[Zawgyi]

Apple ဟာ iOS 13 နဲ႔ပတ္သက္တဲ့ စိတ္ဝင္စားစရာ သတင္းတစ္ခုကို ထုတ္ျပန္ခဲ့ပါတယ္။ အဲဒါကေတာ့ iOS 13 ဟာ ၅၀ ရာခိုင္ႏႈန္းေသာ iPhone ေတြမွာ ေမာင္းႏွင္ေနတယ္လို႔ ဆိုလိုက္တာပါ။ ဒီသတင္းကို Apple Developer စာမ်က္ႏွာမွာလည္း ေဖာ္ျပထားခဲ့တာ ျဖစ္ပါတယ္။

Pie chart မွာေဖာ္ျပထားတာကေတာ့ Apple ရဲ႕ ေနာက္ဆုံးဗားရွင္း iOS ဟာ ျဖန႔္ခ်ိၿပီး တစ္လအၾကာမွာ လက္ရွိအသုံးျပဳေနတဲ့ iPhone ေတြရဲ႕ ၅၀ ရာႏႈန္းအထိ ေရာက္ရွိခဲ့တာကို ေတြ႕ရပါတယ္။ iPhone ေမာ္ဒယ္အေနနဲ႔ေျပာရင္ေတာ့ လြန္ခဲ့တဲ့ ၄ ႏွစ္အတြင္း ထုတ္လုပ္ထားတာေတြ ပါဝင္မယ္လို႔ သိရပါတယ္။

iOS 13 လက္ခံယူမႈက အထင္ႀကီးစရာရလဒ္ျဖစ္ပါတယ္။ စုစုေပါင္း ၅၅ ရာခိုင္ႏႈန္းျဖစ္ေနၿပီး iOS 12 ကေတာ့ ၃၈ ရာခိုင္ႏႈန္းနဲ႔ ဒုတိယေနရာမွာ ရွိေနတာပါ။ iOS 12 ရဲ႕ အေရွ႕ပိုင္းကေတာ့ ၇ ရာခိုင္ႏႈန္းအထိ သုံးစြဲေနၾကတုန္း ျဖစ္ပါတယ္။ ဒါေၾကာင့္ Apple ရဲ႕ iOS 13 က ပိုၿပီးေတာ့ ေအာင္ျမင္မႈရတယ္လို႔ ဆိုႏိုင္ပါတယ္။

အျခားဆက္စပ္သတင္းအျဖစ္ iPadOS ကေတာ့ ေျပာင္းလဲသုံးစြဲမႈပိုင္းမွာ အနည္းငယ္ ႐ုန္းကန္ေနရတုန္း ျဖစ္ပါတယ္။ စုစုေပါင္း Device ေတြရဲ႕ ၄၁ ရာခိုင္ႏႈန္းကပဲ iPadOS ကိုရယူသုံးစြဲေနၾကေသးတာျဖစ္ၿပီး iOS 12 ကို သုံးစြဲေနတဲ့ ရာခိုင္ႏႈန္းက ၅၁ ရာခိုင္ႏႈန္းအထိ ရွိေနတာပါ။ ပိုေစာတဲ့ OS ကိုေတာ့ က်န္တဲ့ ၈ ရာခိုင္ႏႈန္းက သုံးစြဲေနတာ ျဖစ္ပါတယ္။

Ref: GSM Arena

[Unicode]

iPhone အားလုံးရဲ့ ၅၀ ရာခိုင်နှုန်းဟာ iOS 13 ကို သုံးစွဲနေကြောင်း Apple ထုတ်ပြန်

Apple ဟာ iOS 13 နဲ့ပတ်သက်တဲ့ စိတ်ဝင်စားစရာ သတင်းတစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒါကတော့ iOS 13 ဟာ ၅၀ ရာခိုင်နှုန်းသော iPhone တွေမှာ မောင်းနှင်နေတယ်လို့ ဆိုလိုက်တာပါ။ ဒီသတင်းကို Apple Developer စာမျက်နှာမှာလည်း ဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။

Pie chart မှာဖော်ပြထားတာကတော့ Apple ရဲ့ နောက်ဆုံးဗားရှင်း iOS ဟာ ဖြန့်ချိပြီး တစ်လအကြာမှာ လက်ရှိအသုံးပြုနေတဲ့ iPhone တွေရဲ့ ၅၀ ရာနှုန်းအထိ ရောက်ရှိခဲ့တာကို တွေ့ရပါတယ်။ iPhone မော်ဒယ်အနေနဲ့ပြောရင်တော့ လွန်ခဲ့တဲ့ ၄ နှစ်အတွင်း ထုတ်လုပ်ထားတာတွေ ပါဝင်မယ်လို့ သိရပါတယ်။

iOS 13 လက်ခံယူမှုက အထင်ကြီးစရာရလဒ်ဖြစ်ပါတယ်။ စုစုပေါင်း ၅၅ ရာခိုင်နှုန်းဖြစ်နေပြီး iOS 12 ကတော့ ၃၈ ရာခိုင်နှုန်းနဲ့ ဒုတိယနေရာမှာ ရှိနေတာပါ။ iOS 12 ရဲ့ အရှေ့ပိုင်းကတော့ ၇ ရာခိုင်နှုန်းအထိ သုံးစွဲနေကြတုန်း ဖြစ်ပါတယ်။ ဒါကြောင့် Apple ရဲ့ iOS 13 က ပိုပြီးတော့ အောင်မြင်မှုရတယ်လို့ ဆိုနိုင်ပါတယ်။

အခြားဆက်စပ်သတင်းအဖြစ် iPadOS ကတော့ ပြောင်းလဲသုံးစွဲမှုပိုင်းမှာ အနည်းငယ် ရုန်းကန်နေရတုန်း ဖြစ်ပါတယ်။ စုစုပေါင်း Device တွေရဲ့ ၄၁ ရာခိုင်နှုန်းကပဲ iPadOS ကိုရယူသုံးစွဲနေကြသေးတာဖြစ်ပြီး iOS 12 ကို သုံးစွဲနေတဲ့ ရာခိုင်နှုန်းက ၅၁ ရာခိုင်နှုန်းအထိ ရှိနေတာပါ။ ပိုစောတဲ့ OS ကိုတော့ ကျန်တဲ့ ၈ ရာခိုင်နှုန်းက သုံးစွဲနေတာ ဖြစ်ပါတယ်။

Ref: GSM Arena