[Unicode]

Apple ဟာ iPhone နဲ့ iPad တွေကို ထုတ်လုပ်ပြီးနောက် အနည်းဆုံးလေးနှစ်အထိ Software Update တွေ ပေးလေ့ရှိပါတယ်။ ဒါပေမယ့် လေးနှစ်ထက် ကျော်လွန်ပြီးတော့ Software Update ပေးတာမျိုးကိုလည်း မကြာမကြာ တွေ့ရတတ်ပါတယ်။

အခုလည်း iOS 14 နဲ့ iPad OS 14 တွေကို လွန်ခဲ့တဲ့ လေးနှစ်ကျော်က ထုတ်ထားတဲ့ Device တွေလည်း ရရှိမယ်လို့ ကောလာဟလသတင်းတစ်ခု ထွက်ပေါ်လာပါတယ်။ ဒီသတင်းကို ယုံကြည်နိုင်တဲ့ရင်းမြစ်လို့ ဆိုရမယ့် ပြင်သစ်ဝက်ဘ်ဆိုက် iPhonesoft ကနေ ဖော်ပြလာတာဖြစ်တဲ့အတွက် ဆက်ပြီးစောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

iPhonesoft ကတော့ Apple ဟာ iOS 14 ကို လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်က ထုတ်ခဲ့တဲ့ Device တွေအထိ ထောက်ပံ့နိုင်ဖို့ စီစဉ်နေတယ်လို့ အခိုင်အမာရေးသားဖော်ပြထားတာပါ။ တစ်နည်းပြောရရင် iOS 13 နဲ့ သဟဇာတဖြစ်တဲ့ iPhone တိုင်းဟာ iOS 14 ကို ရယူသုံးဆွဲနိုင်မယ်လို့ ယူဆနိုင်ပါတယ်။

iPhonesoft အနေနဲ့ iOS သစ် ရရှိမယ့် Device တွေနဲ့ပတ်သက်ပြီး တိကျခိုင်မာတဲ့ သက်သေအထောက်အထား မပြနိုင်ပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ Soft Update တွေကို ပြန်ကြည့်မယ်ဆိုရင်တော့ အခုသတင်းက ဖြစ်နိုင်ခြေရှိတယ်လို့ ဆိုရမှာပါ။

အကယ်၍ iPhonesoft ရဲ့ သတင်းကသာ အမှန်ဖြစ်လာမယ်ဆိုရင် iPhone 11 Pro Max, iPhone 11 Pro, iPhone 11, iPhone XR, iPhone XS Max, Phone XS, iPhone X, iPhone 8 Plus, iPhone 8, iPhone 7 Plus, iPhone 7, iPhone SE, iPhone 6s Plus, iPhone 6s နဲ့ iPod Touch (7th generation) တို့ဟာ iOS အသစ်ကို ရရှိမယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

Ref: Phone Arena

[Zawgyi]

Apple ဟာ ၂၀၁၅ ခုႏွစ္က ထုတ္ထားတဲ့ iPhone ေတြအထိ iOS 14 ေထာက္ပံ့ေပးမယ္လို႔ သတင္းထြက္ေပၚလာ

Apple ဟာ iPhone နဲ႔ iPad ေတြကို ထုတ္လုပ္ၿပီးေနာက္ အနည္းဆုံးေလးႏွစ္အထိ Software Update ေတြ ေပးေလ့ရွိပါတယ္။ ဒါေပမယ့္ ေလးႏွစ္ထက္ ေက်ာ္လြန္ၿပီးေတာ့ Software Update ေပးတာမ်ိဳးကိုလည္း မၾကာမၾကာ ေတြ႕ရတတ္ပါတယ္။

အခုလည္း iOS 14 နဲ႔ iPad OS 14 ေတြကို လြန္ခဲ့တဲ့ ေလးႏွစ္ေက်ာ္က ထုတ္ထားတဲ့ Device ေတြလည္း ရရွိမယ္လို႔ ေကာလာဟလသတင္းတစ္ခု ထြက္ေပၚလာပါတယ္။ ဒီသတင္းကို ယုံၾကည္ႏိုင္တဲ့ရင္းျမစ္လို႔ ဆိုရမယ့္ ျပင္သစ္ဝက္ဘ္ဆိုက္ iPhonesoft ကေန ေဖာ္ျပလာတာျဖစ္တဲ့အတြက္ ဆက္ၿပီးေစာင့္ၾကည့္ရေတာ့မွာ ျဖစ္ပါတယ္။

iPhonesoft ကေတာ့ Apple ဟာ iOS 14 ကို လြန္ခဲ့တဲ့ ၂၀၁၅ ခုႏွစ္က ထုတ္ခဲ့တဲ့ Device ေတြအထိ ေထာက္ပံ့ႏိုင္ဖို႔ စီစဥ္ေနတယ္လို႔ အခိုင္အမာေရးသားေဖာ္ျပထားတာပါ။ တစ္နည္းေျပာရရင္ iOS 13 နဲ႔ သဟဇာတျဖစ္တဲ့ iPhone တိုင္းဟာ iOS 14 ကို ရယူသုံးဆြဲႏိုင္မယ္လို႔ ယူဆႏိုင္ပါတယ္။

iPhonesoft အေနနဲ႔ iOS သစ္ ရရွိမယ့္ Device ေတြနဲ႔ပတ္သက္ၿပီး တိက်ခိုင္မာတဲ့ သက္ေသအေထာက္အထား မျပႏိုင္ပါဘူး။ ဒါေပမယ့္ ၿပီးခဲ့တဲ့ Soft Update ေတြကို ျပန္ၾကည့္မယ္ဆိုရင္ေတာ့ အခုသတင္းက ျဖစ္ႏိုင္ေျခရွိတယ္လို႔ ဆိုရမွာပါ။

အကယ္၍ iPhonesoft ရဲ႕ သတင္းကသာ အမွန္ျဖစ္လာမယ္ဆိုရင္ iPhone 11 Pro Max, iPhone 11 Pro, iPhone 11, iPhone XR, iPhone XS Max, Phone XS, iPhone X, iPhone 8 Plus, iPhone 8, iPhone 7 Plus, iPhone 7, iPhone SE, iPhone 6s Plus, iPhone 6s နဲ႔ iPod Touch (7th generation) တို႔ဟာ iOS အသစ္ကို ရရွိမယ္လို႔ ဆိုရမွာ ျဖစ္ပါတယ္။

Ref: Phone Arena