[Zawgyi]

2019 iPhone ေတြနဲ႔ပတ္သက္တဲ့ ေကာလာဟလေတြကေတာ့ စတင္ေနၿပီျဖစ္ပါတယ္။ ယုံၾကည္ေလာက္ဖြယ္ သတင္းေတြမဟုတ္လို႔ စိတ္ဝင္စားမႈနည္းပါးၾကေပမယ့္ ဒီတစ္ခါထြက္လာတာကေတာ့ ယုံၾကည္ရတဲ့ ရင္းျမစ္ျဖစ္တဲ့ Digit.in ကျဖစ္ေနတာေၾကာင့္ ေဖာ္ျပေပးလိုက္ပါတယ္။

Digit.in က ေဖာ္ျပလိုက္တဲ့ Render က 2019 iPhone ရဲ႕တရားဝင္ Prototypes ျဖစ္တယ္လို႔ ယုံၾကည္ရပါတယ္။ ျမင္ေတြ႕ရတဲ့ ႐ုပ္ပုံအရ iPhone သစ္ဟာ ေက်ာဘက္မွာ ကင္မရာသုံးလုံး တပ္ဆင္ထားတာ ျဖစ္ပါတယ္။ ေလးေထာင့္ေဘာင္ထဲမွာမွ ကင္မရာသုံးလုံးကို ခပ္ဆန္းဆန္းေနရာခ်ထားတာကို ေတြ႕ရမွာပါ။

ေလးေထာင့္ေဘာင္ (ကင္မရာအိမ္) ထဲမွာ ထားရွိတဲ့ ကင္မရာသုံးလုံးဟာ တစ္လုံးနဲ႔တစ္လုံး ညီညီညာညာ ရွိမေနပါဘူး။ ႀတိဂံပုံစံလို ျဖစ္ေနပါတယ္။ ကင္မရာသုံးလုံးရဲ႕ အေပၚညာဘက္မွာမွ Flash ကရွိေနတာပါ။ ပုံမွန္အားျဖင့္ျမင္ေနက်ေတြက ေလးေထာင့္ေဘာင္ (ကင္မရာအိမ္ထဲမွာ ကင္မရာသုံးလုံးနဲ႔ Flash ေတြကို စတုဂံက်က်ပဲ ေနရာခ်ေလ့ရွိတာေၾကာင့္ အခုျမင္ေတြ႕ေနရတဲ့ပုံက ဆန္းတယ္လို႔ဆိုရမွာပါ။

အျခားေပါက္ၾကားမႈတစ္ခုက ေျပာတာကေတာ့ ဒီ Render ေတြဟာ EVT hardware ေပၚ အေျခခံထားတယ္လို႔ သိရပါတယ္။ ဒီေတာ့ ဒီဇိုင္းေတြက အတည္မဟုတ္ေသးဘူးလို႔ ဆိုရမွာပါ။ EVT (အင္ဂ်င္နီယာအဆင့္ စမ္းသပ္ျခင္း) ဟာ အင္ဂ်င္နီယာေတြရဲ႕ တရားဝင္စမ္းသပ္မႈအတြက္ ရွိေနတာပါ။ Apple hardware ေတြရဲ႕ ျဖစ္စဥ္အဆင့္ဆင့္ဟာ EVT ကေန DV T (ဒီဇိုင္းတရားဝင္စမ္းသပ္ျခင္း) ၿပီးမွ PVT (ထုတ္ကုန္ကို တရားဝင္စမ္းသပ္ျခင္း) ကိုတစ္ဆင့္ခ်င္းသြားတာပါ။

EVT prototypes ေတြက အေစာဆုံးျဖစ္စဥ္ေတြိမို႔ ဒီကင္မရာေတြကလည္း အတည္ျဖစ္ခ်င္မွ ျဖစ္မွာပါ။ အပိုသက္သက္ ေနရာခ်ထားတာလည္း ျဖစ္ႏိုင္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ အခုျမင္ရတဲ့ ႐ုပ္ပုံကေတာ့ အျမင္ဆန္းေစၿပီး (အခ်ိဳ႕ကလည္း ေပါေတာေတာႏိုင္လိုက္တာလို႔ မွတ္ခ်က္ခ်ေကာင္းခ်ႏိုင္ပါတယ္) Apple ရဲ႕ ထုတ္ကုန္သစ္အေပၚ အာ႐ုံစိုက္မိေစတာအမွန္ပါပဲ။

Ref: 9TO5Mac

[Unicode]

iPhone 11 ဟာ တကယ်ပဲ အနောက်ကင်မရာ သုံးလုံးနဲ့ ဖြစ်လာမှာလား

2019 iPhone တွေနဲ့ပတ်သက်တဲ့ ကောလာဟလတွေကတော့ စတင်နေပြီဖြစ်ပါတယ်။ ယုံကြည်လောက်ဖွယ် သတင်းတွေမဟုတ်လို့ စိတ်ဝင်စားမှုနည်းပါးကြပေမယ့် ဒီတစ်ခါထွက်လာတာကတော့ ယုံကြည်ရတဲ့ ရင်းမြစ်ဖြစ်တဲ့ Digit.in ကဖြစ်နေတာကြောင့် ဖော်ပြပေးလိုက်ပါတယ်။

Digit.in က ဖော်ပြလိုက်တဲ့ Render က 2019 iPhone ရဲ့တရားဝင် Prototypes ဖြစ်တယ်လို့ ယုံကြည်ရပါတယ်။ မြင်တွေ့ရတဲ့ ရုပ်ပုံအရ iPhone သစ်ဟာ ကျောဘက်မှာ ကင်မရာသုံးလုံး တပ်ဆင်ထားတာ ဖြစ်ပါတယ်။ လေးထောင့်ဘောင်ထဲမှာမှ ကင်မရာသုံးလုံးကို ခပ်ဆန်းဆန်းနေရာချထားတာကို တွေ့ရမှာပါ။

လေးထောင့်ဘောင် (ကင်မရာအိမ်) ထဲမှာ ထားရှိတဲ့ ကင်မရာသုံးလုံးဟာ တစ်လုံးနဲ့တစ်လုံး ညီညီညာညာ ရှိမနေပါဘူး။ တြိဂံပုံစံလို ဖြစ်နေပါတယ်။ ကင်မရာသုံးလုံးရဲ့ အပေါ်ညာဘက်မှာမှ Flash ကရှိနေတာပါ။ ပုံမှန်အားဖြင့်မြင်နေကျတွေက လေးထောင့်ဘောင် (ကင်မရာအိမ်ထဲမှာ ကင်မရာသုံးလုံးနဲ့ Flash တွေကို စတုဂံကျကျပဲ နေရာချလေ့ရှိတာကြောင့် အခုမြင်တွေ့နေရတဲ့ပုံက ဆန်းတယ်လို့ဆိုရမှာပါ။

အခြားပေါက်ကြားမှုတစ်ခုက ပြောတာကတော့ ဒီ Render တွေဟာ EVT hardware ပေါ် အခြေခံထားတယ်လို့ သိရပါတယ်။ ဒီတော့ ဒီဇိုင်းတွေက အတည်မဟုတ်သေးဘူးလို့ ဆိုရမှာပါ။ EVT (အင်ဂျင်နီယာအဆင့် စမ်းသပ်ခြင်း) ဟာ အင်ဂျင်နီယာတွေရဲ့ တရားဝင်စမ်းသပ်မှုအတွက် ရှိနေတာပါ။ Apple hardware တွေရဲ့ ဖြစ်စဉ်အဆင့်ဆင့်ဟာ EVT ကနေ DV T (ဒီဇိုင်းတရားဝင်စမ်းသပ်ခြင်း) ပြီးမှ PVT (ထုတ်ကုန်ကို တရားဝင်စမ်းသပ်ခြင်း) ကိုတစ်ဆင့်ချင်းသွားတာပါ။

EVT prototypes တွေက အစောဆုံးဖြစ်စဉ်တွေိမို့ ဒီကင်မရာတွေကလည်း အတည်ဖြစ်ချင်မှ ဖြစ်မှာပါ။ အပိုသက်သက် နေရာချထားတာလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခုမြင်ရတဲ့ ရုပ်ပုံကတော့ အမြင်ဆန်းစေပြီး (အချို့ကလည်း ပေါတောတောနိုင်လိုက်တာလို့ မှတ်ချက်ချကောင်းချနိုင်ပါတယ်) Apple ရဲ့ ထုတ်ကုန်သစ်အပေါ် အာရုံစိုက်မိစေတာအမှန်ပါပဲ။

Ref: 9TO5Mac