Apple ကနေ အသစ်ထုတ်လုပ်လိုက်တဲ့ iPhone 11 Pro ကို Dual SIM (Nano SIM) ၂ ကတ် အသုံးပြုနိုင်တဲ့ iPhone အဖြစ် ဝယ်ယူနိုင်ပြီဖြစ်ပါတယ်။ ဒီဖုန်းဟာ အာမခံတစ်နှစ် (1 Year Warranty) ပါဝင်တဲ့အပြင် တရားဝင်အခွန်ဆောင် တင်သွင်းထားတာဖြစ်တဲ့အတွက် သုံးစွဲသူတွေအနေနဲ့လည်း ယုံကြည်စွာ မြန်မာနိုင်ငံတွင် စတင်ဝယ်ယူနိုင်ပါပြီလို့ Apple ချစ်ပရိသတ်တွေကို သတင်းကောင်းပါးလိုက်ရပါတယ်။

Apple Products အားလုံးသည် International Worldwide Warranty ဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများအရ မည်သည့်နိုင်ငံ မည်သည့် Region မှ သွင်းယူလာသည် Apple Products မဆို ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန, ဆက်သွယ်ရေးညွှန်ကြားမူ ဦးစီးဌာန၏ ဆက်သွယ်ရေးထောက်ခံချက်, စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန, ကုန်သွယ်ရေးဦးစီးဌာန၏ Import License ( သွင်းကုန်လိုင်စင် ) ရရှိပြီးလျှင် မည်သူမဆို မည်သည့်နိုင်ငံမှဖြစ်စေ သွင်းယူလာပြီး Custom Duty, ကုန်သွယ်ခွန် (Commercial Tax) နှင့် ကြိုတင်ခွန် (Value Added Tax) စုစုပေါင်း 12.25% နိုင်ငံတော် သို့တရားဝင် အခွန်တော် ငွေပေးဆောင်ပြီးပါက မြန်မာနိုင်ငံ တစ်ဝှမ်းလုံးတွင် တရားဝင် Official ရောင်းချခွင့် ဖြန့်ချီခွင့် ရရှိပြီဖြစ်ပါတယ်။

ထို့ကြောင့် Apple Products ဝယ်ယူမည့်သူများအနေဖြင့်လည်း မိမိဝယ်ယူသော Apple ထုတ်ကုန်ပစ္စည်းများသည် နိုင်ငံတော်သို့ အခွန်အခ ပေးဆောင်ထားပြီး အခွန်တံဆိပ်ခေါင်းများ ကပ်နှိပ်ထားသည့်အလုံးများကိုသာ ဝယ်ယူသင့်ပါသည်။ Apple Products သုံးစွဲသူများအနေဖြင့် ဝယ်ယူပြီးသောနောက် ဖြစ်ပေါ်လာသော Factory Error ပြစ်ချက်များကို Apple မှ ဖွင့်လှစ်ခွင့်ပေးထားသော Apple Service Provider များဖြစ်တဲ့ QCD Techology, mCare, iPro တို့မှာ Warranty အကျိုးခံစားခွင့်ရရှိနိုင်ပြီဖြစ်တဲ့အတွက်ကြောင့် Apple User များအနေဖြင့် မည်သည့် Apple Products မဆို အပူပင်ကင်းကင်း နဲ့ သုံးစွဲနိုင်တော့မှာဖြစ်ပါတယ်။ ထို့အပြင် မိမိတို့ဝယ်ယူထားသော ယုံကြည်စိတ်ချရသည့် ဆိုင်များကလည်း One Year Warranty အကျိုးခံစားခွင့်ပေးပြီး ရောင်းချနေတဲ့အတွက်လည်း Apple User များအနေဖြင့် မည်သည့် Apple ထုတ်ကုန် မည်သည့်Region မဆို စိတ်ချစွာသုံးစွဲနိုင်ပြီဖြစ်ပါတယ်ခင်ဗျာ။