Zawgyi

Apple ကေန iOS Version Update တစ္ခုျဖစ္တဲ့ iOS 13 Stable Version ကို ၿပီးခဲ့တဲ့စက္တင္ဘာလ ၂၀ ရက္ေန႔က စတင္ထုတ္ေပးခဲ့ပါတယ္။ ဒါေပမယ့္ အခုလိုမ်ိဳး ထုတ္ေပးၿပီး ရက္ပိုင္းမွာတင္ ႀကီးမားတဲ့ Bug တစ္ခုကို စတင္ေတြ႕ေနရၿပီျဖစ္ပါတယ္။

ဒါကေတာ့ လက္ရွိမွာ နာမည္ႀကီး Battle Royale Online Multiplayer ဂိမ္းေတြျဖစ္တဲ့ PUBG နဲ႔ Fortnite ဂိမ္းေတြမွာ Bug ျဖစ္ေနတာျဖစ္ၿပီးေတာ့ ေဆာ့ကစားႏိုင္မွာမဟုတ္တဲ့အထိကို ဆိုး႐ြားေနတာပဲျဖစ္ပါတယ္။ အဲ့ဒီအတြက္လည္း Fortnite နဲ႔ PUBG Game Developer ေတြကိုယ္တိုင္က သူတို႔ရဲ႕ ဂိမ္းေတြကို ဆက္လက္ေဆာ့ကစားႏိုင္ဖို႔ဆိုရင္ ေလာေလာဆယ္မွာ iOS 13 ကို Update မျပဳလုပ္ဖို႔အထိကို သတိေပးထားတာျဖစ္ပါတယ္။

9to5Mac ရဲ႕ ေျပာၾကားခ်က္အရ အခု Bug ျဖစ္ေနတာက iOS 13 မွာ အသစ္ပါဝင္လာတဲ့ Gesture Bug ေၾကာင့္ျဖစ္ေနၿပီးေတာ့ Triple-finger-tap-and-hold Gesture က In-Game Touch ျပဳလုပ္ရမယ့္ေနရာနဲ႔ ညႇိေနတာျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ အခု Bug ဟာ PUBG နဲ႔ Fortnite ထက္ လက္ ၃ ေခ်ာင္းအသုံးျပဳရမယ့္ ဘယ္လို Game ပဲျဖစ္ျဖစ္ Bug ျဖစ္ေနမယ့္ပုံစံပါပဲ။

PUBG ကေတာ့ အခု ျပႆနာကို Game ထဲမွာတင္ ေဆာ့ကစားသူေတြကို အသိေပးထားၿပီး iOS 13 ကို Update မျပဳလုပ္ေသးဖို႔ကို သတိေပးထားပါတယ္။ ဒ့ါအျပင္ Apple ကိုလည္း ယခု ျပႆနာကို အသိေပးထားၿပီး ျပန္လည္ေျဖရွင္းႏိုင္မယ့္ Software Fix ကို ထုတ္ေပးသြားဖို႔ ႀကိဳးစားေနတယ္လို႔ သိရပါတယ္။

ျဖစ္ႏိုင္တာကေတာ့ လာမယ့္စက္တင္ဘာလ ၂၄ ရက္ေန႔မွာ ထပ္ၿပီး Update ထြက္ရွိလာဦးမယ့္ iOS 13.1 Update မွာ အခု Bug ကို ေျဖရွင္းေပးလာႏိုင္ၿပီး ေလာေလာဆယ္မွာ PUBG နဲ႔ Fortnite ေဆာ့ကစားေနတဲ့ iOS 13 User ေတြအေနနဲ႔ကေတာ့ ေစာင့္ဆိုင္း႐ုံအျပင္ တျခားနည္းလမ္းမရွိေသးပါဘူး။

Ref – Phone Arena

Unicode

Apple ကနေ iOS Version Update တစ်ခုဖြစ်တဲ့ iOS 13 ကို ပြီးခဲ့တဲ့စက်တင်ဘာလ ၂၀ ရက်နေ့က တရားဝင် Stable Version ကို စတင်ထုတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် အခုလိုမျိုး ထုတ်ပေးပြီး ရက်ပိုင်းမှာတင် ကြီးမားတဲ့ Bug တစ်ခုကို စတင်တွေ့နေရပြီဖြစ်ပါတယ်။

ဒါကတော့ လက်ရှိမှာ နာမည်ကြီး Battle Royale Online Multiplayer ဂိမ်းတွေဖြစ်တဲ့ PUBG နဲ့ Fortnite ဂိမ်းတွေမှာ Bug ဖြစ်နေတာဖြစ်ပြီးတော့ ဆော့ကစားနိုင်မှာမဟုတ်တဲ့အထိကို ဆိုးရွားနေတာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက်လည်း Fortnite နဲ့ PUBG Game Developer တွေကိုယ်တိုင်က သူတို့ရဲ့ ဂိမ်းတွေကို ဆက်လက်ဆော့ကစားနိုင်ဖို့ဆိုရင် လောလောဆယ်မှာ iOS 13 ကို Update မပြုလုပ်ဖို့အထိကို သတိပေးထားတာဖြစ်ပါတယ်။

9to5Mac ရဲ့ ပြောကြားချက်အရတော့ အခု Bug ဖြစ်နေတာက iOS 13 မှာ အသစ်ပါဝင်လာတဲ့ Gesture Bug ကြောင့်ဖြစ်နေပြီးတော့ Triple-finger-tap-and-hold Gesture က In-Game Touch ပြုလုပ်ရမယ့်နေရာနဲ့ ညှိနေတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် အခု Bug ဟာ PUBG နဲ့ Fortnite ထက် လက် ၃ ချောင်းအသုံးပြုရမယ့် ဘယ်လို Game ပဲဖြစ်ဖြစ် Bug ဖြစ်နေမယ့်ပုံစံပါပဲ။

PUBG ကတော့ အခု ပြဿနာကို Game ထဲမှာတင် ဆော့ကစားသူတွေကို အသိပေးထားပြီးတော့ iOS 13 ကို Update မပြုလုပ်သေးဖို့ကို သတိပေးထားပါတယ်။ ဒ့ါအပြင် Apple ကိုလည်း ယခု ပြဿနာကို အသိပေးထားပြီး ပြန်လည်ဖြေရှင်းနိုင်မယ့် Software Fix ကို ထုတ်ပေးသွားဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

ဖြစ်နိုင်တာကတော့ လာမယ့်စက်တင်ဘာလ ၂၄ ရက်နေ့မှာ ထပ်ပြီး Update ထွက်ရှိလာဦးမယ့် iOS 13.1 Update မှာတော့ အခု Bug ကို ဖြေရှင်းပေးလာနိုင်ပြီးတေ့ာ လောလောဆယ်မှာ PUBG နဲ့ Fortnite ဆော့ကစားနေတဲ့ iOS 13 User တွေအနေနဲ့ကတော့ စောင့်ဆိုင်းရုံအပြင် တခြားနည်းလမ်းမရှိသေးပါဘူး။

Ref – Phone Arena