[Zawgyi]

iPhone 11 ရဲ႕ 3D Renders ေတြကေတာ့ ၂၀၁၉ ခုႏွစ္ ဇန္နဝါရီလေလာက္ကတည္းက ေပၚထြက္ေနခဲ့တာပါ။ စစခ်င္းက ထူးဆန္းတဲ့ ဒီဇိုင္းနဲ႔ ေက်ာဘက္ကင္မရာ သုံးလုံးကို ျပသထားတဲ့ ႐ုပ္ပုံေတြပါ။ ဇန္နဝါရီလကုန္ပိုင္းမွာေတာ့ Concept ဗြီဒီယိုပါ ေပၚထြက္လာခဲ့ပါတယ္။

မတ္လရဲ႕ ပထမဆုံး ရက္သတၱပတ္မွာေတာ့ iPhone 11 ရဲ႕ မ်က္ႏွာျပင္ဟာ ေရေအာက္မွာလည္း အလုပ္လုပ္ႏိုင္ဖြယ္ရွိေၾကာင္း ေကာလာဟလတစ္ခု ထြက္ေပၚခဲ့ပါေသးတယ္။ အခုေတာ့ Dark Mode နဲ႔ iOS 13 run ေနတဲ့ iPhone 11 3D Renders ပုံေတြ ေပၚထြက္လာျပန္ၿပီ ျဖစ္ပါတယ္။

ဒီ 3D Renders ပုံေတြေၾကာင့္ iPhone 11 မွာ က်ိန္းေသ OLED Displays သုံးထားမယ္ဆိုတဲ့ သုံးသပ္ခ်က္ေတြက ပိုၿပီး ခိုင္မာလာခဲ့ရၿပီ ျဖစ္ပါတယ္။ အေစာကတည္းက Apple ဟာ ၂၀၂၀ ထုတ္ဖုန္းေတြအားလုံးမွာ OLED မ်က္ႏွာျပင္ေတြပဲ သုံးေတာ့မယ္လို႔ ေၾကညာထားေပမယ့္ ၂၀၁၉ ထုတ္ဖုန္းေတြအတြက္ေတာ့ စိတ္ခ်လက္ခ် ယုံၾကည္ထားလို႔ မရတဲ့ အေနအထားပါ။

၂၀၁၉ မွာ စမတ္ဖုန္းကုမၸဏီအေတာ္မ်ားမ်ားဟာ Mid-range ဖုန္းေတြအထိ OLED မ်က္ႏွာျပင္ေတြ အသုံးျပဳႏိုင္ဖို႔ ႀကိဳးစားလာၾကပါၿပီ။ OLED မ်က္ႏွာျပင္ဟာ Apps ေတြ Games ေတြရဲ႕ ဖြံ႕ၿဖိဳးတိုးတက္မႈအေပၚ သက္ေရာက္႐ုံမကဘဲ အဓိက OS ႀကီးႏွစ္ခုရဲ႕ အေျပာင္းအလဲေပၚမွာလည္း သက္ေရာက္မႈ ရွိေနခဲ့ပါတယ္။

Google, Samsung စတဲ့ ကုမၸဏီႀကီးေတြဟာ OLED မ်က္ႏွာျပင္ကို က်ယ္က်ယ္ျပန႔္ျပန႔္ အသုံးျပဳလာၿပီးတဲ့ေနာက္ Apple ကလည္း ဒီ Trend ထဲကို လိုက္ပါလာၿပီး ေျပာင္းလဲဖို႔ စတင္ေနၿပီ ျဖစ္ပါတယ္။ အထူးသျဖင့္ Dark Mode ေတြဟာ OLED ရဲ႕ အားသာခ်က္ကို အေျချပဳၿပီး ပိုမိုဖြံ႕ၿဖိဳးတိုးတက္လာတယ္လို႔ ဆိုရင္ မမွားပါဘူး။

ဒီေတာ့ အေမရိကန္ ကုမၸဏီႀကီးအေနနဲ႔ လာမယ့္ iPhone သစ္မွာ OLED မ်က္ႏွာျပင္ကိုပဲ အသုံးျပဳဖို႔ ေသခ်ာသေလာက္ျဖစ္ေနတာေၾကာင့္ iOS 13 မွာလည္း မ်က္ႏွာျပင္နဲ႔ လိုက္ဖက္တဲ့ Build-in Dark Modes ကို ထည့္သြင္းထားတာလို႔ ဆိုရမွာပဲ ျဖစ္ပါတယ္။

Ref: Phone Arena

[Unicode]

iPhone 11 ရဲ့ 3D renders မှာ Dark Mode နဲ့ iOS 13 ကိုမြင်တွေ့ရ

iPhone 11 ရဲ့ 3D Renders တွေကတော့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလလောက်ကတည်းက ပေါ်ထွက်နေခဲ့တာပါ။ စစချင်းက ထူးဆန်းတဲ့ ဒီဇိုင်းနဲ့ ကျောဘက်ကင်မရာ သုံးလုံးကို ပြသထားတဲ့ ရုပ်ပုံတွေပါ။ ဇန်နဝါရီလကုန်ပိုင်းမှာတော့ Concept ဗွီဒီယိုပါ ပေါ်ထွက်လာခဲ့ပါတယ်။

မတ်လရဲ့ ပထမဆုံး ရက်သတ္တပတ်မှာတော့ iPhone 11 ရဲ့ မျက်နှာပြင်ဟာ ရေအောက်မှာလည်း အလုပ်လုပ်နိုင်ဖွယ်ရှိကြောင်း ကောလာဟလတစ်ခု ထွက်ပေါ်ခဲ့ပါသေးတယ်။ အခုတော့ Dark Mode နဲ့ iOS 13 run နေတဲ့ iPhone 11 3D renders ပုံတွေ ပေါ်ထွက်လာပြန်ပြီ ဖြစ်ပါတယ်။

ဒီ 3D Renders ပုံတွေကြောင့် iPhone 11 မှာ ကျိန်းသေ OLED displsy သုံးထားမယ်ဆိုတဲ့ သုံးသပ်ချက်တွေက ပိုပြီး ခိုင်မာလာခဲ့ရပြီ ဖြစ်ပါတယ်။ အစောကတည်းက Apple ဟာ ၂၀၂၀ ထုတ်ဖုန်းတွေအားလုံးမှာ OLED မျက်နှာပြင်တွေပဲ သုံးတော့မယ်လို့ ကြေညာထားပေမယ့် ၂၀၁၉ ထုတ်ဖုန်းတွေအတွက်တော့ စိတ်ချလက်ချ ယုံကြည်ထားလို့ မရတဲ့ အနေအထားပါ။

၂၀၁၉ မှာ စမတ်ဖုန်းကုမ္ပဏီအတော်များများဟာ Mid-range ဖုန်းတွေအထိ OLED မျက်နှာပြင်တွေ အသုံးပြုနိုင်ဖို့ ကြိုးစားလာကြပါပြီ။ OLED မျက်နှာပြင်ဟာ Apps တွေ Games တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုအပေါ် သက်ရောက်ရုံမကဘဲ အဓိက OS ကြီးနှစ်ခုရဲ့ အပြောင်းအလဲပေါ်မှာလည်း သက်ရောက်မှု ရှိနေခဲ့ပါတယ်။

Google, Samsung စတဲ့ ကုမ္ပဏီကြီးတွေဟာ OLED မျက်နှာပြင်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာပြီးတဲ့နောက် Apple ကလည်း ဒီ Trend ထဲကို လိုက်ပါလာပြီး ပြောင်းလဲဖို့ စတင်နေပြီ ဖြစ်ပါတယ်။ အထူးသဖြင့် Dark Mode တွေဟာ OLED ရဲ့ အားသာချက်ကို အခြေပြုပြီး ပိုမိုဖွံ့ဖြိုးတိုးတက်လာတယ်လို့ ဆိုရင် မမှားပါဘူး။

ဒီတော့ အမေရိကန် ကုမ္ပဏီကြီးအနေနဲ့ လာမယ့် iPhone သစ်မှာ OLED မျက်နှာပြင်ကိုပဲ အသုံးပြုဖို့ သေချာသလောက်ဖြစ်နေတာကြောင့် iOS 13 မှာလည်း မျက်နှာပြင်နဲ့ လိုက်ဖက်တဲ့ Build-in Dark Modes ကို ထည့်သွင်းထားတာလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။

Ref: Phone Arena