[Zawgyi]

iPhone 11 ေတြရဲ႕ သိသာထင္ရွားတဲ့ေျပာင္းလဲမႈေတြထဲမွာ ေက်ာဘက္ကင္မရာ အေရအတြက္ မ်ားလာတာလည္း ပါဝင္ပါတယ္။ iPhone 11 မွာ ေက်ာဘက္ကင္မရာ ႏွစ္လုံးပဲ ပါဝင္ေပမယ့္ iPhone 11 Pro နဲ႔ 11 Pro Max တို႔မွာေတာ့ ေက်ာဘက္ ကင္မရာ သုံးလုံးစီ ပါဝင္လာၾကတာပဲ ျဖစ္ပါတယ္။

iPhone 11 Pro နဲ႔ 11 Pro Max တို႔ရဲ႕ 12MP ေက်ာဘက္ကင္မရာ သုံးလုံးဟာ ပုံမွန္ကင္မရာ၊ Telephoto နဲ႔ Ultra-wide ေတြျဖစ္ၾကပါတယ္။ iPhone 11 ေတြဟာ ကင္မရာအေရအတြက္အျပင္ အရည္အေသြးပိုင္းမွာလည္း ႀကီးမားတဲ့ တိုးတက္ေျပာင္းလဲမႈကို ယူေဆာင္လာတယ္လို႔ ဆိုႏိုင္ပါတယ္။

Apple ဟာ iPhone 11 ေတြကို ေၾကညာခ်ိန္မွာ Night mode feature သစ္အေၾကာင္းကို အသားေပးၿပီး ေျပာသြားခဲ့ပါတယ္။ ဒါေၾကာင့္ ဒီ Feature ဟာ ဘယ္ေလာက္ထိေတာင္ ေကာင္းမြန္ေနလို႔လဲ ဆိုတဲ့အေတြးကို ျဖစ္ေပၚေစခဲ့ၿပီး လက္ေတြ႕စမ္းသပ္႐ိုက္ကူးမႈ ရလဒ္ကို ေစာင့္ေမွ်ာ္ေနရတာပါ။

ၿပီးခဲ့တဲ့ရက္ကေတာ့ ေမာ္ဒယ္နဲ႔ လုပ္ငန္းရွင္တစ္ဦးျဖစ္တဲ့ Coo Rocha က iPhone 11 Pro Max ရဲ႕ Night Mode feature နဲ႔ ႐ိုက္ကူးထားတဲ့ ဓါတ္ပုံကို တြစ္တာမွာ မွ်ေဝခဲ့ပါတယ္။ သူ(မ)ဟာ တူညီတဲ့အခ်ိန္၊ တူညီတဲ့ေနရာ၊ တူညီတဲ့ အလင္းေရာင္ေအာက္မွာပဲ iPhone 11 Pro Max နဲ႔ iPhone X တို႔နဲ႔ ႐ိုက္ကူးထားတာကို ယွဥ္ျပခဲ့တာ ျဖစ္ပါတယ္။

iPhone 11 Pro Max ရဲ႕ Night Mode feature နဲ႔ ႐ိုက္ကူးထားတဲ့ ရလဒ္ကေတာ့ မ်က္ခုံးပင့္ခ်င္စရာပါပဲ။ သိသိသာသာႀကီးကို ကြာျခားေနတယ္ဆိုတာ ဓါတ္ပုံေတြက ထင္ထင္ရွားရွား ျပသေနတာကို ေတြ႕ျမင္ရမွာပါ။ အျပင္မွာ iPhone 11 Pro Max နဲ႔ အမွန္တကယ္လက္ေတြ႕စမ္းသပ္႐ိုက္ကူးထားတဲ့ ပုံျဖစ္တဲ့အတြက္ ေစာင့္ၾကည့္ေနသူအားလုံးရဲ႕ စိတ္အာ႐ုံကို ပိုၿပီးေတာ့ ဖမ္းစားႏိုင္ခဲ့ၿပီလို႔ ဆိုရမွာ ျဖစ္ပါတယ္။

Ref: 9To5Mac

[Unicode]

iPhone 11 Pro Max ရဲ့ Night Mode နဲ့စမ်းသပ်ရိုက်ကူးထားတဲ့ ဓါတ်ပုံထွက်ပေါ်လာ

iPhone 11 တွေရဲ့ သိသာထင်ရှားတဲ့ပြောင်းလဲမှုတွေထဲမှာ ကျောဘက်ကင်မရာ အရေအတွက် များလာတာလည်း ပါဝင်ပါတယ်။ iPhone 11 မှာ ကျောဘက်ကင်မရာ နှစ်လုံးပဲ ပါဝင်ပေမယ့် iPhone 11 Pro နဲ့ 11 Pro Max တို့မှာတော့ ကျောဘက် ကင်မရာ သုံးလုံးစီ ပါဝင်လာကြတာပဲ ဖြစ်ပါတယ်။

iPhone 11 Pro နဲ့ 11 Pro Max တို့ရဲ့ 12MP ကျောဘက်ကင်မရာ သုံးလုံးဟာ ပုံမှန်ကင်မရာ၊ Telephoto နဲ့ Ultra-wide တွေဖြစ်ကြပါတယ်။ iPhone 11 တွေဟာ ကင်မရာအရေအတွက်အပြင် အရည်အသွေးပိုင်းမှာလည်း ကြီးမားတဲ့ တိုးတက်ပြောင်းလဲမှုကို ယူဆောင်လာတယ်လို့ ဆိုနိုင်ပါတယ်။

Apple ဟာ iPhone 11 တွေကို ကြေညာချိန်မှာ Night mode feature သစ်အကြောင်းကို အသားပေးပြီး ပြောသွားခဲ့ပါတယ်။ ဒါကြောင့် ဒီ Feature ဟာ ဘယ်လောက်ထိတောင် ကောင်းမွန်နေလို့လဲ ဆိုတဲ့အတွေးကို ဖြစ်ပေါ်စေခဲ့ပြီး လက်တွေ့စမ်းသပ်ရိုက်ကူးမှု ရလဒ်ကို စောင့်မျှော်နေရတာပါ။

ပြီးခဲ့တဲ့ရက်ကတော့ မော်ဒယ်နဲ့ လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ Coo Rocha က iPhone 11 Pro Max ရဲ့ Night Mode feature နဲ့ ရိုက်ကူးထားတဲ့ ဓါတ်ပုံကို တွစ်တာမှာ မျှဝေခဲ့ပါတယ်။ သူ(မ)ဟာ တူညီတဲ့အချိန်၊ တူညီတဲ့နေရာ၊ တူညီတဲ့ အလင်းရောင်အောက်မှာပဲ iPhone 11 Pro Max နဲ့ iPhone X တို့နဲ့ ရိုက်ကူးထားတာကို ယှဉ်ပြခဲ့တာ ဖြစ်ပါတယ်။

iPhone 11 Pro Max ရဲ့ Night Mode feature နဲ့ ရိုက်ကူးထားတဲ့ ရလဒ်ကတော့ မျက်ခုံးပင့်ချင်စရာပါပဲ။ သိသိသာသာကြီးကို ကွာခြားနေတယ်ဆိုတာ ဓါတ်ပုံတွေက ထင်ထင်ရှားရှား ပြသနေတာကို တွေ့မြင်ရမှာပါ။ အပြင်မှာ iPhone 11 Pro Max နဲ့ အမှန်တကယ်လက်တွေ့စမ်းသပ်ရိုက်ကူးထားတဲ့ ပုံဖြစ်တဲ့အတွက် စောင့်ကြည့်နေသူအားလုံးရဲ့ စိတ်အာရုံကို ပိုပြီးတော့ ဖမ်းစားနိုင်ခဲ့ပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။

Ref: 9To5Mac