[Zawgyi]

Apple ဟာ ၿပီးခဲ့တဲ့ႏွစ္ေတြတုန္းက တ႐ုတ္ေဈးကြက္မွာ အႏႈတ္လကၡဏာျပခဲ့ပါတယ္။ အထူးသျဖင့္ iPhone X စီးရီးေတြထဲမွာ XR ကလြဲရင္ က်န္ေမာ္ဒယ္ေတြက ထင္သေလာက္ မေပါက္ခဲ့ပါဘူး။ ဒါေပမယ့္ iPhone 11 ေတြ ထုတ္လိုက္ၿပီးတဲ့ေနာက္ ေကာင္းတဲ့ဘက္ကို ျပန္ၿပီးဦးတည္လာတယ္လို႔ အစီရင္ခံစာသစ္ေတြက ေဖာ္ျပေနပါတယ္။

အခ်က္အလက္ေတြ စုေဆာင္းတဲ့ IDC ကုမၸဏီရဲ႕ အစီရင္ခံစာအရ ၂၀၁၉ ခုႏွစ္ တတိယ သုံးလပတ္အတြင္းမွာ စမတ္ဖုန္းအမွတ္တံဆိပ္ေတြအားလုံးရဲ႕ စုစုေပါင္း တင္ပို႔မႈဟာ ၉၈.၉ သန္း ျဖစ္ခဲ့တယ္လို႔ သိရပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ ကာလတူတုန္းက ၁၀၂.၆ သန္း တင္ပို႔ေရာင္းခ်ခဲ့တာေၾကာင့္ ဒီႏွစ္က ၃.၆ ရာခိုင္ႏႈန္း ေလ်ာ့က်သြားတယ္လို႔ ဆိုရပါလိမ့္မယ္။

Apple ကလည္း ဒီၿပိဳင္ပြဲမွာအဆင့္ငါးေနရာပဲ ရွိခဲ့တယ္ဆိုေပမယ့္ ဇူလိုင္လအေစာပိုင္းနဲ႔ စက္တင္ဘာလေႏွာင္းပိုင္း အခ်ိန္ကာလအတြင္းမွာ iPhone အလုံးေရ ၈.၁ သန္း တင္ပို႔ေရာင္းခ်ခဲ့ရတယ္လို႔ သိရပါတယ္။ ၿပီးခဲ့တဲ့ႏွစ္တုန္းက အလားတူကာလအတြင္းမွာ ၇.၆ သန္းပဲ တင္ပို႔ေရာင္းခ်ခဲ့ရတာေၾကာင့္ ႏွစ္အလိုက္တိုးတက္မႈက ၅.၆ ရာခိုင္ႏႈန္းျဖစ္ခဲ့ပါတယ္။

ဒီတိုးတက္မႈမွာ ကုမၸဏီရဲ႕ iPhone 11 နဲ႔ iPhone 11 Pro ေတြက အေရးပါတဲ့ အခန္းက႑မွာ ရွိေနတယ္လို႔ ဆိုပါတယ္။ အေၾကာင္းရင္းကေတာ့ ကင္မရာပိုင္းဆိုင္ရာမွာ အဆင့္ျမႇင့္တင္လိုက္တာ၊ ဘက္ထရီသက္တမ္း ပိုၾကာရွည္လာတာနဲ႔ ေဈးႏႈန္းပိုင္းဆိုင္ရာမွာ အရင္ကထက္ ပိုၿပီးယွဥ္ၿပိဳင္လာႏိုင္တာေၾကာင့္လို႔ သိရပါတယ္။

ေဈးကြက္သုေတသနအရ Apple ရဲ႕ တတိယသုံးလပတ္ရလဒ္ဟာ သိသိသာသာ ေကာင္းမြန္တိုးတက္လာတယ္လို႔ ဆိုပါတယ္။ ဒါဟာ ၿပီးခဲ့တဲ့ႏွစ္တုန္းက Budget flagship လို႔ဆိုရမယ့္ iPhone XR ကို ေအာက္တိုဘာမွာ ျဖန႔္တာမ်ိဳးထက္ iPhone 11 ေတြကို စက္တင္ဘာထဲမွာပဲ ျဖန႔္လိုက္တာရဲ႕ အက်ိဳးသက္ေရာက္မႈလို႔လည္း ဆိုပါတယ္။ ဒါ့အျပင္ တ႐ုတ္ေဈးကြက္မွာလည္း iPhone 11 ေတြရဲ႕ ေရာင္းအားက သိသိသာသာ ျပန္ၿပီးတိုးတက္လာတယ္လို႔ သိရပါတယ္။

Ref: Phone Arena

[Unicode]

iPhone 11 တွေကြောင့် တရုတ်ဈေးကွက်မှာ ပြန်ပြီးလူးလွန့်လာခဲ့ပြီဖြစ်တဲ့ Apple

Apple ဟာ ပြီးခဲ့တဲ့နှစ်တွေတုန်းက တရုတ်ဈေးကွက်မှာ အနှုတ်လက္ခဏာပြခဲ့ပါတယ်။ အထူးသဖြင့် iPhone X စီးရီးတွေထဲမှာ XR ကလွဲရင် ကျန်မော်ဒယ်တွေက ထင်သလောက် မပေါက်ခဲ့ပါဘူး။ ဒါပေမယ့် iPhone 11 တွေ ထုတ်လိုက်ပြီးတဲ့နောက် ကောင်းတဲ့ဘက်ကို ပြန်ပြီးဦးတည်လာတယ်လို့ အစီရင်ခံစာသစ်တွေက ဖော်ပြနေပါတယ်။

အချက်အလက်တွေ စုဆောင်းတဲ့ IDC ကုမ္ပဏီရဲ့ အစီရင်ခံစာအရ ၂၀၁၉ ခုနှစ် တတိယ သုံးလပတ်အတွင်းမှာ စမတ်ဖုန်းအမှတ်တံဆိပ်တွေအားလုံးရဲ့ စုစုပေါင်း တင်ပို့မှုဟာ ၉၈.၉ သန်း ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ် ကာလတူတုန်းက ၁၀၂.၆ သန်း တင်ပို့ရောင်းချခဲ့တာကြောင့် ဒီနှစ်က ၃.၆ ရာခိုင်နှုန်း လျော့ကျသွားတယ်လို့ ဆိုရပါလိမ့်မယ်။

Apple ကလည်း ဒီပြိုင်ပွဲမှာအဆင့်ငါးနေရာပဲ ရှိခဲ့တယ်ဆိုပေမယ့် ဇူလိုင်လအစောပိုင်းနဲ့ စက်တင်ဘာလနှောင်းပိုင်း အချိန်ကာလအတွင်းမှာ iPhone အလုံးရေ ၈.၁ သန်း တင်ပို့ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက အလားတူကာလအတွင်းမှာ ၇.၆ သန်းပဲ တင်ပို့ရောင်းချခဲ့ရတာကြောင့် နှစ်အလိုက်တိုးတက်မှုက ၅.၆ ရာခိုင်နှုန်းဖြစ်ခဲ့ပါတယ်။

ဒီတိုးတက်မှုမှာ ကုမ္ပဏီရဲ့ iPhone 11 နဲ့ iPhone 11 Pro တွေက အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေတယ်လို့ ဆိုပါတယ်။ အကြောင်းရင်းကတော့ ကင်မရာပိုင်းဆိုင်ရာမှာ အဆင့်မြှင့်တင်လိုက်တာ၊ ဘက်ထရီသက်တမ်း ပိုကြာရှည်လာတာနဲ့ ဈေးနှုန်းပိုင်းဆိုင်ရာမှာ အရင်ကထက် ပိုပြီးယှဉ်ပြိုင်လာနိုင်တာကြောင့်လို့ သိရပါတယ်။

ဈေးကွက်သုတေသနအရ Apple ရဲ့ တတိယသုံးလပတ်ရလဒ်ဟာ သိသိသာသာ ကောင်းမွန်တိုးတက်လာတယ်လို့ ဆိုပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ်တုန်းက Budget flagship လို့ဆိုရမယ့် iPhone XR ကို အောက်တိုဘာမှာ ဖြန့်တာမျိုးထက် iPhone 11 တွေကို စက်တင်ဘာထဲမှာပဲ ဖြန့်လိုက်တာရဲ့ အကျိုးသက်ရောက်မှုလို့လည်း ဆိုပါတယ်။ ဒါ့အပြင် တရုတ်ဈေးကွက်မှာလည်း iPhone 11 တွေရဲ့ ရောင်းအားက သိသိသာသာ ပြန်ပြီးတိုးတက်လာတယ်လို့ သိရပါတယ်။

Ref: Phone Arena