Apple ဟာ ဒီနှစ်နှောင်းပိုင်းမှာ iPhone 12 Series စမတ်ဖုန်းအသစ်တွေကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ ယခုနှစ်မှာ iPhone 12 ၊ 12 Max နဲ့ iPhone 12 Pro ၊ 12 Pro Max ဆိုပြီး ၄ မျိုး မိတ်ဆက်လာမယ်လို့လည်း သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။

အဲ့ဒီထဲမှာမှ iPhone 12 Pro နဲ့ 12 Pro Max ဖုန်းတွေမှာ Display Refresh Rate ကို 60Hz အစား 120Hz အထိ အသုံးပြုနိုင်မယ်ဆိုပြီး ကောလဟာလထွက်ရှိနေခဲ့တာ အချိန်တစ်ခုရှိနေပြီဖြစ်ပါတယ်။ အခုလည်း iOS 14 Beta 5 မှာ အဆိုပါ High Refresh Rate ကို Support လုပ်လာဖို့ ကျိန်းသေတဲ့ Feature Option တစ်ခုကိုလည်း တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

ဒါကတော့ iOS 14 Beta 5 ရဲ့ Accessibility Setting မှာ Limit Frame Rate ဆိုတဲ့ Option တစ်ခုပါဝင်နေတာဖြစ်ပါတယ်။ အဲ့ဒီအတွက် Apple ဟာ iPhone 12 Pro ဖုန်းတွေမှာ 120Hz Refresh Rate Display ကို ထည့်သွင်းပေးမှာဖြစ်ပြီး 60Hz ကို Limit ပြုလုပ်နိုင်မယ့် Option ကိုပါထည့်သွင်းလာနိုင်တယ်ဆိုပြီး ယူဆနေကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဆိုပါသတင်းကိုတော့ Display Analyst တစ်ဦးဖြစ်တဲ့ Ross Young ကနေ ငြင်းဆိုခဲ့ပြီး Apple ဟာ iPhone 12 Pro ဖုန်းတွေအတွက် LTPO နဲ့ Adaptive Refresh Rate ကို Support ပြုလုပ်တဲ့ Display ကို ထုတ်လုပ်ထားခြင်းမရှိသေးဘူးလို့ သိရပါတယ်။ အဲ့ဒီအတွက် တကယ်တမ်း iPhone 12 Pro ဖုန်းတွေမှာ High Refresh Rate ကို Support ပြုလုပ်နိုင်မလားဆိုတာက စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

တဖက်ကလည်း Apple နဲ့ ပတ်သက်တဲ့သတင်းတွေကို အမြဲလိုလိုမှန်ကန်စွာခန့်မှန်းနိုင်နေတဲ့ Leaker တစ်ဦးဖြစ်တဲ့ Jon Prosser ကတော့ iPhone 12 Pro မှာ 120Hz Refresh Rate ပါဝင်တဲ့ Display ကို အသုံးပြုမယ်လို့ ပြောကြားနေဆဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း Samsung Galaxy Note 20 Ultra ဖုန်းလိုမျိုးတော့ LTPO နည်းပညာကို အသုံးပြုလာမှာမဟုတ်ဘူးလို့ သိရပါတယ်။

Ref – Phone Arena