[Zawgyi]

iOS 13 နဲ႔ ပတ္သက္တဲ့ ေကာလဟလ သတင္းတစ္ခုဟာ iPhonesoft.fr ကေန တစ္ဆင့္ ထြက္ေပၚလာခဲ့ပါတယ္။ iPhonesoft.fr ရဲ႕ ေဖာ္ျပခ်က္မ်ားအရ မၾကာခင္ ထြက္ရွိလာေတာ့မယ့္ iOS 13 ဟာ အိုမင္းရင့္ေရာ္ေနၿပီျဖစ္တဲ့ မ်ိဴးဆက္ေဟာင္း iPhone နဲ႔ iPad ေတြကို Update ျပဳလုပ္ခြင့္ မေပးေတာ့ဘူးလို႔ သိရပါတယ္။ iOS 12 မွာတုန္းက iPhone 5s က စလို႔ iOS 11 တင္လို႔ရတဲ့ iPhone/iPad တိုင္းကို သေဘာေကာင္းၿပီး Update ျပဳလုပ္ခြင့္ ေပးခဲ့ေပမယ့္ အခု iOS 13 မွာေတာ့ အရင္လိုမ်ိဴး သေဘာမေကာင္းႏိုင္ေတာ့တဲ့ အေနအထားပါ။

iPhonesoft.fr က iOS 13 ဟာ iPhone 5s, iPhone SE, iPhone 6 နဲ႔ 6 Plus တို႔ကို ေထာက္ပံ့မေပးေတာ့ဘူးလို႔ ဆိုထားပါတယ္။ သက္တမ္းအရင့္ဆုံးျဖစ္တဲ့ iPhone 5s ဟာ iOS 7 နဲ႔အတူ ၂၀၁၃ခုႏွစ္တုန္းက ထြက္ရွိခဲ့တာျဖစ္ၿပီး၊ ၂၀၁၈ခုႏွစ္အထိ ၅ႏွစ္တိုင္တိုင္ Update ျပဳလုပ္ခြင့္ ရရွိခဲ့ပါတယ္။ iPhone 6 နဲ႔ 6 Plus တို႔က iOS 8 နဲ႔အတူ ၂၀၁၄ခုႏွစ္တုန္းက ထြက္ရွိခဲ့တာျဖစ္ၿပီး၊ ၂၀၁၈ခုႏွစ္အထိ ၄ႏွစ္တိုင္တိုင္ Update ျပဳလုပ္ခြင့္ ရရွိခဲ့ပါတယ္။ iPhone SE ကေတာ့ ၂၀၁၆ခုႏွစ္မွာ iOS 9.3.2 နဲ႔အတူ ပြဲထြက္ခဲ့တဲ့ စမတ္ဖုန္းျဖစ္တာေၾကာင့္ Update ျပဳလုပ္ခြင့္ကို ၂ႏွစ္သာ ရရွိတယ္လို႔ ေျပာရမွာပါ။ ေဖာ္ျပပါ ေမာ္ဒယ္ ၄မ်ိဴးစလုံးဟာ ၂၀၁၈ခုႏွစ္ စက္တင္ဘာလတုန္းက ထြက္ရွိခဲ့တဲ့ iOS 12.2 အထိ Update ျပဳလုပ္ခြင့္ ရရွိတဲ့ စမတ္ဖုန္းေတြ ျဖစ္ၾကပါတယ္။

iPad ေတြမွာေတာ့ iPad mini 2 နဲ႔ iPad Air တို႔ဟာ iOS 13 ကို Update ျပဳလုပ္ခြင့္ မရွိဘူးလို႔ သိရပါတယ္။ iPad Air နဲ႔ iPad mini 2 တို႔ဟာ iPhone 5s နဲ႔အတူ တစ္ႏွစ္တည္း ပြဲထြက္ခဲ့တဲ့ iPad မ်ားျဖစ္ၾကၿပီး၊ အဆိုပါ iPad ေတြလည္း iOS 12.2 အထိ Update ျပဳလုပ္ခြင့္ ရရွိခဲ့ပါတယ္။ Apple အေနနဲ႔ iOS 13 ေထာက္ပံ့ေပးမယ့္ စမတ္ဖုန္းစာရင္းနဲ႔ iOS 13 ရဲ႕ အေၾကာင္းအရာေတြကို လာမယ့္ ဇြန္လ ၃ရက္ေန႔မွာ က်င္းပမယ့္ WWDC 2019 မွာ အတည္အလင္း ထုတ္ျပန္ေၾကညာသြားမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Ref : 9To5Mac

[Unicode]

iOS 13 နဲ့ အလှမ်းဝေးနိုင်ဖွယ်ရှိတဲ့ iPhone မော်ဒယ်များ

iOS 13 နဲ့ ပတ်သက်တဲ့ ကောလဟလ သတင်းတစ်ခုဟာ iPhonesoft.fr ကနေ တစ်ဆင့် ထွက်ပေါ်လာခဲ့ပါတယ်။ iPhonesoft.fr ရဲ့ ဖော်ပြချက်များအရ မကြာခင် ထွက်ရှိလာတော့မယ့် iOS 13 ဟာ အိုမင်းရင့်ရော်နေပြီဖြစ်တဲ့ မျိူးဆက်ဟောင်း iPhone နဲ့ iPad တွေကို Update ပြုလုပ်ခွင့် မပေးတော့ဘူးလို့ သိရပါတယ်။ iOS 12 မှာတုန်းက iPhone 5s က စလို့ iOS 11 တင်လို့ရတဲ့ iPhone/iPad တိုင်းကို သဘောကောင်းပြီး Update ပြုလုပ်ခွင့် ပေးခဲ့ပေမယ့် အခု iOS 13 မှာတော့ အရင်လိုမျိူး သဘောမကောင်းနိုင်တော့တဲ့ အနေအထားပါ။

iPhonesoft.fr က iOS 13 ဟာ iPhone 5s, iPhone SE, iPhone 6 နဲ့ 6 Plus တို့ကို ထောက်ပံ့မပေးတော့ဘူးလို့ ဆိုထားပါတယ်။ သက်တမ်းအရင့်ဆုံးဖြစ်တဲ့ iPhone 5s ဟာ iOS 7 နဲ့အတူ ၂၀၁၃ခုနှစ်တုန်းက ထွက်ရှိခဲ့တာဖြစ်ပြီး၊ ၂၀၁၈ခုနှစ်အထိ ၅နှစ်တိုင်တိုင် Update ပြုလုပ်ခွင့် ရရှိခဲ့ပါတယ်။ iPhone 6 နဲ့ 6 Plus တို့က iOS 8 နဲ့အတူ ၂၀၁၄ခုနှစ်တုန်းက ထွက်ရှိခဲ့တာဖြစ်ပြီး၊ ၂၀၁၈ခုနှစ်အထိ ၄နှစ်တိုင်တိုင် Update ပြုလုပ်ခွင့် ရရှိခဲ့ပါတယ်။ iPhone SE ကတော့ ၂၀၁၆ခုနှစ်မှာ iOS 9.3.2 နဲ့အတူ ပွဲထွက်ခဲ့တဲ့ စမတ်ဖုန်းဖြစ်တာကြောင့် Update ပြုလုပ်ခွင့်ကို ၂နှစ်သာ ရရှိတယ်လို့ ပြောရမှာပါ။ ဖော်ပြပါ မော်ဒယ် ၄မျိူးစလုံးဟာ ၂၀၁၈ခုနှစ် စက်တင်ဘာလတုန်းက ထွက်ရှိခဲ့တဲ့ iOS 12.2 အထိ Update ပြုလုပ်ခွင့် ရရှိတဲ့ စမတ်ဖုန်းတွေ ဖြစ်ကြပါတယ်။

iPad တွေမှာတော့ iPad mini 2 နဲ့ iPad Air တို့ဟာ iOS 13 ကို Update ပြုလုပ်ခွင့် မရှိဘူးလို့ သိရပါတယ်။ iPad Air နဲ့ iPad mini 2 တို့ဟာ iPhone 5s နဲ့အတူ တစ်နှစ်တည်း ပွဲထွက်ခဲ့တဲ့ iPad များဖြစ်ကြပြီး၊ အဆိုပါ iPad တွေလည်း iOS 12.2 အထိ Update ပြုလုပ်ခွင့် ရရှိခဲ့ပါတယ်။ Apple အနေနဲ့ iOS 13 ထောက်ပံ့ပေးမယ့် စမတ်ဖုန်းစာရင်းနဲ့ iOS 13 ရဲ့ အကြောင်းအရာတွေကို လာမယ့် ဇွန်လ ၃ရက်နေ့မှာ ကျင်းပမယ့် WWDC 2019 မှာ အတည်အလင်း ထုတ်ပြန်ကြေညာသွားမယ်လို့ မျှော်လင့်ရပါတယ်။

Ref : 9To5Mac