Interbrand က ကမ္ဘာ့တန်ဖိုး အကြီးဆုံး Brand စာရင်းကို စစ်တမ်းပြုစုလိုက်ပြီး အရင်နှစ် စာရင်းနဲ့ ယှဉ်ရင် ထိပ်ဆုံး ၃ နေရာမှာ အပြောင်းအလဲတွေ ဖြစ်လာပါတယ်။ Best Global Brands 2020 စာရင်းမှာ တန်ဖိုး အကြီးဆုံး Brand ဖြစ်လာတာက Apple ဖြစ်ပြီး ဒေါ်လာ ၃၂၃ ဘီလီယမ် တန်ကြေးရှိပါတယ်။ နံပါတ် ၂ နေရာကို သိမ်းပိုက်ထားတာက Amazon ဖြစ်ပြီး Microsoft က နံပါတ် ၃ နေရာကို ရထားပါတယ်။

Interbrand: Most valuable brands right now are Apple, Amazon and Microsoft

အရင်နှစ်ကနဲ့ ယှဉ်ရင် Google က အဆင့် ၂ ဆင့်ကျသွားပြီး ဒေါ်လာ ၁၆၅ ဘီလီယမ် တန်ကြေးရှိပါတယ်။ အရင်နှစ်ကထက် ၁ ရာခိုင်နှုန်း ကျဆင်းသွားတာလို့ သိရပါတယ်။ Microsoft က ၅၃ ရာခိုင်နှုန်း တက်လာပြီး တန်ကြေးက ၁၆၆ ဘီလီယမ် ရှိပါတယ်။ Amazon က နံပါတ် ၂ နေရာကို ၂၀၀ ဘီလီယမ်နဲ့ သိမ်းပိုက်ထားပြီး အရင်နှစ်ကထက် ၆၀ ရာခိုင်နှုန်း တိုးတက်လာပါတယ်။

တခြား နည်းပညာ Brand အကြောင်းပြောရရင် Samsung က နံပါတ် ၅ နေရာ၊ Intel က နံပါတ် ၁၂ နေရာ၊ Facebook က နံပါတ် ၁၃ နေရာနဲ့ Instagram က နံပါတ် ၁၉ နေရာကို အသီးသီး ရထားပါတယ်။

ဒါဟာ ကုမ္ပဏီရဲ့ တန်ကြေးတော့ မဟုတ်ဘဲ Brand ရဲ့ တန်ကြေးလို့ Interbrand က ပြောပါတယ်။ တကယ်တော့ ဈေးကွက်တန်ဖိုးအရ Apple ဟာ ဒေါ်လာ ၂ ထရီလီယမ် တန်ကြေးရှိပြီး Interbrand က Brand တန်ကြေးကို ဒေါ်လာ ၃၂၃ ဘီလီယမ်လို့ သတ်မှတ်ထားပါတယ်။

Ref : gsmarena