[Zawgyi]

Apple ဟာ iPhone ကေနတစ္ဆင့္ Mobile Network ( Cellular Network ) နဲ႔ Download လုပ္တဲ့အခါမွာ ယခင္က 150MB ကန္႔သတ္ခဲ့ရာမွ ၿပီးခဲ့တဲ့ တပတ္က 200MB အထိ တိုးျမႇင့္ေပးခဲ့ပါတယ္။ ဒါေပမယ့္ ယခုအခါမွာေတာ့ အဆိုပါ ကန္႔သတ္ခ်က္ေတြကို iOS 13 နဲ႔အတူ ျဖဳတ္ခ်လိုက္ၿပီ ျဖစ္ပါတယ္။

Apple အေနနဲ႔ iOS 13 မွာ အသုံးျပဳသူေတြကို Mobile Network နဲ႔အတူ File Size အႀကီးႀကီးေတြ Download ျပဳလုပ္ဖို႔အတြက္ ခြင့္ျပဳလိုက္ၿပီ ျဖစ္ပါတယ္။ ဥပမာအေနနဲ႔ ေျပာရမယ္ဆိုရင္ iOS 12 မွာတုန္းက 2GB ေက်ာ္ ပမဏရွိတဲ့ PUBG Mobile ကို Mobile Network နဲ႔ အလြယ္တကူ Download ျပဳလုပ္လို႔ မရခဲ့ပါဘူး။ အခု iOS 13 မွာေတာ့ Mobile Network နဲ႔ Download ျပဳလုပ္မယ္ဆိုရင္ ေငြကုန္ေၾကးက် ပိုမ်ားႏိုင္ေၾကာင္း သတိေပးစာ ေဖာ္ျပ႐ုံကလြဲလို႔ တျခားေသာ ကန္႔သတ္ခ်က္ေတြ မရွိေတာ့ပါဘူး။ ဒါ့အျပင္ Wi-Fi ခ်ိတ္ဆက္တဲ့အခါမွ အလိုအေလ်ာက္ Download ျပဳလုပ္ေပးမယ့္ “ Later On Wi-Fi ” စနစ္ကိုလည္း ေ႐ြးခ်ယ္ခြင့္ ေပးထားပါေသးတယ္။

တကယ္လို႔ မိမိက 200MB ေက်ာ္တဲ့ Applications ေတြကို Mobile Network နဲ႔ အၿမဲတမ္း Download ျပဳလုပ္ေနက်သူဆိုရင္ေတာ့ iTunes နဲ႔ App Store ထဲက App Downloads မွာပါတဲ့ Always Allow ကို ေ႐ြးခ်ယ္ထားပါ။ ဒါဆိုရင္ Default Setting အေနနဲ႔ သတ္မွတ္ထားတဲ့ “Ask if Over 200MB” တုန္းကလိုမ်ိဴး သတိေပးစာေတြ ေဖာ္ျပမွာ မဟုတ္ေတာ့ဘဲ အလိုအေလ်ာက္ Download ျပဳလုပ္သြားမယ္လို႔ သိရပါတယ္။ Mobile Network ကို အကန္႔အသတ္နဲ႔ အသုံးျပဳေနတဲ့ သူဆိုရင္ေတာ့ “Ask First” ကို ေ႐ြးခ်ယ္ထားႏိုင္ၿပီး၊ မိမိ Download လုပ္သမွ် Applications တိုင္းမွာ သတိေပးစာ ေဖာ္ျပေနမွာ ျဖစ္ပါတယ္။

Ref : 9To5Mac

[Unicode]

iOS 13 မှာ Mobile Network နဲ့ အကန့်အသတ်မရှိဘဲ အလွယ်တကူ Download ပြုလုပ်လို့ ရပြီ

Apple ဟာ iPhone ကနေတစ်ဆင့် Mobile Network ( Cellular Network ) နဲ့ Download လုပ်တဲ့အခါမှာ ယခင်က 150MB ကန့်သတ်ခဲ့ရာမှ ပြီးခဲ့တဲ့ တပတ်က 200MB အထိ တိုးမြှင့်ပေးခဲ့ပါတယ်။ ဒါပေမယ့် ယခုအခါမှာတော့ အဆိုပါ ကန့်သတ်ချက်တွေကို iOS 13 နဲ့အတူ ဖြုတ်ချလိုက်ပြီ ဖြစ်ပါတယ်။

Apple အနေနဲ့ iOS 13 မှာ အသုံးပြုသူတွေကို Mobile Network နဲ့အတူ File Size အကြီးကြီးတွေ Download ပြုလုပ်ဖို့အတွက် ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် iOS 12 မှာတုန်းက 2GB ကျော် ပမဏရှိတဲ့ PUBG Mobile ကို Mobile Network နဲ့ အလွယ်တကူ Download ပြုလုပ်လို့ မရခဲ့ပါဘူး။ အခု iOS 13 မှာတော့ Mobile Network နဲ့ Download ပြုလုပ်မယ်ဆိုရင် ငွေကုန်ကြေးကျ ပိုများနိုင်ကြောင်း သတိပေးစာ ဖော်ပြရုံကလွဲလို့ တခြားသော ကန့်သတ်ချက်တွေ မရှိတော့ပါဘူး။ ဒါ့အပြင် Wi-Fi ချိတ်ဆက်တဲ့အခါမှ အလိုအလျောက် Download ပြုလုပ်ပေးမယ့် “ Later On Wi-Fi ” စနစ်ကိုလည်း ရွေးချယ်ခွင့် ပေးထားပါသေးတယ်။

တကယ်လို့ မိမိက 200MB ကျော်တဲ့ Applications တွေကို Mobile Network နဲ့ အမြဲတမ်း Download ပြုလုပ်နေကျသူဆိုရင်တော့ iTunes နဲ့ App Store ထဲက App Downloads မှာပါတဲ့ Always Allow ကို ရွေးချယ်ထားပါ။ ဒါဆိုရင် Default Setting အနေနဲ့ သတ်မှတ်ထားတဲ့ “Ask if Over 200MB” တုန်းကလိုမျိူး သတိပေးစာတွေ ဖော်ပြမှာ မဟုတ်တော့ဘဲ အလိုအလျောက် Download ပြုလုပ်သွားမယ်လို့ သိရပါတယ်။ Mobile Network ကို အကန့်အသတ်နဲ့ အသုံးပြုနေတဲ့ သူဆိုရင်တော့ “Ask First” ကို ရွေးချယ်ထားနိုင်ပြီး၊ မိမိ Download လုပ်သမျှ Applications တိုင်းမှာ သတိပေးစာ ဖော်ပြနေမှာ ဖြစ်ပါတယ်။

Ref : 9To5Mac