[Zawgyi]

Apple က iPhone 11, iPhone 11 Pro နဲ႔ iPhone 11 Pro Max ေတြကို စက္တင္ဘာလ ၁၀ ရက္မွာ ေၾကညာေတာ့မွာပါ။ နာမည္ႀကီး US Carrier  ၁ ခုက ထြက္လာတဲ့ သတင္းအရ အဲဒီ စမတ္ဖုန္းေတြကို စက္တင္ဘာလ ၁၃ ရက္မွာ ႀကိဳတင္မွာယူခြင့္ေပးမွာ ျဖစ္ပါတယ္။ မိတ္ဆက္ပြဲၿပီးေနာက္ ေသာၾကာေန႔ ျဖစ္ၿပီး Apple က ႏွစ္တိုင္း အဲဒီေန႔မွာ ႀကိဳတင္မွာယူခြင့္ေပးေနက် ျဖစ္ပါတယ္။

iPhone အသစ္ေတြကို စက္တင္ဘာလ ၂၀ ရက္မွာ စတင္ ေရာင္းခ်ေပးမယ္လို႔လည္း အဲဒီ သတင္းအရင္းအျမစ္က ေျပာပါတယ္။ ႀကိဳတင္မွာယူခြင့္ျပဳၿပီး ၁ ပတ္တိတိမွာ ျဖစ္ပါတယ္။ ဒါဟာလည္း Apple ျပဳလုပ္ေနက် မူအတိုင္း ျဖစ္ပါတယ္။ ဒီသတင္းေတြကိုေတာ့ Apple က အတည္ျပဳထားျခင္း မရွိေသးေပမယ့္ ကုမၸဏီရဲ႕ မူအတိုင္းပဲ ျပဳလုပ္မယ္လို႔ ထင္ရပါတယ္။

iPhone 11 Models ေတြကိုေတာ့ ဒီႏွစ္မွာ တစ္ၿပိဳင္နက္ထဲ ေရာင္းခ်ႏုိင္ပါတယ္။ ၂၀၁၈ ခုႏွစ္တုန္းက iPhone XS နဲ႔ XS Max ကို အရင္ေရာင္းခ်ခဲ့ၿပီး iPhone XR ကိုေတာ့ ေအာက္တိုဘာလက်မွ ေရာင္းေပးခဲ့ပါတယ္။ ၂၀၁၇ ခုႏွစ္တုန္းကလည္း iPhone 8 နဲ႔ iPhone 8 Plus ကို စက္တင္ဘာလမွာ ေရာင္းေပးခဲ့ေပမယ့္ iPhone X ကို ႏို၀င္ဘာလက်မွ ၀ယ္ယူႏိုင္ခဲ့ပါတယ္။

Apple က စက္တင္ဘာလ ၁၀ ရက္ေန႔မွာ ကယ္လီဖိုးနီးယား ျပည္နယ္ Cupertino ရွိ ရံုးခ်ဳပ္မွ Steve Jobs Theater မွာ iPhone အသစ္ေတြကို ေၾကညာမယ္လို႔ ၿပီးခဲ့တဲ့ ရက္ပိုင္းက အတည္ျပဳလိုက္ပါတယ္။ ကုမၸဏီက ဖိတ္စာေတြကိုလည္း ေ၀ငွထားပါတယ္။ ဖိတ္စာမွာ By innovation only လို႔ ေရးသားထားတဲ့အတြက္ iPhone အသစ္ေတြမွာ ပါလာမယ့္ ထူးျခားဆန္းသစ္မႈေတြကို ရင္ခုန္ေစာင့္စားရေတာ့မွာ ျဖစ္ပါတယ္။

Ref : gsmarena

[Unicode]

iPhone 11 Series တွေကို စက်တင်ဘာလ ၂၀ မှာ ရောင်းချနိုင်

Apple က iPhone 11, iPhone 11 Pro နဲ့ iPhone 11 Pro Max တွေကို စက်တင်ဘာလ ၁၀ ရက်မှာ ကြေညာတော့မှာပါ။ နာမည်ကြီး US Carrier ၁ ခုက ထွက်လာတဲ့ သတင်းအရ အဲဒီ စမတ်ဖုန်းတွေကို စက်တင်ဘာလ ၁၃ ရက်မှာ ကြိုတင်မှာယူခွင့်ပေးမှာ ဖြစ်ပါတယ်။ မိတ်ဆက်ပွဲပြီးနောက် သောကြာနေ့ ဖြစ်ပြီး Apple က နှစ်တိုင်း အဲဒီနေ့မှာ ကြိုတင်မှာယူခွင့်ပေးနေကျ ဖြစ်ပါတယ်။

iPhone အသစ်တွေကို စက်တင်ဘာလ ၂၀ ရက်မှာ စတင် ရောင်းချပေးမယ်လို့လည်း အဲဒီ သတင်းအရင်းအမြစ်က ပြောပါတယ်။ ကြိုတင်မှာယူခွင့်ပြုပြီး ၁ ပတ်တိတိမှာ ဖြစ်ပါတယ်။ ဒါဟာလည်း Apple ပြုလုပ်နေကျ မူအတိုင်း ဖြစ်ပါတယ်။ ဒီသတင်းတွေကိုတော့ Apple က အတည်ပြုထားခြင်း မရှိသေးပေမယ့် ကုမ္ပဏီရဲ့ မူအတိုင်းပဲ ပြုလုပ်မယ်လို့ ထင်ရပါတယ်။

iPhone 11 Models တွေကိုတော့ ဒီနှစ်မှာ တစ်ပြိုင်နက်ထဲ ရောင်းချနိုင်ပါတယ်။ ၂၀၁၈ ခုနှစ်တုန်းက iPhone XS နဲ့ XS Max ကို အရင်ရောင်းချခဲ့ပြီး iPhone XR ကိုတော့ အောက်တိုဘာလကျမှ ရောင်းပေးခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်တုန်းကလည်း iPhone 8 နဲ့ iPhone 8 Plus ကို စက်တင်ဘာလမှာ ရောင်းပေးခဲ့ပေမယ့် iPhone X ကို နိုဝင်ဘာလကျမှ ဝယ်ယူနိုင်ခဲ့ပါတယ်။

Apple က စက်တင်ဘာလ ၁၀ ရက်နေ့မှာ ကယ်လီဖိုးနီးယား ပြည်နယ် Cupertino ရှိ ရုံးချုပ်မှ Steve Jobs Theater မှာ iPhone အသစ်တွေကို ကြေညာမယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက အတည်ပြုလိုက်ပါတယ်။ ကုမ္ပဏီက ဖိတ်စာတွေကိုလည်း ဝေငှထားပါတယ်။ ဖိတ်စာမှာ By innovation only လို့ ရေးသားထားတဲ့အတွက် iPhone အသစ်တွေမှာ ပါလာမယ့် ထူးခြားဆန်းသစ်မှုတွေကို ရင်ခုန်စောင့်စားရတော့မှာ ဖြစ်ပါတယ်။

Ref : gsmarena