[Zawgyi]

Apple ရဲ႕ စက္တင္ဘာ ၁၀ Event ကေတာ့ နီးသည္ထက္ နီးကပ္လာခဲ့ပါၿပီ။ ၂၀၁၉ အတြက္ မ်ိဳးဆက္သစ္ iPhone 11 ေတြ ဘယ္လိုပုံစံမ်ိဳးနဲ႔ ထြက္လာမလဲဆိုတာကေတာ့ အေတာ္မ်ားမ်ား သိၿပီးၾကၿပီ ျဖစ္ပါလိမ့္မယ္။ iPhone XR, iPhone XS နဲ႔ XS Max ေတြကို ဆက္ခံမယ့္ သုံးမ်ိဳးထြက္လာဦးမွာ ေသခ်ာေပမယ့္ နာမည္မွာ “Pro” ဆိုတဲ့ ေဝါဟာရ ပါဝင္လာတာလည္း ျဖစ္လာႏိုင္ပါတယ္။

Bloomberg ကေတာ့ Pro နာမည္နဲ႔ ထြက္မယ့္ အမ်ိဳးအစားဟာ ေက်ာဘက္ကင္မရာသုံးလုံးပါဝင္မွာျဖစ္ၿပီး Wide angle, Telephoto နဲ႔ Ultra-wide lens ေတြတပ္ဆင္ေပးထားမယ္လို႔ အခိုင္အမာ ေရးသားေဖာ္ျပခဲ့ပါတယ္။ Pro ေမာ္ဒယ္ေတြဟာ Resolution ပိုၿပီးျမင့္မားဖို႔နဲ႔ အလင္းေရာင္မွိန္တဲ့အခ်ိန္မွာ ပိုေကာင္းတဲ့စြမ္းေဆာင္ရည္နဲ႔ ႐ုပ္ပုံေတြဖမ္းယူႏိုင္ဖို႔ အဓိကထားတယ္လို႔ ဆိုပါတယ္။

အသုံးျပဳသူဟာ Frame နဲ႔ Post-processing ေ႐ြးခ်ယ္ႏိုင္မွာျဖစ္သလို Crop နဲ႔ ဗီဒီယိုတည္းျဖတ္ဖို႔ကိုလည္း Photos app ထဲမွာ ထည့္သြင္းေပးထားလို႔ အလြယ္တကူလုပ္ေဆာင္ႏိုင္မွာ ျဖစ္တယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ iPhone 11 Pro ေတြမွာ ႐ိုက္ကူးၿပီးသြားမွ တည္းျဖတ္စရာမလိုဘဲ ႐ိုက္ကူးေနတုန္းမွာပဲ လိုခ်င္တဲ့အေနအထားကို ခ်ိန္ညႇိလို႔ရမွာျဖစ္ပါတယ္။

ေနာက္တစ္ခ်က္ကေတာ့ Face ID တစ္ခုလုံးကိုလည္း ပိုၿပီးအဆင့္ျမႇင့္တင္ထားတယ္လို႔ သိရပါတယ္။ iPhone သစ္ေတြမွာ Multi-angle sensor ေတြပါဝင္လာမွာျဖစ္တာေၾကာင့္ ဖုန္းကစားပြဲေပၚမွာခ်ထားရင္ေတာင္ Unlock လုပ္လို႔ရမယ္လို႔ ဆိုပါတယ္။ A13 Chipset ကေတာ့ AR applications ေတြအတြက္ Co-processor ပိုင္းပိုၿပီးဖြံ႕ၿဖိဳးလာတယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ အေရာင္သစ္အျဖစ္ Matte color လည္း ပါလာမယ္လို႔ သိရပါတယ္။

Ref: GSM Arena

[Unicode]

iPhone 11 တွေဟာ Face ID sensor နဲ့ Low-light Photography ပိုင်းမှာ ပိုကောင်းလာမယ်လို့ သတင်းထွက်ပေါ်လာ

Apple ရဲ့ စက်တင်ဘာ ၁၀ Event ကတော့ နီးသည်ထက် နီးကပ်လာခဲ့ပါပြီ။ ၂၀၁၉ အတွက် မျိုးဆက်သစ် iPhone 11 တွေ ဘယ်လိုပုံစံမျိုးနဲ့ ထွက်လာမလဲဆိုတာကတော့ အတော်များများ သိပြီးကြပြီ ဖြစ်ပါလိမ့်မယ်။ iPhone XR, iPhone XS နဲ့ XS Max တွေကို ဆက်ခံမယ့် သုံးမျိုးထွက်လာဦးမှာ သေချာပေမယ့် နာမည်မှာ “Pro” ဆိုတဲ့ ဝေါဟာရ ပါဝင်လာတာလည်း ဖြစ်လာနိုင်ပါတယ်။

Bloomberg ကတော့ Pro နာမည်နဲ့ ထွက်မယ့် အမျိုးအစားဟာ ကျောဘက်ကင်မရာသုံးလုံးပါဝင်မှာဖြစ်ပြီး Wide angle, Telephoto နဲ့ Ultra-wide lens တွေတပ်ဆင်ပေးထားမယ်လို့ အခိုင်အမာ ရေးသားဖော်ပြခဲ့ပါတယ်။ Pro မော်ဒယ်တွေဟာ Resolution ပိုပြီးမြင့်မားဖို့နဲ့ အလင်းရောင်မှိန်တဲ့အချိန်မှာ ပိုကောင်းတဲ့စွမ်းဆောင်ရည်နဲ့ ရုပ်ပုံတွေဖမ်းယူနိုင်ဖို့ အဓိကထားတယ်လို့ ဆိုပါတယ်။

အသုံးပြုသူဟာ Frame နဲ့ Post-processing ရွေးချယ်နိုင်မှာဖြစ်သလို Crop နဲ့ ဗီဒီယိုတည်းဖြတ်ဖို့ကိုလည်း Photos app ထဲမှာ ထည့်သွင်းပေးထားလို့ အလွယ်တကူလုပ်ဆောင်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် iPhone 11 Pro တွေမှာ ရိုက်ကူးပြီးသွားမှ တည်းဖြတ်စရာမလိုဘဲ ရိုက်ကူးနေတုန်းမှာပဲ လိုချင်တဲ့အနေအထားကို ချိန်ညှိလို့ရမှာဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ Face ID တစ်ခုလုံးကိုလည်း ပိုပြီးအဆင့်မြှင့်တင်ထားတယ်လို့ သိရပါတယ်။ iPhone သစ်တွေမှာ Multi-angle sensor တွေပါဝင်လာမှာဖြစ်တာကြောင့် ဖုန်းကစားပွဲပေါ်မှာချထားရင်တောင် Unlock လုပ်လို့ရမယ်လို့ ဆိုပါတယ်။ A13 Chipset ကတော့ AR applications တွေအတွက် Co-processor ပိုင်းပိုပြီးဖွံ့ဖြိုးလာတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အရောင်သစ်အဖြစ် Matte color လည်း ပါလာမယ်လို့ သိရပါတယ်။

Ref: GSM Arena