[Zawgyi]

Slack ဆိုတာ Business Communication app အမ်ိဴးအစားျဖစ္ၿပီး Android နဲ႔ iOs platform ၂မ်ိဴးစလုံးမွာ အခမဲ့ ရယူသုံးစြဲႏိုင္ပါတယ္။ Slack app ဟာ Android မွာဆိုရင္ Download ျပဳလုပ္သူဦးေရ ၁၀သန္းေက်ာ္အထိ ရွိသလို iOs မွာဆိုရင္လည္း Business app ေတြအထဲမွာ လူႀကိဳက္အမ်ားဆုံး app အျဖစ္ အဆင့္ ၁၃ မွာ ရပ္တည္ေနတာ ျဖစ္ပါတယ္။

ဒီေန႔မွာေတာ့ Slack ဟာ အသုံးျပဳသူ အမ်ားစု ကာလရွည္ၾကာ ေမွ်ာ္လင့္ေစာင့္စားေနရတဲ့ Dark Mode ကို iOs မွာ စတင္ထည့္သြင္းေပးႏိုင္ဖို႔ စမ္းသပ္ေနၿပီျဖစ္ေၾကာင္း သတင္းမ်ား ထြက္ေပၚလာပါတယ္။ မၾကာေသးခင္က ထြက္ရွိခဲ့တဲ့ Slack iOs app ဗားရွင္းအသစ္မွာလည္း Beta Testers သမားမ်ားအတြက္ Dark Mode ကို ထည့္သြင္းေပးထားပါတယ္။ Slack ရဲ႕ Dark Mode Design ဟာ တျခား Dark Interface ေတြလိုမ်ိဴး အမည္းေရာင္စစ္စစ္မဟုတ္ဘဲ မီးခိုးေရာင္သန္းတယ္လို႔ သိရပါတယ္။

တစ္ဖက္မွာလည္း Apple အေနနဲ႔ iOs 13 မွာ System-wide Dark Mode ထည့္သြင္းဖို႔ ႀကိဳးစားေနေၾကာင္း ေကာလဟလသတင္းမ်ား ထြက္ေပၚေနပါတယ္။ Google ကေတာ့ Android Q မွာ System-wide Dark Mode ပါဝင္လာဖို႔ ေသခ်ာသေလာက္ ရွိေနပါၿပီ။ အလားတူ Facebook ကလည္း သူတို႔ရဲ႕ Messenger ကို သိပ္မၾကာေသးခင္ကပဲ Dark Mode ေျပာင္းလဲ အသုံးျပဳခြင့္ ေပးခဲ့ပါတယ္။ Dark Mode ဟာ အျမင္ပိုင္းအားျဖင့္ ဆန္းသစ္ေစၿပီး အျပာေရာင္အလင္းတန္း ထုတ္လႊတ္မႈ ေလ်ာ့နည္းတာေၾကာင့္ မ်က္လုံးထိခိုက္မႈ ရာခိုင္ႏႈန္း နည္းပါးေစပါတယ္။ ဒါ့အျပင္ OLED/AMOLED Display ေတြမွာဆိုရင္ Dark Mode (True Black) ေတြကို အသုံးျပဳျခင္းအားျဖင့္ ဘက္ထရီအား ကုန္ခမ္းမႈကိုလည္း သက္သာေစပါတယ္။

Ref : 9To5mac

[Unicode]

iOs အတွက် Dark Mode ကို စတင်စမ်းသပ်နေပြီဖြစ်တဲ့ Slack

Slack ဆိုတာ Business Communication app အမျိူးအစားဖြစ်ပြီး Android နဲ့ iOs platform ၂မျိူးစလုံးမှာ အခမဲ့ ရယူသုံးစွဲနိုင်ပါတယ်။ Slack app ဟာ Android မှာဆိုရင် Download ပြုလုပ်သူဦးရေ ၁၀သန်းကျော်အထိ ရှိသလို iOs မှာဆိုရင်လည်း Business app တွေအထဲမှာ လူကြိုက်အများဆုံး app အဖြစ် အဆင့် ၁၃ မှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ Slack ဟာ အသုံးပြုသူ အများစု ကာလရှည်ကြာ မျှော်လင့်စောင့်စားနေရတဲ့ Dark Mode ကို iOs မှာ စတင်ထည့်သွင်းပေးနိုင်ဖို့ စမ်းသပ်နေပြီဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လာပါတယ်။ မကြာသေးခင်က ထွက်ရှိခဲ့တဲ့ Slack iOs app ဗားရှင်းအသစ်မှာလည်း Beta Testers သမားများအတွက် Dark Mode ကို ထည့်သွင်းပေးထားပါတယ်။ Slack ရဲ့ Dark Mode Design ဟာ တခြား Dark Interface တွေလိုမျိူး အမည်းရောင်စစ်စစ်မဟုတ်ဘဲ မီးခိုးရောင်သန်းတယ်လို့ သိရပါတယ်။

တစ်ဖက်မှာလည်း Apple အနေနဲ့ iOs 13 မှာ System-wide Dark Mode ထည့်သွင်းဖို့ ကြိုးစားနေကြောင်း ကောလဟလသတင်းများ ထွက်ပေါ်နေပါတယ်။ Google ကတော့ Android Q မှာ System-wide Dark Mode ပါဝင်လာဖို့ သေချာသလောက် ရှိနေပါပြီ။ အလားတူ Facebook ကလည်း သူတို့ရဲ့ Messenger ကို သိပ်မကြာသေးခင်ကပဲ Dark Mode ပြောင်းလဲ အသုံးပြုခွင့် ပေးခဲ့ပါတယ်။ Dark Mode ဟာ အမြင်ပိုင်းအားဖြင့် ဆန်းသစ်စေပြီး အပြာရောင်အလင်းတန်း ထုတ်လွှတ်မှု လျော့နည်းတာကြောင့် မျက်လုံးထိခိုက်မှု ရာခိုင်နှုန်း နည်းပါးစေပါတယ်။ ဒါ့အပြင် OLED/AMOLED Display တွေမှာဆိုရင် Dark Mode (True Black) တွေကို အသုံးပြုခြင်းအားဖြင့် ဘက်ထရီအား ကုန်ခမ်းမှုကိုလည်း သက်သာစေပါတယ်။

Ref : 9To5mac