Zawgyi

Apple ကေန မၾကာခင္တုန္းက မိတ္ဆက္ခဲ့တဲ့ iPhone 11 Pro နဲ႔ iPhone 11 Pro Max စမတ္ဖုန္းေတြမွာ ပုံမွန္ 5W Charger အစား USB-C to Lightning 18W Charger ကို ေျပာင္းလဲထည့္သြင္းေပးခဲ့ပါတယ္။ အခုအခ်ိန္မွာေတာ့ အဆိုပါ 18W Charger နဲ႔ အားသြင္းတဲ့ iPhone 11 Pro ရဲ႕ Charging Speed က ထြက္ေပၚလာၿပီပဲျဖစ္ပါတယ္။

ယခင္တုန္းက iPhone ေတြဟာ 5W Charger ကိုပဲ အသုံးျပဳတဲ့အတြက္ အားသြင္းဖို႔က အခ်ိန္ ၃ နာရီဝန္းက်င္ေလာက္အထိ အခ်ိန္ေပးခဲ့ရတာျဖစ္ပါတယ္။ အဲ့ဒီအတြက္ ဒီ iPhone 11 Pro ရဲ႕ 18W Fast Charger နဲ႔ သြင္းတဲ့ အားသြင္းခ်ိန္ကို Phone Arena ကေန ေဖာ္ျပသြားခဲ့ပါတယ္။

အခု Charging Test မွာေတာ့ iPhone 11 Pro က နာရီဝက္အားသြင္း႐ုံနဲ႔တင္ 55% အားျပည့္မွာျဖစ္ၿပီးေတာ့ ၁ နာရီခန္႔အားသြင္းၿပီးတဲ့အခ်ိန္မွာ 85% အထိ အားျပည့္မွာျဖစ္ပါတယ္။ ဖုန္းအားအကုန္လုံးျပည့္ဖို႔အတြက္ကေတာ့ ၁ နာရီနဲ႔ ၄၂ မိနစ္ခန္႔ ၾကာျမင့္တယ္လို႔သိရပါတယ္။

အဲ့ဒီအတြက္ စုစုေပါင္း အားသြင္းခ်ိန္အေနနဲ႔ ၁၀၂ မိနစ္ပဲရွိမွာျဖစ္ၿပီး iPhone XS ရဲ႕ အားသြင္းခ်ိန္ ၁၈၅ မိနစ္နဲ႔ ယွဥ္ရင္ ထက္ဝက္ေလာက္အထိကို သက္သာသြားတာျဖစ္ပါတယ္။ ၿပီးေတာ့ 18W Fast Charging ကိုပဲ အသုံးျပဳထားတဲ့ Google Pixel 3 ဖုန္းထက္လည္း ပိုၿပီး ျမန္ဆန္ေနတာကို ေတြ႕ရပါတယ္။

ဒါေပမယ့္လည္း ဒီ iPhone 11 Pro ရဲ႕ Charging Speed က တျခား Android ဖုန္းေတြျဖစ္တဲ့ OnePlus 7 Pro ၊ Samsung Galaxy Note 10+ လို ဖုန္းေတြနဲ႔ေတာ့ မယွဥ္ႏိုင္ေသးေပမယ့္လည္း အခုလို တိုးတက္လာတာကေတာ့ ဝမ္းသာရမွာပါ။

Ref – Phone Arena

Unicode

Apple ကနေ မကြာခင်တုန်းက မိတ်ဆက်ခဲ့တဲ့ iPhone 11 Pro နဲ့ iPhone 11 Pro Max စမတ်ဖုန်းတွေမှာ ပုံမှန် 5W Charger အစား USB-C to Lightning 18W Charger ကို ပြောင်းလဲထည့်သွင်းပေးခဲ့ပါတယ်။ အခုအချိန်မှာတော့ အဆိုပါ 18W Charger နဲ့ အားသွင်းတဲ့ iPhone 11 Pro ရဲ့ Charging Speed က ထွက်ပေါ်လာပြီပဲဖြစ်ပါတယ်။

ယခင်တုန်းက iPhone တွေဟာ 5W Charger ကိုပဲ အသုံးပြုတဲ့အတွက် အားသွင်းဖို့က အချိန် ၃ နာရီဝန်းကျင်လောက်အထိ အချိန်ပေးခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒီအတွက် ဒီ iPhone 11 Pro ရဲ့ 18W Fast Charger နဲ့ သွင်းတဲ့ အားသွင်းချိန်ကို Phone Arena ကနေ ဖော်ပြသွားခဲ့ပါတယ်။

အခု Charging Test မှာတော့ iPhone 11 Pro က နာရီဝက်အားသွင်းရုံနဲ့တင် 55% အားပြည့်မှာဖြစ်ပြီးတော့ ၁ နာရီခန့်အားသွင်းပြီးတဲ့အချိန်မှာ 85% အထိ အားပြည့်မှာဖြစ်ပါတယ်။ ဖုန်းအားအကုန်လုံးပြည့်ဖို့အတွက်ကတော့ ၁ နာရီနဲ့ ၄၂ မိနစ်ခန့် ကြာမြင့်တယ်လို့သိရပါတယ်။

အဲ့ဒီအတွက် စုစုပေါင်း အားသွင်းချိန်အနေနဲ့ ၁၀၂ မိနစ်ပဲရှိမှာဖြစ်ပြီး iPhone XS ရဲ့ အားသွင်းချိန် ၁၈၅ မိနစ်နဲ့ ယှဥ်ရင် ထက်ဝက်လောက်အထိကို သက်သာသွားတာဖြစ်ပါတယ်။ ပြီးတော့ 18W Fast Charging ကိုပဲ အသုံးပြုထားတဲ့ Google Pixel 3 ဖုန်းထက်လည်း ပိုပြီး မြန်ဆန်နေတာကို တွေ့ရပါတယ်။

ဒါပေမယ့်လည်း ဒီ iPhone 11 Pro ရဲ့ Charging Speed က တခြား Android ဖုန်းတွေဖြစ်တဲ့ OnePlus 7 Pro ၊ Samsung Galaxy Note 10+ လို ဖုန်းတွေနဲ့တော့ မယှဥ်နိုင်သေးပေမယ့်လည်း အခုလို တိုးတက်လာတာကတော့ ဝမ်းသာရမှာပါ။

Ref – Phone Arena