[Zawgyi]

လြန္ခဲ့တဲ့ တစ္ပါတ္တုန္းက Apple ဟာ Developer ေတြအတြက္ iOS 12.2 beta ကို ပထမဆုံးအေနနဲ႔ ထုတ္ေပးခဲ့ပါတယ္။ iOS 12.2 ထြက္လာတာနဲ႔ Apple ရဲ႕ ေရွ႕ေျခလွမ္းေတြနဲ႔ ပတ္သက္ၿပီး ခန႔္မွန္းခ်က္ေတြ ထြက္ေပၚလာခဲ့ပါတယ္။

Apple အေနနဲ႔ iOS 12.2 beta နဲ႔အတူ ေျပာင္းလဲမႈအနည္းငယ္လုပ္ခဲ့သလို Feature သစ္အခ်ိဳ႕လည္း ထည့္သြင္းေပးလာပါတယ္။ ဒီထဲကမွ လူအေတာ္မ်ားမ်ားစိတ္ဝင္စားခဲ့ၾကတာက iPad ေမာ္ဒယ္သစ္ ၄ မ်ိဳးနဲ႔ iPod touch အသစ္ ထြက္လာမယ္ဆိုတဲ့ သတင္းပါပဲ။ ထပ္ၿပီးစိတ္ဝင္စားစရာေကာင္းတဲ့အခ်က္က ေကာလာဟလသတင္းထြက္ေနတဲ့ AirPods 2 အတြက္ “Hey Siri” လည္း ပါဝင္လာတယ္ဆိုတာပါ။

Apple ရဲ႕ “Hey, Siri” feature ဟာ iPhone သုံးစြဲသူေတြၾကားမွာ ေရပန္းစား လူႀကိဳက္မ်ားတဲ့ Feature တစ္ခုျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာ AirPods အတြက္ျပင္ဆင္ထားေပမယ့္ အသုံးျပဳသူေတြဆီကို မပို႔ေဆာင္ထားေသးဘူးလို႔ သိရပါတယ္။ AirPods မွာ တကယ္သာ သုံးလို႔ရလာမယ္ဆိုရင္ေတာ့ iPhone ကို အိတ္ကပ္ထဲမွာထည့္ထားေပမယ့္လည္း AirPods ကတစ္ဆင့္ “Hey Siri” ကို ေမးျမန္းလို႔ရသြားမွာ ျဖစ္ပါတယ္။

တစ္ၿပိဳင္နက္တည္းမွာပဲ ကာလာၾကာရွည္ေကာလာဟလသတင္းထြက္ေနတဲ့ AirPods 2 အသစ္ေတြ အတြက္လည္း “Hey Siri” သုံးလို႔ရေအာင္ လုပ္ေဆာင္ေနတယ္လို႔ ဆိုလာၾကပါတယ္။ AirPods 2 ေတြဟာ ဒီ ၂၀၁၉ ရဲ႕ ပထမႏွစ္ဝက္အတြင္းမွာ ျဖန႔္ခ်ိမယ္လို႔ သတင္းႀကီးေနတာပါ။ အခုေတာ့ အသစ္ထြက္လာတဲ့ iOS 12.2 beta က ဒီသတင္းကို ပိုၿပီးေတာ့ သက္ဝင္လႈပ္ရွားလာေအာင္ ႏႈိးဆြေပးလိုက္ၿပီျဖစ္ပါတယ္။

Ref: 9To5Mac

[Unicode]

AirPods 2 နဲ့လည်း “Hey Siri” သုံးနိုင်မယ်လို့ သတင်းထွက်ပေါ်လာ

လွန်ခဲ့တဲ့ တစ်ပါတ်တုန်းက Apple ဟာ Developer တွေအတွက် iOS 12.2 beta ကို ပထမဆုံးအနေနဲ့ ထုတ်ပေးခဲ့ပါတယ်။ iOS 12.2 ထွက်လာတာနဲ့ Apple ရဲ့ ရှေ့ခြေလှမ်းတွေနဲ့ ပတ်သက်ပြီး ခန့်မှန်းချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။

Apple အနေနဲ့ iOS 12.2 beta နဲ့အတူ ပြောင်းလဲမှုအနည်းငယ်လုပ်ခဲ့သလို Feature သစ်အချို့လည်း ထည့်သွင်းပေးလာပါတယ်။ ဒီထဲကမှ လူအတော်များများစိတ်ဝင်စားခဲ့ကြတာက iPad မော်ဒယ်သစ် ၄ မျိုးနဲ့ iPod touch အသစ် ထွက်လာမယ်ဆိုတဲ့ သတင်းပါပဲ။ ထပ်ပြီးစိတ်ဝင်စားစရာကောင်းတဲ့အချက်က ကောလာဟလသတင်းထွက်နေတဲ့ AirPods 2 အတွက် “Hey Siri” လည်း ပါဝင်လာတယ်ဆိုတာပါ။

Apple ရဲ့ “Hey, Siri” feature ဟာ iPhone သုံးစွဲသူတွေကြားမှာ ရေပန်းစား လူကြိုက်များတဲ့ Feature တစ်ခုဖြစ်ပါတယ်။ လက်ရှိအချိန်မှာ AirPods အတွက်ပြင်ဆင်ထားပေမယ့် အသုံးပြုသူတွေဆီကို မပို့ဆောင်ထားသေးဘူးလို့ သိရပါတယ်။ AirPods မှာ တကယ်သာ သုံးလို့ရလာမယ်ဆိုရင်တော့ iPhone ကို အိတ်ကပ်ထဲမှာထည့်ထားပေမယ့်လည်း AirPods ကတစ်ဆင့် “Hey Siri” ကို မေးမြန်းလို့ရသွားမှာ ဖြစ်ပါတယ်။

တစ်ပြိုင်နက်တည်းမှာပဲ ကာလာကြာရှည်ကောလာဟလသတင်းထွက်နေတဲ့ AirPods 2 အသစ်တွေ အတွက်လည်း “Hey Siri” သုံးလို့ရအောင် လုပ်ဆောင်နေတယ်လို့ ဆိုလာကြပါတယ်။ AirPods 2 တွေဟာ ဒီ ၂၀၁၉ ရဲ့ ပထမနှစ်ဝက်အတွင်းမှာ ဖြန့်ချိမယ်လို့ သတင်းကြီးနေတာပါ။ အခုတော့ အသစ်ထွက်လာတဲ့ iOS 12.2 beta က ဒီသတင်းကို ပိုပြီးတော့ သက်ဝင်လှုပ်ရှားလာအောင် နှိုးဆွပေးလိုက်ပြီဖြစ်ပါတယ်။

Ref: 9To5Mac