[Zawgyi]

iOS အသုံးျပဳသူ အမ်ားစုဟာ လာမယ့္ iOS 13 မွာ System-wide Dark Mode ပါဝင္လာဖို႔ ေမွ်ာ္လင့္ေနၾကတာ ျဖစ္ပါတယ္။ ဒီေန႔မွာေတာ့ ထုတ္ကုန္ဒီဇိုင္နာျဖစ္သူ Daniel Korpai က iOS 13 နဲ႔ ပတ္သက္ၿပီး သူရဲ႕ အျမင္ေတြအတိုင္း စိတ္ကူးပုံေဖာ္ထားတဲ့ Concept ဗီဒီယိုတစ္ခုကို YouTube မွာ မွ်ေဝလာခဲ့ပါတယ္။

ၾကာျမင့္ခ်ိန္ ၂မိနစ္ခန္႔သာရွိတဲ့ Concept ဗီဒိယိုဟာ iPad ေပၚမွာ iOS 13 ထည့္သြင္းေမာင္းႏွင္ထားပုံကို အေလးေပး ေဖာ္ျပထားတာျဖစ္ၿပီး၊ macOS ေပၚက Finder ကို iOS မွာ ထည့္သြင္းထားပုံ၊ External Drive ေထာက္ပံ့မႈ၊ အဆင့္ျမႇင့္တင္ထားတဲ့ Multitasking လုပ္ေဆာင္ခ်က္မ်ားနဲ႔ မ်က္စိ ပသာဒျဖစ္ေစမယ့္ System-wide Dark Mode တို႔ ပါဝင္လာခဲ့ပါတယ္။ Concept ဗီဒီယိုရဲ႕ ဆိုလိုရင္းဟာ iOS 13 မွာ System-wide Dark Mode ပါဝင္လာၿပီဆိုတာထက္၊ iOS 13 ဟာ iPad ေတြအတြက္ ဘယ္ေလာက္အထိ အသုံးဝင္ေၾကာင္းကို ရည္ၫႊန္းေျပာဆိုလိုတာ ျဖစ္ႏိုင္ပါတယ္။

iPad ေတြအတြက္ သီးသန္႔ ျပဳလုပ္ေပးထားတဲ့ Multitasking UI က ေတာ္ေတာ္ေလးကို လန္းလာတဲ့အျပင္ Dock ကေနၿပီးေတာ့ Drag and Drop လုပ္႐ုံနဲ Split Screen အေနအထားကို အဆင္ေျပေျပ အသုံးျပဳႏိုင္တာ ေတြ႕ရပါတယ္။ ဒါ့အျပင္ System-wide Dark Mode ကိုလည္း Settings ထဲအထိ သီးသန္႔ ဝင္ေျပာင္းစရာမလိုဘဲ Control Center ကေနတစ္ဆင့္ လိုအပ္တဲ့အခ်ိန္မွာ ျမန္ျမန္ဆန္ဆန္နဲ႔ အလြယ္တကူ ေျပာင္းလို႔ ရေအာင္ ထည့္ေပးထားပါေသးတယ္။

Ref: 9To5Mac

[Unicode]

Dark Mode ပါဝင်တဲ့ iOS 13 ရဲ့ Concept ဗီဒီယို ထွက်ပေါ်လာ

iOS အသုံးပြုသူ အများစုဟာ လာမယ့် iOS 13 မှာ System-wide Dark Mode ပါဝင်လာဖို့ မျှော်လင့်နေကြတာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ထုတ်ကုန်ဒီဇိုင်နာဖြစ်သူ Daniel Korpai က iOS 13 နဲ့ ပတ်သက်ပြီး သူရဲ့ အမြင်တွေအတိုင်း စိတ်ကူးပုံဖော်ထားတဲ့ Concept ဗီဒီယိုတစ်ခုကို YouTube မှာ မျှဝေလာခဲ့ပါတယ်။

ကြာမြင့်ချိန် ၂မိနစ်ခန့်သာရှိတဲ့ Concept ဗီဒိယိုဟာ iPad ပေါ်မှာ iOS 13 ထည့်သွင်းမောင်းနှင်ထားပုံကို အလေးပေး ဖော်ပြထားတာဖြစ်ပြီး၊ macOS ပေါ်က Finder ကို iOS မှာ ထည့်သွင်းထားပုံ၊ External Drive ထောက်ပံ့မှု၊ အဆင့်မြှင့်တင်ထားတဲ့ Multitasking လုပ်ဆောင်ချက်များနဲ့ မျက်စိ ပသာဒဖြစ်စေမယ့် System-wide Dark Mode တို့ ပါဝင်လာခဲ့ပါတယ်။ Concept ဗီဒီယိုရဲ့ ဆိုလိုရင်းဟာ iOS 13 မှာ System-wide Dark Mode ပါဝင်လာပြီဆိုတာထက်၊ iOS 13 ဟာ iPad တွေအတွက် ဘယ်လောက်အထိ အသုံးဝင်ကြောင်းကို ရည်ညွှန်းပြောဆိုလိုတာ ဖြစ်နိုင်ပါတယ်။

iPad တွေအတွက် သီးသန့် ပြုလုပ်ပေးထားတဲ့ Multitasking UI က တော်တော်လေးကို လန်းလာတဲ့အပြင် Dock ကနေပြီးတော့ Drag and Drop လုပ်ရုံနဲ Split Screen အနေအထားကို အဆင်ပြေပြေ အသုံးပြုနိုင်တာ တွေ့ရပါတယ်။ ဒါ့အပြင် System-wide Dark Mode ကိုလည်း Settings ထဲအထိ သီးသန့် ဝင်ပြောင်းစရာမလိုဘဲ Control Center ကနေတစ်ဆင့် လိုအပ်တဲ့အချိန်မှာ မြန်မြန်ဆန်ဆန်နဲ့ အလွယ်တကူ ပြောင်းလို့ ရအောင် ထည့်ပေးထားပါသေးတယ်။

Ref: 9To5Mac