Apple iDevice တွေဟာ Application တွေကို App Store ကနေစိတ်ကြိုက် Download ပြုလုပ်နိုင်တယ်ဆိုပေမယ့် Browser ၊ Email ၊ Camera ၊ Messages စတဲ့ System နဲ့သက်ဆိုင်တဲ့ App Function တွေကိုတော့ စိတ်ကြိုက် Third-party App တွေကို Default အနေနဲ့ သတ်မှတ်ထားလို့မရပါဘူး။ အဲ့ဒီအတွက် Apple ရဲ့ Safari ၊ Apple Mail အစရှိတဲ့ System App တွေကိုပဲ Default App အနေနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

အခုအချိန်မှာတော့ Apple ကနေ မကြာသေးခင်တုန်းကမှ မိတ်ဆက်ခဲ့တဲ့ iOS 14 နဲ့ iPadOS 14 မှာ ဒီလိုမျိုးပြုလုပ်ထားတာကို အနည်းငယ်ဖြေလျော့ပေးခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင် iOS 14 နဲ့ iPadOS 14 ကစတင်ပြီးတော့ Email App နဲ့ Browser App ကို ကိုယ့်စိတ်ကြိုက် Third Party App ကို ပြောင်းလဲအသုံးပြုခွင့်ပေးလိုက်တာကြောင့်ဖြစ်ပါတယ်။

ယခုသတင်းက Android အသုံးပြုသူတွေအတွက်ကတော့ အထူးအဆန်းမဟုတ်ပေမယ့်လည်း ဥပမာ Apple Mail အစား Gmail ကို အသုံးပြုနေတဲ့သူတွေဆိုရင် Gmail App ကိုပဲ Default App အနေနဲ့ ထားရှိနိုင်တော့မှာဖြစ်ပါတယ်။ အဲ့ဒီလိုမျိုးပဲ Browser ကိုလည်း Safari အစား Google Chrome ဒါမှမဟုတ် Mozilla Firefox လိုမျိုး Browser App တွေကို Default App အနေနဲ့ပြောင်းလဲနိုင်မှာပါ။

ဘာပဲဖြစ်ဖြစ် Apple အနေနဲ့ Mail နဲ့ Browser ကိုပဲ ပြောင်းလဲခွင့်ပေးတယ်ဆိုပေမယ့် ဒီလိုမျိုး ပြောင်းလဲမှုဟာ နောက်ပိုင်း iOS Version အသစ်တွေမှာ ယခင်ကလိုမျိုး Apple ကိုယ်ပိုင် App တွေ၊ Service တွေကိုပဲ အတင်းအကျပ်အသုံးပြုခိုင်းတာထက်တော့ အများကြီးပိုပြီးကောင်းမွန်လာပြီဖြစ်ပါတယ်။

Ref – Engadget