Apple ဟာ လာမယ့်ဇွန်လကုန်ဝန်းကျင်မှာ WWDC Developer Conference ကို ကျင်းပသွားတော့မှာဖြစ်ပါတယ်။ အဆိုပါ Event မှာ လက်ရှိ iDevice တွေအတွက် အရေးကြီးတဲ့ iOS 14 Update ကိုပါ ကြေညာသွားမယ်လို့ ယူဆရပါတယ်။

အခုလည်း အဆိုပါ iOS 14 နဲ့ ပတ်သက်တဲ့သတင်းတစ်ခုထွက်ရှိလာပြီးတော့ Apple ဟာ iOS 14 Version ကို လက်ရှိ iOS 13 အသုံးပြုနိုင်တဲ့ Device တွေအကုန်လုံးအတွက် Support ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ Apple ကိုယ်တိုင်ကနေ တရားဝင်အတည်ပြုပြောကြားခဲ့တာမျိုးမဟုတ်ပေမယ့် သတင်းတွေအရတော့ သေချာသလောက်ရှိနေတာပဲဖြစ်ပါတယ်။

အဲ့ဒီအတွက် iOS 14 ဟာ လက်ရှိ iPhone 6s လိုမျိုးထွက်ရှိထားတာကြာလှပြီဖြစ်တဲ့ဖုန်းတွေအပြင် iPhone 11 Series နဲ့ iPhone SE (2020) လိုမျိုးနောက်ဆုံးထွက်ရှိထားတဲ့ iDevice တွေမှာပါ အသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။ ရရှိမယ့် iPhone နဲ့ iDevice List တွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

ဘာပဲဖြစ်ဖြစ် iPhone 6s နဲ့ iPhone SE (2016) လိုမျိုးဖုန်းတွေကတော့ အခုဆိုရင် ထွက်ရှိထားတာ ၅ နှစ်လောက်အထိရှိနေပြီဖြစ်တဲ့အတွက် ယခု iOS 14 Update ဟာ နောက်ဆုံး Major Update ဖြစ်ဖို့များနေပါတယ်။ နောက်ပိုင်း iOS 15 လိုမျိုးကြရင်တော့ အနိမ့်ဆုံး iPhone 7 Series ကနေ စတင်ပြီး Update လုပ်နိုင်မယ်လို့ယူဆရပါတယ်။

ဘာပဲဖြစ်ဖြစ် လာမယ့် ဇွန်လ ၂၂ ရက်နေ့မှာ ပြုလုပ်သွားမယ့် WWDC Developer Conference ပွဲမှာ iOS 14 Beta ကိုပါ မိတ်ဆက်နိုင်တဲ့အတွက် စမ်းသပ်သုံးစွဲချင်တယ်ဆိုရင် အသုံးပြုနိုင်တော့မှာပဲဖြစ်ပါတယ်။

Ref – GSM Arena