Unicode

DxOMark ဟာ လက်ရှိအချိန်မှာ စမတ်ဖုန်းတွေရဲ့ Camera ပိုင်း စွမ်းဆောင်ရည်ကို အကဲဖြတ်အမှတ်ပေးနေတဲ့ Website တစ်ခုလို့ ပြောလို့ရပါတယ်။ ယခင်တုန်းက DxOMark ကနေ Back Primary Camera တွေကိုပဲ အကဲဖြတ်ခဲ့ပေမယ့် အခုနောက်ပိုင်းမှာ Selfie Camera အပြင် Audio ပိုင်းကိုပါ အကဲဖြတ်လာခဲ့ပါတယ်။

အခုလည်း DxOMark ကနေ iPhone 11 Pro Max အတွက် Selfie Camera ပိုင်းကို စစ်ဆေးထားတဲ့ ရလဒ်ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အခုကြေညာချက်အရ iPhone 11 Pro Max က Selfie Camera ပိုင်းမှာ Total Score အနေနဲ့ 91 Marks ရရှိခဲ့ပြီးတော့ အဆင့်အားဖြင့် နံပါတ် (၁၀) မှာ ရှိနေတာပဲဖြစ်ပါတယ်။

iPhone 11 Pro Max ဟာ Selfie Photo ပိုင်းမှာတော့ 93 Marks နဲ့ Video ပိုင်းမှာတော့ 90 Marks အသီးသီးရရှိခဲ့တာဖြစ်ပြီး DxOMark ရဲ့ သုံးသပ်ချက်အရတော့ iPhone XS Max ထက် သိသိသာသာပိုကောင်းလာပါတယ်။ ဒါပေမယ့်လည်း Google Pixel 3 ၊ Pixel 4 ၊ Samsung Galaxy Note 9 ၊ Note 10+ နဲ့ S10+ လိုဖုန်းတွေအပြင် Huawei Mate 30 Pro လိုမျိုး ပြိုင်ဘက်ဖုန်းတွေရဲ့ နောက်မှာရှိနေတဲ့အတွက် Selfie Camera အကောင်းဆုံးလို့တော့ ပြောလို့မရတာ အသေအချာပါပဲ။

လက်ရှိ DxOMark အရ Selfie Camera အကောင်းဆုံးဖုန်းတွေနေရာမှာ Huawei Nova 6 5G က 100 Marks နဲ့ နံပါတ် (၁) ၊ Samsung Galaxy Note 10+ က 99 Marks နဲ့ နံပါတ် (၂) ၊ ASUS ZenFone 6 က 98 Marks နဲ့ နံပါတ် (၃) နေရာမှာ အသီးသီးနေရာယူထားကြတာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် DxOMark ကတော့ iPhone 11 Pro Max ရဲ့ Selfie Camera ဟာ Dynamic Range ၊ Color Rendering ပိုင်းနဲ့ Focusing ပိုင်းတွေမှာ Flagship Level ရှိနေပြီးတော့ Apple ရဲ့ 3D SL Camera နည်းပညာက သဘာဝဆန်တဲ့ Bokeh တွေကို ထုတ်ပေးနိုင်တယ်ဆိုပြီး သုံးသပ်သွားပါတယ်။

Ref – GizChina

Zawgyi

DxOMark ဟာ လက္ရွိအခ်ိန္မွာ စမတ္ဖုန္းေတြရဲ႕ Camera ပိုင္း စြမ္းေဆာင္ရည္ကို အကဲျဖတ္အမွတ္ေပးေနတဲ့ Website တစ္ခုလို႔ ေျပာလို႔ရပါတယ္။ ယခင္တုန္းက DxOMark ကေန Back Primary Camera ေတြကိုပဲ အကဲျဖတ္ခဲ့ေပမယ့္ အခုေနာက္ပိုင္းမွာ Selfie Camera အျပင္ Audio ပိုင္းကိုပါ အကဲျဖတ္လာခဲ့ပါတယ္။

အခုလည္း DxOMark ကေန iPhone 11 Pro Max အတြက္ Selfie Camera ပိုင္းကို စစ္ေဆးထားတဲ့ ရလဒ္ကို ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ အခုေၾကညာခ်က္အရ iPhone 11 Pro Max က Selfie Camera ပိုင္းမွာ Total Score အေနနဲ႔ 91 Marks ရရွိခဲ့ၿပီးေတာ့ အဆင့္အားျဖင့္ နံပါတ္ (၁၀) မွာ ရွိေနတာပဲျဖစ္ပါတယ္။

iPhone 11 Pro Max ဟာ Selfie Photo ပိုင္းမွာေတာ့ 93 Marks နဲ႔ Video ပိုင္းမွာေတာ့ 90 Marks အသီးသီးရရွိခဲ့တာျဖစ္ၿပီး DxOMark ရဲ႕ သုံးသပ္ခ်က္အရေတာ့ iPhone XS Max ထက္ သိသိသာသာပိုေကာင္းလာပါတယ္။ ဒါေပမယ့္လည္း Google Pixel 3 ၊ Pixel 4 ၊ Samsung Galaxy Note 9 ၊ Note 10+ နဲ႔ S10+ လိုဖုန္းေတြအျပင္ Huawei Mate 30 Pro လိုမ်ိဳး ၿပိဳင္ဘက္ဖုန္းေတြရဲ႕ ေနာက္မွာရွိေနတဲ့အတြက္ Selfie Camera အေကာင္းဆုံးလို႔ေတာ့ ေျပာလို႔မရတာ အေသအခ်ာပါပဲ။

လက္ရွိ DxOMark အရ Selfie Camera အေကာင္းဆုံးဖုန္းေတြေနရာမွာ Huawei Nova 6 5G က 100 Marks နဲ႔ နံပါတ္ (၁) ၊ Samsung Galaxy Note 10+ က 99 Marks နဲ႔ နံပါတ္ (၂) ၊ ASUS ZenFone 6 က 98 Marks နဲ႔ နံပါတ္ (၃) ေနရာမွာ အသီးသီးေနရာယူထားၾကတာျဖစ္ပါတယ္။

ဘာပဲျဖစ္ျဖစ္ DxOMark ကေတာ့ iPhone 11 Pro Max ရဲ႕ Selfie Camera ဟာ Dynamic Range ၊ Color Rendering ပိုင္းနဲ႔ Focusing ပိုင္းေတြမွာ Flagship Level ရွိေနၿပီးေတာ့ Apple ရဲ႕ 3D SL Camera နည္းပညာက သဘာဝဆန္တဲ့ Bokeh ေတြကို ထုတ္ေပးႏိုင္တယ္ဆိုၿပီး သုံးသပ္သြားပါတယ္။

Ref – GizChina