[Zawgyi]

iPhone 11 နဲ႔ပတ္သက္ၿပီး ထြက္ေပၚခဲ့တဲ့သတင္းေတြထဲမွာ ေက်ာဘက္ကင္မရာသုံးလုံးကေတာ့ အထင္ရွားဆုံးပါပဲ။ ဒါ့အျပင္ Dark Mode နဲ႔ iOS 13 အေၾကာင္းကလည္း စိတ္ဝင္စားစရာျဖစ္သလို iPhone 11 ရဲ႕ မ်က္ႏွာျပင္ဟာ ေရေအာက္မွာဆိုရင္ေတာင္ အလုပ္လုပ္ႏိုင္တယ္ဆိုတဲ့ သတင္းကလည္း စိတ္ဝင္စားစရာပဲ ျဖစ္ပါတယ္။

iPhone သစ္ကို အမွန္တကယ္မိတ္ဆက္လဖို႔ လအနည္းငယ္ေလာက္ လိုေနေသးေပမယ့္ iOS 13 ကေတာ့ YouTube, EverythingApple နဲ႔ Tipster အခ်ိဳ႕ရဲ႕ စာမ်က္ႏွာေတြထက္မွာ အေတာ္ေလးကို ေရပန္းစားေနပါၿပီ။ ၿပီးခဲ့တဲ့ ေကာလာဟလေတြကို ျပန္ၾကည့္ရင္ေတာ့ High-End ႏွစ္လုံးဟာ 5.8-inch နဲ႔ 6.5-inch OLED မ်က္ႏွာျပင္ အသီးသီးနဲ႔ ထြက္ေပၚလာမယ္ ဆိုတာပါပဲ။ စိတ္မေကာင္းစရာအခ်က္ကေတာ့ အ႐ြယ္အစားႀကီးတဲ့ Notch ေတြက အရင္ iPhone ေတြအတိုင္းပဲ ဆက္ရွိေနဦးမယ္ဆိုတဲ့ သတင္းပါ။

ဘယ္လိုပဲျဖစ္ျဖစ္ iPhone 11 မွာေတာ့ တိုးတက္လာတာေတြ အေတာ္မ်ားမ်ား ရွိေနပါေသးတယ္။ Face ID feature ကလည္း အေတာ္ေလးကို တိုးတက္ေကာင္းမြန္လာၿပီး Unlock လုပ္ရတဲ့ အေတြ႕အႀကဳံကို ပိုေကာင္းေစမယ္လို႔ သိရပါတယ္။ ဥပမာအားျဖင့္ မ်က္ႏွာျပင္သိမွတ္မႈကို ဖတ္ရႈရာမွာ ကင္မရာနဲ႔ အနီးအေဝး ခ်ိန္ညႇိရာမွာ အရင္ကေလာက္ အခ်ိန္ယူေနမွာဘဲ ကင္မရာက အလိုအေလ်ာက္ အျမန္ဆုံးေထာက္လွမ္းခ်ိန္ညႇိေပးမယ္လို႔ ဆိုပါတယ္။

ေက်ာဘက္က ကင္မရာသုံးလုံးအေၾကာင္းကေတာ့ အေတာ္မ်ားမ်ား သိၿပီးေလာက္ ျဖစ္မွာပါ။ Regular, Telephoto နဲ႔ Ultra wide-angle lens တစ္လုံးစီပါပဲ။ အခ်ိဳ႕သတင္းေဖာ္ျပခ်က္ေတြမွာေတာ့ Stabilization ဟာ အဓိက ကင္မရာနဲ႔ Telephoto lens အတြက္ပဲ ပါဝင္မယ္လို႔ ေတြ႕ရပါတယ္။ Wide-angle lens အေၾကာင္းေျပာရင္ေတာ့ 120-degree field of view ကိုပဲ ေထာက္ပံ့ေပးဦးမယ္လို႔ သိထားရပါတယ္။

Flash ပိုင္း ေျပာင္းလဲမႈမွာေတာ့ အ႐ြယ္အစားမႀကီးလာေပမယ့္ အလင္းသက္ေရာက္မႈ ပိုမ်ားလာသလို ဧရိယာ ပိုၿပီးက်ယ္ျပန႔္လာမယ္လို႔ သိရပါတယ္။ Camera Bump ကလည္း ၿပီးခဲ့တဲ့မ်ိဳးဆက္ iPhone ေတြထက္ ပိုၿပီး ေသးငယ္လာမယ္လို႔ ဆိုပါတယ္။

iOS feature ေတြနဲ႔ပတ္သက္ၿပီး ေျပာရမယ္ဆိုရင္ေတာ့ Third-Party App ေတြနဲ႔ပါ တြဲသုံးလို႔ရမယ္ဆိုတဲ့ Dark Mode, အသုံးျပဳသူရဲ႕ အမူအက်င့္ကို ေလ့လာၿပီး RAM ကို စီမံခန႔္ခြဲမႈေတြလည္း ပါဝင္လာမယ္လို႔ သိရပါတယ္။ Jailbreaking ကေတာ့ ဟိုအရင္တုန္းကထက္ ပိုၿပီးတင္းၾကပ္သြားမယ္လို႔ ဆိုပါတယ္။

Ref: GSMArena

[Unicode]

iPhone 11 ကင်မရာပိုင်း အကြောင်းအရာအချို့ ပေါက်ကြားလာ

iPhone 11 နဲ့ပတ်သက်ပြီး ထွက်ပေါ်ခဲ့တဲ့သတင်းတွေထဲမှာ ကျောဘက်ကင်မရာသုံးလုံးကတော့ အထင်ရှားဆုံးပါပဲ။ ဒါ့အပြင် Dark Mode နဲ့ iOS 13 အကြောင်းကလည်း စိတ်ဝင်စားစရာဖြစ်သလို iPhone 11 ရဲ့ မျက်နှာပြင်ဟာ ရေအောက်မှာဆိုရင်တောင် အလုပ်လုပ်နိုင်တယ်ဆိုတဲ့ သတင်းကလည်း စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။

iPhone သစ်ကို အမှန်တကယ်မိတ်ဆက်လဖို့ လအနည်းငယ်လောက် လိုနေသေးပေမယ့် iOS 13 ကတော့ YouTube, EverythingApple နဲ့ Tipster အချို့ရဲ့ စာမျက်နှာတွေထက်မှာ အတော်လေးကို ရေပန်းစားနေပါပြီ။ ပြီးခဲ့တဲ့ ကောလာဟလတွေကို ပြန်ကြည့်ရင်တော့ High-End နှစ်လုံးဟာ 5.8-inch နဲ့ 6.5-inch OLED မျက်နှာပြင် အသီးသီးနဲ့ ထွက်ပေါ်လာမယ် ဆိုတာပါပဲ။ စိတ်မကောင်းစရာအချက်ကတော့ အရွယ်အစားကြီးတဲ့ Notch တွေက အရင် iPhone တွေအတိုင်းပဲ ဆက်ရှိနေဦးမယ်ဆိုတဲ့ သတင်းပါ။

ဘယ်လိုပဲဖြစ်ဖြစ် iPhone 11 မှာတော့ တိုးတက်လာတာတွေ အတော်များများ ရှိနေပါသေးတယ်။ Face ID feature ကလည်း အတော်လေးကို တိုးတက်ကောင်းမွန်လာပြီး Unlock လုပ်ရတဲ့ အတွေ့အကြုံကို ပိုကောင်းစေမယ်လို့ သိရပါတယ်။ ဥပမာအားဖြင့် မျက်နှာပြင်သိမှတ်မှုကို ဖတ်ရှုရာမှာ ကင်မရာနဲ့ အနီးအဝေး ချိန်ညှိရာမှာ အရင်ကလောက် အချိန်ယူနေမှာဘဲ ကင်မရာက အလိုအလျောက် အမြန်ဆုံးထောက်လှမ်းချိန်ညှိပေးမယ်လို့ ဆိုပါတယ်။

ကျောဘက်က ကင်မရာသုံးလုံးအကြောင်းကတော့ အတော်များများ သိပြီးလောက် ဖြစ်မှာပါ။ Regular, Telephoto နဲ့ Ultra wide-angle lens တစ်လုံးစီပါပဲ။ အချို့သတင်းဖော်ပြချက်တွေမှာတော့ Stabilization ဟာ အဓိက ကင်မရာနဲ့ Telephoto lens အတွက်ပဲ ပါဝင်မယ်လို့ တွေ့ရပါတယ်။ Wide-angle lens အကြောင်းပြောရင်တော့ 120-degree field of view ကိုပဲ ထောက်ပံ့ပေးဦးမယ်လို့ သိထားရပါတယ်။

Flash ပိုင်း ပြောင်းလဲမှုမှာတော့ အရွယ်အစားမကြီးလာပေမယ့် အလင်းသက်ရောက်မှု ပိုများလာသလို ဧရိယာ ပိုပြီးကျယ်ပြန့်လာမယ်လို့ သိရပါတယ်။ Camera Bump ကလည်း ပြီးခဲ့တဲ့မျိုးဆက် iPhone တွေထက် ပိုပြီး သေးငယ်လာမယ်လို့ ဆိုပါတယ်။

iOS feature တွေနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ Third-party app တွေနဲ့ပါ တွဲသုံးလို့ရမယ်ဆိုတဲ့ Dark Mode, အသုံးပြုသူရဲ့ အမူအကျင့်ကို လေ့လာပြီး RAM ကို စီမံခန့်ခွဲမှုတွေလည်း ပါဝင်လာမယ်လို့ သိရပါတယ်။ Jailbreaking ကတော့ ဟိုအရင်တုန်းကထက် ပိုပြီးတင်းကြပ်သွားမယ်လို့ ဆိုပါတယ်။

Ref: GSMArena