Zawgyi

Apple ကေန ေစ်းသက္သာၿပီး အ႐ြယ္အစားေသးငယ္တဲ့ iPhone SE 2 ကို လာမယ့္ ၂၀၂၀ ခုႏွစ္အေစာပိုင္းမွာ မိတ္ဆက္လာမယ္ဆိုတဲ့သတင္းေတြက အခုဆိုရင္ အမ်ားအျပားကို ထြက္ရွိေနတာပါ။ အဆိုပါ သတင္းေတြထဲမွာ iPhone SE 2 ရဲ႕ iPhone 8 Design ကိုမွ A13 Bionic Chip နဲ႔ မိတ္ဆက္လာမယ္ဆိုတာေတြ၊ ေစ်းႏႈန္းအေနနဲ႔လည္း ေဒၚလာ ၄၀၀ ေအာက္ကေန စတင္မယ္ဆိုတာေတြပါဝင္ေနခဲ့တာျဖစ္ပါတယ္။

အခုအခ်ိန္မွာေတာ့ iPhone SE 2 နဲ႔အတူ iPad Pro အသစ္ကိုပါ မိတ္ဆက္လာေတာ့မယ္ဆိုၿပီး နာမည္ႀကီး သုံးသပ္သူေတြက ေျပာၾကားေနၾကတာျဖစ္ပါတယ္။ iPad Pro အသစ္နဲ႔ ပတ္သတ္တဲ့သတင္းေတြကို အေစာပိုင္းက Bloomberg က Mark Gurman ကေန အရင္ေျပာၾကားခဲ့တာျဖစ္ၿပီး ေနာက္ဆုံးအေနနဲ႔ Apple သတင္းေတြကို အၿမဲတမ္း မွန္ကန္စြာခန္႔မွန္းႏိုင္တဲ့ TF International Analyst ျဖစ္တဲ့ Ming-Chi Kuo ကပါ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အခု သုံးသပ္သူေတြရဲ႕ ေျပာၾကားခ်က္အရေတာ့ Apple ရဲ႕ iPad Pro အသစ္ေတြဟာ Camera ပိုင္းမွာ သိသိသာသာကို အဆင့္ျမႇင့္တင္ထားမွာျဖစ္ၿပီး လက္ရွိ iPhone 11 ရဲ႕ Dual Camera Setup အျပင္ 3D ToF Sensor အသစ္ကိုပါ ထည့္သြင္းလာမွာျဖစ္တယ္လို႔ သိရပါတယ္။ အဲ့ဒီအတြက္ iPad Pro အသစ္ေတြမွာ စုစုေပါင္း Sensor ၃ ခုပါဝင္မွာျဖစ္ၿပီးေတာ့ Facial Recognition ၊ AR ပိုင္းေတြအျပင္ Portrait ဓါတ္ပုံေတြအတြက္ ပိုၿပီး သဘာဝက်တဲ့ Bokeh Blur ေတြကို ရရွိလာမွာျဖစ္ပါတယ္။ Apple ကေန ဒီ 3D Sensor အသစ္ကို Augmented Reality Sensor လို႔ ေခၚဆိုမယ္ဆိုၿပီးလည္း သတင္းေတြထြက္ရွိပါတယ္။

ဒီ 3D Sensor အျပင္ iPhone 11 ရဲ႕ Camera Setup ကိုပဲ အသုံးျပဳထားတာေၾကာင့္ iPad Pro အသစ္ေတြမွာ Ultrawide Photo ၊ Night Mode နဲ႔ Deep Fusion လိုမ်ိဳး Feature ေတြပါ ရရွိလာႏိုင္ၿပီးေတာ့ လက္ရွိ Tablet ေတြထဲမွာ Camera အေကာင္းဆုံးေတာင္ ျဖစ္လာႏိုင္ပါတယ္။

Apple အေနနဲ႔ အခုမိတ္ဆက္ထားခဲ့တဲ့ iPhone 11 Series ေတြက ေအာင္ျမင္မႈရရွိေနတဲ့အျပင္ ဒီလိုမ်ိဳး ေစ်းသက္သာတဲ့ iPhone SE 2 နဲ႔ iPad Pro ေတြကိုပါ လာမယ့္ႏွစ္ အေစာပိုင္းမွာ မိတ္ဆက္ဦးမယ္ဆိုေတာ့ အခုထက္ ေစ်းကြက္ေရာင္းအားက ပိုေကာင္းလာဖို႔ရွိေနပါတယ္။ iPhone SE 2 ဆိုရင္ သုံးသပ္သူေတြက အလုံးေရ သန္း ၃၀ ကေန သန္း ၄၀ အထိ ေရာင္းခ်ရမယ္လို႔ ခန္႔မွန္းထားၾကတာလည္းျဖစ္ပါတယ္။

Ref – Phone Arena

Unicode

Apple ကနေ စျေးသက်သာပြီး အရွယ်အစားသေးငယ်တဲ့ iPhone SE 2 ကို လာမယ့် ၂၀၂၀ ခုနှစ်အစောပိုင်းမှာ မိတ်ဆက်လာမယ်ဆိုတဲ့သတင်းတွေက အခုဆိုရင် အများအပြားကို ထွက်ရှိနေတာပါ။ အဆိုပါ သတင်းတွေထဲမှာ iPhone SE 2 ရဲ့ iPhone 8 Design ကိုမှ A13 Bionic Chip နဲ့ မိတ်ဆက်လာမယ်ဆိုတာတွေ၊ စျေးနှုန်းအနေနဲ့လည်း ဒေါ်လာ ၄၀၀ အောက်ကနေ စတင်မယ်ဆိုတာတွေပါဝင်နေခဲ့တာဖြစ်ပါတယ်။

အခုအချိန်မှာတော့ iPhone SE 2 နဲ့အတူ iPad Pro အသစ်ကိုပါ မိတ်ဆက်လာတော့မယ်ဆိုပြီး နာမည်ကြီး သုံးသပ်သူတွေက ပြောကြားနေကြတာဖြစ်ပါတယ်။ iPad Pro အသစ်နဲ့ ပတ်သတ်တဲ့သတင်းတွေကို အစောပိုင်းက Bloomberg က Mark Gurman ကနေ အရင်ပြောကြားခဲ့တာဖြစ်ပြီး နောက်ဆုံးအနေနဲ့ Apple သတင်းတွေကို အမြဲတမ်း မှန်ကန်စွာခန့်မှန်းနိုင်တဲ့ TF International Analyst ဖြစ်တဲ့ Ming-Chi Kuo ကပါ ပြောကြားခဲ့တာဖြစ်ပါတယ်။

အခု သုံးသပ်သူတွေရဲ့ ပြောကြားချက်အရတော့ Apple ရဲ့ iPad Pro အသစ်တွေဟာ Camera ပိုင်းမှာ သိသိသာသာကို အဆင့်မြှင့်တင်ထားမှာဖြစ်ပြီး လက်ရှိ iPhone 11 ရဲ့ Dual Camera Setup အပြင် 3D ToF Sensor အသစ်ကိုပါ ထည့်သွင်းလာမှာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် iPad Pro အသစ်တွေမှာ စုစုပေါင်း Sensor ၃ ခုပါဝင်မှာဖြစ်ပြီးတော့ Facial Recognition ၊ AR ပိုင်းတွေအပြင် Portrait ဓါတ်ပုံတွေအတွက် ပိုပြီး သဘာဝကျတဲ့ Bokeh Blur တွေကို ရရှိလာမှာဖြစ်ပါတယ်။ Apple ကနေ ဒီ 3D Sensor အသစ်ကို Augmented Reality Sensor လို့ ခေါ်ဆိုမယ်ဆိုပြီးလည်း သတင်းတွေထွက်ရှိပါတယ်။

ဒီ 3D Sensor အပြင် iPhone 11 ရဲ့ Camera Setup ကိုပဲ အသုံးပြုထားတာကြောင့် iPad Pro အသစ်တွေမှာ Ultrawide Photo ၊ Night Mode နဲ့ Deep Fusion လိုမျိုး Feature တွေပါ ရရှိလာနိုင်ပြီးတော့ လက်ရှိ Tablet တွေထဲမှာ Camera အကောင်းဆုံးတောင် ဖြစ်လာနိုင်ပါတယ်။

Apple အနေနဲ့ အခုမိတ်ဆက်ထားခဲ့တဲ့ iPhone 11 Series တွေက အောင်မြင်မှုရရှိနေတဲ့အပြင် ဒီလိုမျိုး စျေးသက်သာတဲ့ iPhone SE 2 နဲ့ iPad Pro တွေကိုပါ လာမယ့်နှစ် အစောပိုင်းမှာ မိတ်ဆက်ဦးမယ်ဆိုတော့ အခုထက် စျေးကွက်ရောင်းအားက ပိုကောင်းလာဖို့ရှိနေပါတယ်။ iPhone SE 2 ဆိုရင် သုံးသပ်သူတွေက အလုံးရေ သန်း ၃၀ ကနေ သန်း ၄၀ အထိ ရောင်းချရမယ်လို့ ခန့်မှန်းထားကြတာလည်းဖြစ်ပါတယ်။

Ref – Phone Arena