Apple ကနေ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက iPhone နဲ့ တခြားသော Apple Device တွေအတွက် iOS 15 Stable Update ကို ထုတ်ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း iPhone သို့မဟုတ် iPad တွေကို အသုံးပြုနေတဲ့သူအချို့ဆီမှာ Apple Watch နဲ့ Unlock ပြုလုပ်နိုင်ခြင်းမရှိတဲ့ ပြဿနာကို ကြုံတွေ့ခဲ့ရပါတယ်။

အဲ့ဒီအတွက် Apple ကနေ iOS 15.0.1 နဲ့ iPadOS 15.0.1 Update တွေကို ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ Apple ရဲ့ ပြောကြားချက်အရ အခုနောက်ဆုံးထွက်ရှိထားတဲ့ iPhone 13 Pro Max အပါအဝင် iPhone 13 Series ဖုန်းတွေမှာ ကြုံတွေ့နေရတဲ့ Apple Watch ကို အသုံးပြုပြီး Unlock ပြုလုပ်နိုင်ခြင်းမရှိတဲ့ပြဿနာကို ဖြေရှင်းပေးထားတယ်လို့ သိရပါတယ်။

အခု iOS 15.0.1 နဲ့ iPadOS 15.0.1 ကို iOS 15 အသုံးပြုနိုင်တဲ့ iPhone နဲ့ iPad တိုင်း Update ပြုလုပ်နိုင်ပြီဖြစ်ပြီး Apple ကတော့ Changelog အနေနဲ့ iPhone တွေမှာ “”including an issue where some users could not unlock iPhone 13 models with Apple Watch”. iPadOS 15.0.1″ ဆိုပြီး ရေးသားခဲ့ပြီး iPad အတွက်ကိုတော့ “bug fixes for your iPad” ဆိုပြီးပဲ ရေးသားခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် Apple Watch ကို အသုံးပြုပြီး iPhone ကို Unlock ပြုလုပ်လို့မရဘူးဆိုရင် အခု iOS 15.0.1 Update က ကျိန်းသေတင်ထားသင့်ပါတယ်။ အခုမှထွက်ရှိထားတာဖြစ်တာကြောင့် တကယ်အဆိုပါ ပြဿနာကို ဖြေရှင်းနိုင်မလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – GSM Arena