[Zawgyi]

iPhone 11, iPhone 11 Max နဲ႔ iPhone 11 R တို႔ဟာ ၿပီးခဲ့တဲ့ ၂၀၁၈ iPhone ေတြကို တစ္ဝက္ေလာက္အေျခခံယူ၊ တစ္ဝက္ေလာက္အဆင့္ျမႇင့္တင္ၿပီး ထြက္ေပၚလာမယ္ဆိုတာကို မီဒီယာတိုင္္းလိုလို ေဖာ္ျပၿပီးသား ျဖစ္ပါတယ္။ ဒါေပမယ့္ Mac Otakara နဲ႔ 9To5Mac တို႔ရဲ႕ ေဖာ္ျပခ်က္အသစ္မွာေတာ့ iPhone 11 မွာ ပါဝင္လာမယ့္ Feature သစ္တစ္ခုဟာ Samsung ရဲ႕ Galaxy S10 မွာ ပါဝင္ၿပီးသားျဖစ္တယ္လို႔ ေတြ႕ရပါတယ္။

ေနာက္ဆုံးေပၚ iPhone ေတြဟာ Multiroom audio ကို AriPlay 2 speakers ေတြဆီ ေထာက္ပံ့ေပးတယ္ဆိုေပမယ့္ Apple ရဲ႕ Software ဟာ လက္ရွိအခ်ိန္မွာကန႔္သတ္မႈနဲ႔ ျဖစ္ပါတယ္။ ပုံမွန္ ဘလူးတုသ္ အစိတ္အပိုင္းတစ္ခုတည္းကိုသာ ဒီ Audio က ခ်ိတ္ဆက္ႏိုင္မွာပါ။ ဒါေပမယ့္ iPhone 11 မွာေတာ့ Samsung ရဲ႕ Galaxy S10 ေတြလိုပဲ Dual Audio စနစ္အျဖစ္ ေျပာင္းလဲသြားမယ္လို႔ သိရပါတယ္။

ဒီလိုသာတကယ္ျဖစ္လာမယ္ဆိုရင္ iPhone အသုံးျပဳသူအေနနဲ႔ Audio ကို AirPod ႏွစ္စုံ၊ စပီကာႏွစ္ခု၊ ဒါမွမဟုတ္ Bluetooth နဲ႔ ခ်ိတ္ဆက္ႏိုင္တဲ့ အျခားစက္အစိတ္အပိုင္းႏွစ္္ခုကို တစ္ၿပိဳင္နက္ ခ်ိတ္ဆက္အသုံးျပဳႏိုင္မယ့္ သေဘာျဖစ္ပါတယ္။ Software ပိုင္းဆိုင္ရာ ေထာက္ပံ့မႈအျပင္ Bluetooth 5.0 chip လည္း သုံးထားမယ္ဆိုရင္ေတာ့ ဒီလို Dual Audio စနစ္က အမွန္တကယ္ ျဖစ္ေပၚလာဖြယ္ ရွိပါတယ္။

လာမယ့္ ရက္သတၱပတ္အတြင္း iOS 13 Update ကို ေၾကညာသြားဖြယ္ရွိေနတဲ့အတြက္ Apple ဟာ Dual Audio ေထာက္ပံ့ေပးမယ့္ Feature အေၾကာင္းကိုလည္း တစ္ပါတည္း မိတ္ဆက္သြားမယ္လို႔ ယူဆရပါတယ္။ ဒါ့အျပင္ ပထမဆုံး Bluetooth 5.0 chip ေတြသုံးထားတဲ့ iPhoe 8 နဲ႔ iPhone 8 Plus တို႔မွာလည္း Dual Audio ေထာက္ပံ့မႈကို ရရွိလာမယ္လို႔ ယူဆရပါတယ္။

Ref: Phone Arena

[Unicode]

Galaxy S10 ရဲ့ အရေးပါတဲ့ Feature တစ်ခုကို အလားတူသုံးလာဖွယ်ရှိတဲ့ iPhone 11

iPhone 11, iPhone 11 Max နဲ့ iPhone 11 R တို့ဟာ ပြီးခဲ့တဲ့ ၂၀၁၈ iPhone တွေကို တစ်ဝက်လောက်အခြေခံယူ၊ တစ်ဝက်လောက်အဆင့်မြှင့်တင်ပြီး ထွက်ပေါ်လာမယ်ဆိုတာကို မီဒီယာတိုင််းလိုလို ဖော်ပြပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့် Mac Otakara နဲ့ 9To5Mac တို့ရဲ့ ဖော်ပြချက်အသစ်မှာတော့ iPhone 11 မှာ ပါဝင်လာမယ့် Feature သစ်တစ်ခုဟာ Samsung ရဲ့ Galaxy S10 မှာ ပါဝင်ပြီးသားဖြစ်တယ်လို့ တွေ့ရပါတယ်။

နောက်ဆုံးပေါ် iPhone တွေဟာ Multiroom audio ကို AriPlay 2 speakers တွေဆီ ထောက်ပံ့ပေးတယ်ဆိုပေမယ့် Apple ရဲ့ Software ဟာ လက်ရှိအချိန်မှာကန့်သတ်မှုနဲ့ ဖြစ်ပါတယ်။ ပုံမှန် ဘလူးတုသ် အစိတ်အပိုင်းတစ်ခုတည်းကိုသာ ဒီ Audio က ချိတ်ဆက်နိုင်မှာပါ။ ဒါပေမယ့် iPhone 11 မှာတော့ Samsung ရဲ့ Galaxy S10 တွေလိုပဲ Dual Audio စနစ်အဖြစ် ပြောင်းလဲသွားမယ်လို့ သိရပါတယ်။

ဒီလိုသာတကယ်ဖြစ်လာမယ်ဆိုရင် iPhone အသုံးပြုသူအနေနဲ့ Audio ကို AirPod နှစ်စုံ၊ စပီကာနှစ်ခု၊ ဒါမှမဟုတ် Bluetooth နဲ့ ချိတ်ဆက်နိုင်တဲ့ အခြားစက်အစိတ်အပိုင်းနှစ််ခုကို တစ်ပြိုင်နက် ချိတ်ဆက်အသုံးပြုနိုင်မယ့် သဘောဖြစ်ပါတယ်။ Software ပိုင်းဆိုင်ရာ ထောက်ပံ့မှုအပြင် Bluetooth 5.0 chip လည်း သုံးထားမယ်ဆိုရင်တော့ ဒီလို Dual Audio စနစ်က အမှန်တကယ် ဖြစ်ပေါ်လာဖွယ် ရှိပါတယ်။

လာမယ့် ရက်သတ္တပတ်အတွင်း iOS 13 Update ကို ကြေညာသွားဖွယ်ရှိနေတဲ့အတွက် Apple ဟာ Dual Audio ထောက်ပံ့ပေးမယ့် Feature အကြောင်းကိုလည်း တစ်ပါတည်း မိတ်ဆက်သွားမယ်လို့ ယူဆရပါတယ်။ ဒါ့အပြင် ပထမဆုံး Bluetooth 5.0 chip တွေသုံးထားတဲ့ iPhoe 8 နဲ့ iPhone 8 Plus တို့မှာလည်း Dual Audio ထောက်ပံ့မှုကို ရရှိလာမယ်လို့ ယူဆရပါတယ်။

Ref: Phone Arena