[Zawgyi]

Apple ကေတာ့ ၂၀၁၉ ခုႏွစ္အတြက္ မ်ိဳးဆက္သစ္ iPhone ေတြကို ေၾကညာလိုက္ၿပီ ျဖစ္ပါတယ္။ iPhone 11, iPhone 11 Pro နဲ႔ 11 Pro Max ေတြအားလုံးဟာ ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္က ထုတ္ခဲ့တဲ့ iPhone XR, XS နဲ႔ XS Max ေတြကို အဆင့္ျမႇင့္ထားတဲ့ မ်ိဳးဆက္သစ္ေတြလို႔ ဆိုရမွာပါ။

iPhone သစ္ေတြကို ေၾကညာရာမွာ iPhone 11 Pro Max ဟာ ေက်နပ္ေလာက္စရာ ဘက္ထရီသက္တမ္းနဲ႔ ျဖစ္တာကို ေတြ႕လိုက္ရပါတယ္။ ဒီႏွစ္အတြက္ေတာ့ iPhone 11 Pro Max ရဲ႕ ဘက္ထရီသက္တမ္းက ေျပာစရာေခါင္းစဥ္တစ္ခုလည္း ျဖစ္လာႏိုင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ iPhone 11 Pro Max ဟာ ထြက္ခဲ့ၿပီးသမွ် iPhone ေတြထဲမွာ ဘက္ထရီသက္တမ္း အရွည္ၾကာဆုံး ျဖစ္လို႔ပါပဲ။

11 Pro Max ဟာ XS Max ထက္ ဘက္ထရီသက္တမ္း ၅ နာရီ ပိုၿပီးမ်ားသလို XS ထက္ ၄ နာရီ ပိုၿပီး အသုံးခံပါတယ္။ ဘက္ထရီသက္တမ္းနဲ႔ ပတ္သက္လို႔ ခ်ီးက်ဴးခံခဲ့ရတဲ့ XR ထက္လည္း ဘက္ထရီသက္တမ္း ၁ နာရီပိုၿပီး အသုံးျပဳႏိုင္တယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ Apple ဟာ ၂၀၁၉ iPhone ေတြမွာ ကင္မရာပိုင္းသာမက ဘက္ထရီပိုင္းလည္း ပိုၿပီးျမႇင့္တင္ထားတယ္ဆိုတာ သိသာေနပါတယ္။

Apple ရဲ႕ Pro Series ေတြဟာ 18W အားသြင္းစက္ကိုအသုံးျပဳၿပီး နာရီဝက္အတြင္းမွာ ၅၀ ရာခိုင္ႏႈန္းထိ အားသြင္းႏိုင္မယ္လို႔လည္း သိရပါတယ္။ ဒါေပမယ့္ iPhone 11 မွာေတာ့ အျမန္အားသြင္းစနစ္ မေထာက္ပံ့ေပးထားဘဲ 5W charger ကိုပဲ အသုံးျပဳရဦးမယ္လို႔ သိရပါတယ္။ iPhone 11 သုံးမ်ိဳးစလုံးမွာေတာ့ ႀကိဳးမဲ့အားသြင္းစနစ္ကို ေထာက္ပံ့ေပးထားပါတယ္။

Ref: Phone Arena

[Unicode]

iPhone တွေအားလုံးထဲမှာ ဘက်ထရီသက်တမ်း အကြာရှည်ဆုံးဖြစ်လာတဲ့ iPhone 11 Pro Max

Apple ကတော့ ၂၀၁၉ ခုနှစ်အတွက် မျိုးဆက်သစ် iPhone တွေကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ iPhone 11, iPhone 11 Pro နဲ့ 11 Pro Max တွေအားလုံးဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က ထုတ်ခဲ့တဲ့ iPhone XR, XS နဲ့ XS Max တွေကို အဆင့်မြှင့်ထားတဲ့ မျိုးဆက်သစ်တွေလို့ ဆိုရမှာပါ။

iPhone သစ်တွေကို ကြေညာရာမှာ iPhone 11 Pro Max ဟာ ကျေနပ်လောက်စရာ ဘက်ထရီသက်တမ်းနဲ့ ဖြစ်တာကို တွေ့လိုက်ရပါတယ်။ ဒီနှစ်အတွက်တော့ iPhone 11 Pro Max ရဲ့ ဘက်ထရီသက်တမ်းက ပြောစရာခေါင်းစဉ်တစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ iPhone 11 Pro Max ဟာ ထွက်ခဲ့ပြီးသမျှ iPhone တွေထဲမှာ ဘက်ထရီသက်တမ်း အရှည်ကြာဆုံး ဖြစ်လို့ပါပဲ။

11 Pro Max ဟာ XS Max ထက် ဘက်ထရီသက်တမ်း ၅ နာရီ ပိုပြီးများသလို XS ထက် ၄ နာရီ ပိုပြီး အသုံးခံပါတယ်။ ဘက်ထရီသက်တမ်းနဲ့ ပတ်သက်လို့ ချီးကျူးခံခဲ့ရတဲ့ XR ထက်လည်း ဘက်ထရီသက်တမ်း ၁ နာရီပိုပြီး အသုံးပြုနိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် Apple ဟာ ၂၀၁၉ iPhone တွေမှာ ကင်မရာပိုင်းသာမက ဘက်ထရီပိုင်းလည်း ပိုပြီးမြှင့်တင်ထားတယ်ဆိုတာ သိသာနေပါတယ်။

Apple ရဲ့ Pro Series တွေဟာ 18W အားသွင်းစက်ကိုအသုံးပြုပြီး နာရီဝက်အတွင်းမှာ ၅၀ ရာခိုင်နှုန်းထိ အားသွင်းနိုင်မယ်လို့လည်း သိရပါတယ်။ ဒါပေမယ့် iPhone 11 မှာတော့ အမြန်အားသွင်းစနစ် မထောက်ပံ့ပေးထားဘဲ 5W charger ကိုပဲ အသုံးပြုရဦးမယ်လို့ သိရပါတယ်။ iPhone 11 သုံးမျိုးစလုံးမှာတော့ ကြိုးမဲ့အားသွင်းစနစ်ကို ထောက်ပံ့ပေးထားပါတယ်။

Ref: Phone Arena