[Zawgyi]

Apple ကေတာ့ သူ႔ရဲ႕ ၂၀၁၉ ထုတ္ iPhone 11 မွာ Qualcomm Modem ကို အသုံးမျပဳဘဲ အျခားအမွတ္တံဆိပ္နဲ႔ အစားထိုးဖို႔ ျပင္ဆင္ေနေၾကာင္း သိရပါတယ္။ Apple ရဲ႕ ပထမဦးစားေပးက Intel ျဖစ္သြားဖြယ္ရွိပါတယ္။ ဒါတင္မကေသးဘဲ Apple ဟာ အျခား ကုမၸဏီေတြျဖစ္တဲ့ Samsung နဲ႔ MediaTek တို႔ကိုလည္း ထိေတြ႕မႈ ျပဳေနတယ္လို႔ သတင္းထြက္ေပၚလာပါတယ္။

အေစာပိုင္းကေတာ့ Apple အေနနဲ႔ Modem ကို ကိုယ္တိုင္ပဲ ထုတ္လုပ္ေတာ့မယ္လို႔ သတင္းထြက္ခဲ့ပါတယ္။ ဆန္တီေယဂိုမွာ အလုပ္လုပ္ဖို႔ ကြၽမ္းက်င္အင္ဂ်င္နီယာေတြ ငွားရမ္းခဲ့တယ္ဆိုတဲ့ သတင္းက အမွန္ျဖစ္ေပမယ့္ ကိုယ္တိုင္ထုတ္လုပ္ဖို႔ဆိုတာက ခ်က္ခ်င္းလက္ငင္းမရဘဲ အခ်ိန္ယူရဦးမွာပါ။ ဒါေၾကာင့္ ၂၀၁၉ မွာထုတ္မယ့္ iPhone ေတြအတြက္ Modem ေတြကိုေတာ့ Supplier ေတြဆီကပဲ ဝယ္ယူသုံးစြဲရဦးမွာပါ။

ထြက္ေပၚလာတဲ့ သတင္းအခ်ိဳ႕မွာေတာ့ Apple အေနနဲ႔ လာမယ့္ ၂၀၂၀ အထိ 5G Modem ကို ရရွိဦးမွာ မဟုတ္ဘူးလို႔ ဆိုပါတယ္။ ဒီအတြက္ ၂၀၁၉ ထုတ္ကုန္ေတြမွာ လက္တြဲလက္စျဖစ္တဲ့ Intel နဲ႔ပဲ ဆက္သြားတာလည္း ျဖစ္ႏိုင္ပါတယ္။ Intel နဲ႔ဆိုရင္ေတာ့ 8161 5G Modem Chip ျဖစ္မယ္လို႔ ၿပီးခဲ့တဲ့ ႏွစ္ကတည္းက သတင္းထြက္ခဲ့တာပါ။

Qualcomm ရဲ႕ မူပိုင္ခြင့္နဲ႔ပတ္သက္ၿပီး ေတာက္ေလွ်ာက္ထိုးႏွက္လာမႈဟာ Apple အတြက္ေတာ့ တြဲထားတဲ့လက္ကို ျဖဳတ္လိုက္ေစဖို႔ဖိအားေပးေနသလိုပါပဲ။ ဒါတင္မကဘဲ မူပိုင္ခြင့္နဲ႔ လိုင္စင္အတြက္ ေပးေခ်ရမယ့္ ႏႈန္းထားကလည္း အလြန္အမင္းႀကီးျမင့္ေနပါတယ္။ လက္ရွိအခ်ိန္ထိေတာ့ Apple အေနနဲ႔ ဘယ္ကုမၸဏီရဲ႕ Modem ကို အသုံးျပဳမယ္ဆိုတာနဲ႔ပတ္သက္ၿပီး အၿပီးသတ္ဆုံးျဖတ္ခ်က္ မခ်မွတ္ရေသးဘူးလို႔ သိရပါတယ္။

Ref: 9to5Mac

[Unicode]

Qualcomm Modem နေရာမှာ အစားထိုးဖို့ Intel အပြင် Samsung နဲ့ MediaTek တို့ကိုပါ မျက်စိကျနေတဲ့ Apple

Apple ကတော့ သူ့ရဲ့ ၂၀၁၉ ထုတ် iPhone 11 မှာ Qualcomm Modem ကို အသုံးမပြုဘဲ အခြားအမှတ်တံဆိပ်နဲ့ အစားထိုးဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။ Apple ရဲ့ ပထမဦးစားပေးက Intel ဖြစ်သွားဖွယ်ရှိပါတယ်။ ဒါတင်မကသေးဘဲ Apple ဟာ အခြား ကုမ္ပဏီတွေဖြစ်တဲ့ Samsung နဲ့ MediaTek တို့ကိုလည်း ထိတွေ့မှု ပြုနေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။

အစောပိုင်းကတော့ Apple အနေနဲ့ Modem ကို ကိုယ်တိုင်ပဲ ထုတ်လုပ်တော့မယ်လို့ သတင်းထွက်ခဲ့ပါတယ်။ ဆန်တီယေဂိုမှာ အလုပ်လုပ်ဖို့ ကျွမ်းကျင်အင်ဂျင်နီယာတွေ ငှားရမ်းခဲ့တယ်ဆိုတဲ့ သတင်းက အမှန်ဖြစ်ပေမယ့် ကိုယ်တိုင်ထုတ်လုပ်ဖို့ဆိုတာက ချက်ချင်းလက်ငင်းမရဘဲ အချိန်ယူရဦးမှာပါ။ ဒါကြောင့် ၂၀၁၉ မှာထုတ်မယ့် iPhone တွေအတွက် Modem တွေကိုတော့ Supplier တွေဆီကပဲ ဝယ်ယူသုံးစွဲရဦးမှာပါ။

ထွက်ပေါ်လာတဲ့ သတင်းအချို့မှာတော့ Apple အနေနဲ့ လာမယ့် ၂၀၂၀ အထိ 5G Modem ကို ရရှိဦးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒီအတွက် ၂၀၁၉ ထုတ်ကုန်တွေမှာ လက်တွဲလက်စဖြစ်တဲ့ Intel နဲ့ပဲ ဆက်သွားတာလည်း ဖြစ်နိုင်ပါတယ်။ Intel နဲ့ဆိုရင်တော့ 8161 5G Modem Chip ဖြစ်မယ်လို့ ပြီးခဲ့တဲ့ နှစ်ကတည်းက သတင်းထွက်ခဲ့တာပါ။

Qualcomm ရဲ့ မူပိုင်ခွင့်နဲ့ပတ်သက်ပြီး တောက်လျှောက်ထိုးနှက်လာမှုဟာ Apple အတွက်တော့ တွဲထားတဲ့လက်ကို ဖြုတ်လိုက်စေဖို့ဖိအားပေးနေသလိုပါပဲ။ ဒါတင်မကဘဲ မူပိုင်ခွင့်နဲ့ လိုင်စင်အတွက် ပေးချေရမယ့် နှုန်းထားကလည်း အလွန်အမင်းကြီးမြင့်နေပါတယ်။ လက်ရှိအချိန်ထိတော့ Apple အနေနဲ့ ဘယ်ကုမ္ပဏီရဲ့ Modem ကို အသုံးပြုမယ်ဆိုတာနဲ့ပတ်သက်ပြီး အပြီးသတ်ဆုံးဖြတ်ချက် မချမှတ်ရသေးဘူးလို့ သိရပါတယ်။

Ref: 9to5Mac