Apple ဟာ ပြီးခဲ့တဲ့လပိုင်းတုန်းက iPad Pro ကို Apple M1 Chip ကိုအသုံးပြုပြီး အဆင့်မြင့်တင်ပေးခဲ့ပါတယ်။ ဒါတင်မဟုတ်သေးဘဲ iPad Pro 12.9″ ကိုလည်း Mini-LED Display နည်းပညာကို ပထမဆုံးအနေနဲ့ အသုံးပြုထားခဲ့တာဖြစ်ပါတယ်။

အခုလည်း Apple ကနေ လာမယ့် ၂၀၂၂ ခုနှစ်အတွက် iPad Pro ကို ထပ်ပြီး Upgrade ပြုလုပ်သွားမယ့်ပုံစံပါပဲ။ ဘာကြောင့်လဲဆိုရင် Bloomberg Media ရဲ့ ပြောကြားချက်အရ iPad Pro 2022 Model ဟာ Design ပိုင်းပြောင်းလဲမှုတွေ အများအပြားရှိလာမှာဖြစ်ပါတယ်။

အဆိုပါ Design ပြောင်းလဲမှုတွေထဲမှာ အဓိကကျတဲ့အချက်ကတော့ နောက်ကျောဘက်ကို Aluminum အစား Glass Body နဲ့ ပြောင်းလဲထုတ်လုပ်သွားမှာဖြစ်ပါတယ်။ ဒီလိုမျိုးပြောင်းလဲလိုက်တဲ့အတွက် Wireless Charging ကိုပါ Support ပြုလုပ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ဖြစ်နိုင်ခြေများတာကတော့ Apple ကနေ MagSafe Charger ကို iPad Pro အတွက်ပါ အလုပ်လုပ်နိုင်ဖို့အတွက် အခုလိုမျိုး ပြောင်းလဲဖို့စီစဥ်နေတာဖြစ်နိုင်ပါတယ်။

Apple ဟာ လာမယ့်နှစ်မှာ iPad Pro 11″ ကို Mini-LED Display အစား OLED Display နဲ့ ပြောင်းလဲ Upgrade ပြုလုပ်သွားမယ်လို့ သိရပြီး iPad Mini ကိုလည်း Design ပြောင်းလဲသွားဖို့ စီစဥ်နေပါတယ်။ iPad Mini အသစ်မှာဆိုရင် Home Button ပါဝင်မှာမဟုတ်တော့ဘဲ ဘေးဘောင်တွေလည်းပိုပြီး ပါးလွှာမယ်လို့ သိရတဲ့အတွက် လက်ရှိ iPad Air နဲ့ ဆင်တူနိုင်ဖွယ်ရှိပါတယ်။

Ref – The Verge