[Zawgyi]

iPhone 11 Series ေတြကို အိႏၵိယမွာ ေသာၾကာေန႔ကမွ စတင္ ေရာင္းခ်ေပးခဲ့တာ ျဖစ္ၿပီး ေရာင္းအားေတြ လန္းေနတယ္လို႔ စစ္တမ္း ၁ ခုက ေဖာ္ျပလိုက္ပါတယ္။ iPhone 6 နဲ႔ ယွဥ္ရင္ လူစိတ္၀င္စားမႈ အရမ္းကိုျမင့္မားေနတယ္လို႔ Counterpoint Research က Tarun Pathak က ေျပာပါတယ္။

ဒီလ ၂၀ ရက္ေန႔ကမွ ႀကိဳတင္မွာယူခြင့္ေပးခဲ့တာ ျဖစ္ၿပီး နာမည္ႀကီး အေရာင္းဆိုင္ေတြ ျဖစ္တဲ့ Amazon India နဲ႔ Flipkart တို႔မွာ ၃ ရက္အတြင္း ပစၥည္း ျပတ္သြားခဲ့ပါတယ္။ အိႏၵိယ ႏိုင္ငံအ၀န္းမွာ iPhone အသစ္ေတြ ၀ယ္ယူဖို႔ စတိုးဆိုင္ေတြ အေရွ႕မွာ နာရီေပါင္းမ်ားစြာ လူေတြ တစ္ေလွႀကီး တန္းစီေနၾကပါတယ္။

ေမာ္ဒယ္ ၃ ခုထဲမွာ iPhone 11 က လူႀကိဳက္အမ်ားဆံုး ျဖစ္ေနပါတယ္။တန္ဖိုးအနည္းဆံုး ေမာ္ဒယ္ကို ရူပီး ၆၄,၉၀၀ (ျမန္မာေငြ ၁၄ သိန္းေလာက္) သတ္မွတ္ထားပါတယ္။ အရင္ႏွစ္ iPhone XR ထက္ ရူပီး ၁၂,၀၀၀ (ျမန္မာေငြ ၂ သိန္းခြဲေလာက္) သက္သာပါတယ္။ ဒါ့အျပင္ ဖုန္း အေဟာင္းေပးၿပီး ၀ယ္ယူႏုိင္တာနဲ႔ ေငြသား လက္ေဆာင္ျပန္ေပးတဲ့ အစီအစဥ္ေတြေၾကာင့္ ရူပီး ၇,၀၀၀ (ျမန္မာေငြ ၁ သိန္းခြဲေလာက္)  ထပ္ သက္သာသြားပါတယ္။

ေဒ၀ါလီ ပြဲေတာ္ နီးလာၿပီ ျဖစ္တဲ့ အတြက္ iPhone 11 Series ေတြရဲ႕ ေရာင္းအားက ဒီထက္ ပိုလန္းလာမွာ ျဖစ္ပါတယ္။ ကြ်မ္းက်င္သူေတြရဲ႕ ခန္႔မွန္းခ်က္ေတြအရ ေအာက္တိုဘာလနဲ႔ ဒီဇင္ဘာလအတြင္း အိႏၵိယ စမတ္ဖုန္း ေစ်းကြက္ကို iPhone 11 Series ေတြက ဦးေဆာင္မယ္လို႔ သိရပါတယ္။

Ref : gsmarena

[Unicode]

iPhone 11 Series တွေ အိန္ဒိယမှာ ရောင်းအားလန်းနေ

iPhone 11 Series တွေကို အိန္ဒိယမှာ သောကြာနေ့ကမှ စတင် ရောင်းချပေးခဲ့တာ ဖြစ်ပြီး ရောင်းအားတွေ လန်းနေတယ်လို့ စစ်တမ်း ၁ ခုက ဖော်ပြလိုက်ပါတယ်။ iPhone 6 နဲ့ ယှဉ်ရင် လူစိတ်ဝင်စားမှု အရမ်းကိုမြင့်မားနေတယ်လို့ Counterpoint Research က Tarun Pathak က ပြောပါတယ်။

ဒီလ ၂၀ ရက်နေ့ကမှ ကြိုတင်မှာယူခွင့်ပေးခဲ့တာ ဖြစ်ပြီး နာမည်ကြီး အရောင်းဆိုင်တွေ ဖြစ်တဲ့ Amazon India နဲ့ Flipkart တို့မှာ ၃ ရက်အတွင်း ပစ္စည်း ပြတ်သွားခဲ့ပါတယ်။ အိန္ဒိယ နိုင်ငံအဝန်းမှာ iPhone အသစ်တွေ ဝယ်ယူဖို့ စတိုးဆိုင်တွေ အရှေ့မှာ နာရီပေါင်းများစွာ လူတွေ တစ်လှေကြီး တန်းစီနေကြပါတယ်။

မော်ဒယ် ၃ ခုထဲမှာ iPhone 11 က လူကြိုက်အများဆုံး ဖြစ်နေပါတယ်။ စွမ်းရည်အနိမ့်ဆုံး ဖြစ်ပြီး တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ရူပီး ၆၄,၉၀၀ (မြန်မာငွေ ၁၄ သိန်းလောက်) သတ်မှတ်ထားပါတယ်။ အရင်နှစ် iPhone XR ထက် ရူပီး ၁၂,၀၀၀ (မြန်မာငွေ ၂ သိန်းခွဲလောက်) သက်သာပါတယ်။ ဒါ့အပြင် ဖုန်း အဟောင်းပေးပြီး ဝယ်ယူနိုင်တာနဲ့ ငွေသား လက်ဆောင်ပြန်ပေးတဲ့ အစီအစဉ်တွေကြောင့် ရူပီး ၇,၀၀၀ (မြန်မာငွေ ၁ သိန်းခွဲလောက်) ထပ် သက်သာသွားပါတယ်။

ဒေဝါလီ ပွဲတော် နီးလာပြီ ဖြစ်တဲ့ အတွက် iPhone 11 Series တွေရဲ့ ရောင်းအားက ဒီထက် ပိုလန်းလာမှာ ဖြစ်ပါတယ်။ ကျွမ်းကျင်သူတွေရဲ့ ခန့်မှန်းချက်တွေအရ အောက်တိုဘာလနဲ့ ဒီဇင်ဘာလအတွင်း အိန္ဒိယ စမတ်ဖုန်း ဈေးကွက်ကို iPhone 11 Series တွေက ဦးဆောင်မယ်လို့ သိရပါတယ်။

Ref : gsmarena