြုတော့မှာမဟုတ်ဘဲ အသစ်ထုတ်လိုက်တဲ့ Intel Processor ကိုပဲ အသုံးပြုတော့မှာ ဖြစ်ပါတယ်။ Notebook ဈေးကွက်အရတော့ နောက်ဆုံးမျိုးဆက်ကို ရနိုင်ဖွယ်မရှိသေးပါဘူး။ Processor ဟာ Intel Core မိသားစုအောက်မှာ ဆက်လက် အစားထိုးသွားမယ်လို့ သိရပါတယ်။ ကုမ္ပဏီဟာ 13th generation ကို မိတ်ဆက်ခြင်းနဲ့အတူ Mid-range နဲ့ High-end Laptop နဲ့ Desktop ဈေးကွက်တွေမှာတော့ စံအဖြစ် ရှိနေမှာဖြစ်ပါတယ်။

Intel ရဲ့ အဆိုအရ Intel Processor အမှတ်တံဆိပ်သစ်မှာ Product families အများအပြား ပါဝင်တယ်လို့ သိရပါတယ်။ သုံးစွဲသူတွေရဲ့ ဝယ်ယူမှုအတွေ့အကြုံတွေ ချောမွေ့စေဖို့အတွက် ကုမ္ပဏီရဲ့ဗျူဟာမှာ သိသာထင်ရှားတဲ့ တိုးတက်မှုဖြစ်ပေါ်လာတယ်လို့ပဲ ဆိုရမှာဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိထုတ်ကုန်အမျိုးအစားနဲ့ ကုမ္ပဏီရဲ့ ရေရှည်အစီအမံတွေဟာ Processor သစ်ကိုမိတ်ဆက်ခြင်းကြောင့် ထိခိုက်မှုမရှိဘူးလို့လည်း သိရပါတယ်။

လက်ရှိအချိန်မှာတော့ Intel ဟာ ထုတ်ကုန်အသစ်ရဲ့ Specs တွေနဲ့ပတ်သက်ပြီး အချက်အလက် တစ်စုံတရာကို ထုတ်ပြန်ခြင်းမပြုသေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် လာမဲ့နှစ်မှာရောင်းချမဲ့ အနိမ့်ဆုံးလက်ပ်တော့တွေအားလုံးမှာ Intel Processor သစ် ပါဝင်လာဖို့က သေချာနေပြီ ဖြစ်ပါတယ်။

Ref: Gizchina