[Zawgyi]

Apple ရဲ႕ ထုတ္ကုန္သစ္ေတြဟာ စမ္းသပ္မႈေတြကို မၾကာခဏ ေက်ာ္ျဖတ္ျပႏိုင္ခဲ့ၾကေပမယ့္ ဒီတစ္ႀကိမ္မွာေတာ့ အနည္းငယ္ ေဝဖန္ခံေနရပါတယ္။ ၿပီးခဲ့တဲ့လတုန္းကလည္း Cnet ကျပဳလုပ္တဲ့ Drop Test မွာ iPhone XR က ကင္မရာမွန္အျပင္ မ်က္ႏွာျပင္ပါ ကြဲသြားခဲ့လို႔ ေမးခြန္းေတြ ထုတ္ခံခဲ့ရပါတယ္။ အခုလည္း 11-inch iPad Pro က အလြယ္တကူက်ိဳးပဲ့သြားလို႔ ေဝဖန္ခံရျပန္ပါၿပီ။

New iPad Pro ေတြကို 11-inch နဲ႔ 12.9-inch ဆိုၿပီး အ႐ြယ္အစား ႏွစ္မ်ိဳး ထုတ္လုပ္ခဲ့ပါတယ္။ 11-inch iPad Pro ကေတာ့ You Tube channel JerryRigEverything ရဲ႕ အၾကမ္းခံႏိုင္မႈ စမ္းသပ္ျခင္းမွာ လွလွပပပဲ က်ရႈံးသြားခဲ့ပါတယ္။ တင္ဆက္သူကေတာ့ iPad Pro ရဲ႕ အေျခခံႀကံ့ခိုင္မႈေတြျဖစ္တဲ့ မွန္သားျပင္မာေက်ာမႈ၊ အပူဒဏ္ခံႏိုင္မႈ၊ ေက်ာဘက္ ကိုယ္ထည္ရဲ႕ အၾကမ္းခံႏိုင္မႈ၊ iPad တစ္ခုလုံးရဲ႕ မာေၾကာမႈေတြကို စမ္းသပ္ျပသြားတာ ျဖစ္ပါတယ္။

11-inch iPad Pro ကိုဝယ္ယူမယ္ဆိုရင္ iPhone XR နဲ႔ တန္ဖိုးခ်င္း သိပ္မကြာျခားပါဘူး။ iPhone XR ေဝဖန္ခံေနရခ်ိန္မွာ 11-inch iPad Pro ကလည္း အခုလိုမ်ိဳး ေဝဖန္ခံခ်င္စရာ ကိစၥမ်ိဳးနဲ႔ ႀကဳံလာတာပဲ ျဖစ္ပါတယ္။ ကုမၸဏီအေနနဲ႔ နည္းပညာပိုင္းမွာ ပိုၿပီးေကာင္းမြန္လာေအာင္ စြမ္းေဆာင္ႏိုင္တယ္ဆိုေပမယ့္ သုံးစြဲသူေတြက ေပးရတဲ့တန္းဖိုးနဲ႔ ကိုက္ညီတဲ့ ကုန္ပစၥည္းကို ရရဲ႕လားဆိုတဲ့ ေမးခြန္းကို အၿမဲေမးေလ့ရွိပါတယ္။

11-inch iPad Pro ရဲ႕ Screen ဟာ Glass နဲ႔ အုပ္ထားေသးတယ္ဆိုေပမယ့္ ပါးလြန္းပါတယ္။ ေက်ာဘက္ကိုယ္ထည္ကိုလည္း Metal နဲ႔ ျပဳလုပ္ထားတာ မွန္ပါတယ္။ ဒါေပမယ့္ ေဘးဘက္ေဘာင္ေတြမွာ ႀကံ့ခိုင္မႈအတြက္ အားနည္းခ်က္ ျဖစ္ေစမယ့္ ေနရာေတြမွာမွ Microphone နဲ႔ USB ေပါက္ေတြ ေဖာက္ထားပါတယ္။ ဒီအခ်က္ေတြေၾကာင့္ပဲ အခုလိုမ်ိဳး ေကြးၿပီးခ်ိဳးလိုက္တဲ့ စမ္းသပ္မႈကို မေက်ာ္လႊားႏိုင္ခဲ့တာပါ။

11-inch iPad Pro ဟာ ႐ိုး႐ိုး အိတ္ကပ္ထဲထည့္ထားလို႔မရတဲ့ အ႐ြယ္အစားျဖစ္လို႔ ေက်ာပိုးအိတ္၊ ဒါမွွမဟုတ္ လက္ဆြဲအိတ္ေတြနဲ႔ပဲ ထည့္ၿပီး သယ္ေဆာင္သြားႏိုင္ေျခ ပိုမ်ားပါတယ္။ ဒါေပမယ့္ မေတာ္တဆ အေပၚတည့္တည့္ကို ေလးလံတဲ့အရာတစ္ခုခုနဲ႔ ဖိမိခ်ိန္မွာ အလြယ္တကူ က်ိဳးပဲ့မသြားဖို႔ေတာ့ လိုအပ္ပါတယ္။ ဒီအတြက္ 11-inch iPad Pro ပိုင္ရွင္ေတြအေနနဲ႔ အဆိုးဆုံးအေျခအေနအတြက္ ျပင္ဆင္ထားရမယ္လို႔ေတာင္ ေလွာင္ေျပာင္ခံေနရပါတယ္။ ကိုယ္တည္ တစ္ခုလုံးကို Plastic နဲ႔ အုပ္ထားတဲ့ New Apple Pencil ကလည္း ခါးလယ္ကေန ထက္ပိုင္းခ်ိဳးခံခဲ့ရေသးတာေၾကာင့္ စိတ္မေကာင္းစရာျဖစ္ရပ္ပဲလို႔ ေျပာ႐ုံကလြဲရင္ တျခားမရွိေတာ့ပါဘူး။

Ref: GSMarena

 

[Unicode]

Apple ရဲ့ ထုတ်ကုန်သစ်တွေဟာ စမ်းသပ်မှုတွေကို မကြာခဏ ကျော်ဖြတ်ပြနိုင်ခဲ့ကြပေမယ့် ဒီတစ်ကြိမ်မှာတော့ အနည်းငယ် ဝေဖန်ခံနေရပါတယ်။ ပြီးခဲ့တဲ့လတုန်းကလည်း Cnet ကပြုလုပ်တဲ့ Drop Test မှာ iPhone XR က ကင်မရာမှန်အပြင် မျက်နှာပြင်ပါ ကွဲသွားခဲ့လို့ မေးခွန်းတွေ ထုတ်ခံခဲ့ရပါတယ်။ အခုလည်း 11-inch iPad Pro က အလွယ်တကူကျိုးပဲ့သွားလို့ ဝေဖန်ခံရပြန်ပါပြီ။

New iPad Pro တွေကို 11-inch နဲ့ 12.9-inch ဆိုပြီး အရွယ်အစား နှစ်မျိုး ထုတ်လုပ်ခဲ့ပါတယ်။ 11-inch iPad Pro ကတော့ You Tube channel JerryRigEverything ရဲ့ အကြမ်းခံနိုင်မှု စမ်းသပ်ခြင်းမှာ လှလှပပပဲ ကျရှုံးသွားခဲ့ပါတယ်။ တင်ဆက်သူကတော့ iPad Pro ရဲ့ အခြေခံကြံ့ခိုင်မှုတွေဖြစ်တဲ့ မှန်သားပြင်မာကျောမှု၊ အပူဒဏ်ခံနိုင်မှု၊ ကျောဘက် ကိုယ်ထည်ရဲ့ အကြမ်းခံနိုင်မှု၊ iPad တစ်ခုလုံးရဲ့ မာကြောမှုတွေကို စမ်းသပ်ပြသွားတာ ဖြစ်ပါတယ်။

11-inch iPad Pro ကိုဝယ်ယူမယ်ဆိုရင် iPhone XR နဲ့ တန်ဖိုးချင်း သိပ်မကွာခြားပါဘူး။ iPhone XR ဝေဖန်ခံနေရချိန်မှာ 11-inch iPad Pro ကလည်း အခုလိုမျိုး ဝေဖန်ခံချင်စရာ ကိစ္စမျိုးနဲ့ ကြုံလာတာပဲ ဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ နည်းပညာပိုင်းမှာ ပိုပြီးကောင်းမွန်လာအောင် စွမ်းဆောင်နိုင်တယ်ဆိုပေမယ့် သုံးစွဲသူတွေက ပေးရတဲ့တန်းဖိုးနဲ့ ကိုက်ညီတဲ့ ကုန်ပစ္စည်းကို ရရဲ့လားဆိုတဲ့ မေးခွန်းကို အမြဲမေးလေ့ရှိပါတယ်။

11-inch iPad Pro ရဲ့ Screen ဟာ Glass နဲ့ အုပ်ထားသေးတယ်ဆိုပေမယ့် ပါးလွန်းပါတယ်။ ကျောဘက်ကိုယ်ထည်ကိုလည်း Metal နဲ့ ပြုလုပ်ထားတာ မှန်ပါတယ်။ ဒါပေမယ့် ဘေးဘက်ဘောင်တွေမှာ ကြံ့ခိုင်မှုအတွက် အားနည်းချက် ဖြစ်စေမယ့် နေရာတွေမှာမှ Microphone နဲ့ USB ပေါက်တွေ ဖောက်ထားပါတယ်။ ဒီအချက်တွေကြောင့်ပဲ အခုလိုမျိုး ကွေးပြီးချိုးလိုက်တဲ့ စမ်းသပ်မှုကို မကျော်လွှားနိုင်ခဲ့တာပါ။

11-inch iPad Pro ဟာ ရိုးရိုး အိတ်ကပ်ထဲထည့်ထားလို့မရတဲ့ အရွယ်အစားဖြစ်လို့ ကျောပိုးအိတ်၊ ဒါမှှမဟုတ် လက်ဆွဲအိတ်တွေနဲ့ပဲ ထည့်ပြီး သယ်ဆောင်သွားနိုင်ခြေ ပိုများပါတယ်။ ဒါပေမယ့် မတော်တဆ အပေါ်တည့်တည့်ကို လေးလံတဲ့အရာတစ်ခုခုနဲ့ ဖိမိချိန်မှာ အလွယ်တကူ ကျိုးပဲ့မသွားဖို့တော့ လိုအပ်ပါတယ်။ ဒီအတွက် 11-inch iPad Pro ပိုင်ရှင်တွေအနေနဲ့ အဆိုးဆုံးအခြေအနေအတွက် ပြင်ဆင်ထားရမယ်လို့တောင် လှောင်ပြောင်ခံနေရပါတယ်။ ကိုယ်တည် တစ်ခုလုံးကို Plastic နဲ့ အုပ်ထားတဲ့ New Apple Pencil ကလည်း ခါးလယ်ကနေ ထက်ပိုင်းချိုးခံခဲ့ရသေးတာကြောင့် စိတ်မကောင်းစရာဖြစ်ရပ်ပဲလို့ ပြောရုံကလွဲရင် တခြားမရှိတော့ပါဘူး။

Ref: GSMarena