[Zawgyi]

iPhone 11 မွာ စိတ္၀င္စားစရာေကာင္းတဲ့ စြမ္းရည္ အသစ္တစ္ခု ပါလာႏုိင္ပါတယ္။ Citi Research ရဲ႕ ေလ့လာဆန္းစစ္သူေတြက ေနာက္မ်ိဳးဆက္ iPhone ေတြမွာ Apple Pencil သံုးႏိုင္မယ္လို႔ ေျပာပါတယ္။ Apple Pencil ကို စတင္ ထုတ္လုပ္တဲ့ အခ်ိန္ကတည္းက iPads ေတြမွာသာ သံုးႏိုင္ခဲ့တာ ျဖစ္ပါတယ္။ အခုေတာ့ iPhones ေတြမွာပါ သံုးႏိုင္ေတာ့မယ္လုိ႔ ထင္ပါတယ္။

ဒါေပမယ့္ ဒီသတင္းဟာ ရာႏႈန္းျပည့္ေသခ်ာတယ္လုိ႔ မေျပာႏုိင္ေသးပါဘူး။ Citi Research ရဲ႕ ခန္႔မွန္းခ်က္သာ ျဖစ္ပါတယ္။ Citi Research ဟာ ကုမၸဏီေတြရဲ႕ ေငြေၾကးဆိုင္ရာေတြကိုသာ အဓိက ေလ့လာတာပါ။ ကုမၸဏီေတြ ေနာက္ထုတ္မယ့္ ထုတ္ကုန္ေတြကိုေတာ့ ခန္႔မွန္းေလ့ မရွိပါဘူး။

Citi Research က iPhone 11 Series ေတြရဲ႕ တျခား သတင္းအခ်က္အလက္ေတြကိုလည္း မွ်ေ၀ထားပါတယ္။ iPhone 11 Series ေတြမွာ လက္ရွိ ေရာင္းခ်ထားတဲ့ iPhone XS, XS Max , XR ေတြထက္ အရြယ္ေသးတဲ့ Screen ေတြ ထည့္သြင္းထားမယ္လို႔ သိရပါတယ္။ ဘက္ထရီေတြက ပိုႀကီးလာမွာပါ။ ေစ်းႀကီးတဲ့ ေမာ္ဒယ္ႏွစ္လံုးမွာ အေနာက္ကင္မရာ သံုးလံုး ထည့္သြင္းထားမွာပါ။ အေရွ႕ ကင္မရာက 10MP ျဖစ္ၿပီး အေနာက္ကင္မရာ တစ္လံုးက 14MP ျဖစ္ႏုိင္ပါတယ္။

Citi Research က Apple ဟာ ဒီႏွစ္မွာ ေရာင္းေစ်း ပံုစံကို ေျပာင္းမွာ မဟုတ္ဘူးလို႔ ေျပာပါတယ္။ iPhone XS ရဲ႕ မ်ိဳးဆက္ကို ၉၉၉ ေဒၚလာ၊ iPhone XS Max ရဲ႕ မ်ိဳးဆက္ကို ေဒၚလာ ၁၀၉၉ နဲ႔အထက္ သတ္မွတ္ထားႏုိင္ပါတယ္။ XR ရဲ႕ မ်ိဳးဆက္ကေတာ့ ၇၄၉ ေဒၚလာ က်သင့္ႏုိင္ပါတယ္။ ျမန္မာေငြအားျဖင့္ ၁၅ သိန္း၊ ၁၆ သိန္းနဲ႔ ၁၁ သိန္းေက်ာ္ေလာက္ အသီးသီး တန္ေၾကးရွိႏုိင္ပါတယ္။

Ref : gsmarena

[Unicode]

iPhone 11 မှာ Apple Pencil သုံးနိုင်မည်

iPhone 11 မှာ စိတ်ဝင်စားစရာကောင်းတဲ့ စွမ်းရည် အသစ်တစ်ခု ပါလာနိုင်ပါတယ်။ Citi Research ရဲ့ လေ့လာဆန်းစစ်သူတွေက နောက်မျိုးဆက် iPhone တွေမှာ Apple Pencil သုံးနိုင်မယ်လို့ ပြောပါတယ်။ Apple Pencil ကို စတင် ထုတ်လုပ်တဲ့ အချိန်ကတည်းက iPads တွေမှာသာ သုံးနိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုတော့ iPhones တွေမှာပါ သုံးနိုင်တော့မယ်လို့ ထင်ပါတယ်။

ဒါပေမယ့် ဒီသတင်းဟာ ရာနှုန်းပြည့်သေချာတယ်လို့ မပြောနိုင်သေးပါဘူး။ Citi Research ရဲ့ ခန့်မှန်းချက်သာ ဖြစ်ပါတယ်။ Citi Research ဟာ ကုမ္ပဏီတွေရဲ့ ငွေကြေးဆိုင်ရာတွေကိုသာ အဓိက လေ့လာတာပါ။ ကုမ္ပဏီတွေ နောက်ထုတ်မယ့် ထုတ်ကုန်တွေကိုတော့ ခန့်မှန်းလေ့ မရှိပါဘူး။

Citi Research က iPhone 11 Series တွေရဲ့ တခြား သတင်းအချက်အလက်တွေကိုလည်း မျှဝေထားပါတယ်။ iPhone 11 Series တွေမှာ လက်ရှိ ရောင်းချထားတဲ့ iPhone XS, XS Max , XR တွေထက် အရွယ်သေးတဲ့ Screen တွေ ထည့်သွင်းထားမယ်လို့ သိရပါတယ်။ ဘက်ထရီတွေက ပိုကြီးလာမှာပါ။ ဈေးကြီးတဲ့ မော်ဒယ်နှစ်လုံးမှာ အနောက်ကင်မရာ သုံးလုံး ထည့်သွင်းထားမှာပါ။ အရှေ့ ကင်မရာက 10MP ဖြစ်ပြီး အနောက်ကင်မရာ တစ်လုံးက 14MP ဖြစ်နိုင်ပါတယ်။

Citi Research က Apple ဟာ ဒီနှစ်မှာ ရောင်းဈေး ပုံစံကို ပြောင်းမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ iPhone XS ရဲ့ မျိုးဆက်ကို ၉၉၉ ဒေါ်လာ၊ iPhone XS Max ရဲ့ မျိုးဆက်ကို ဒေါ်လာ ၁၀၉၉ နဲ့အထက် သတ်မှတ်ထားနိုင်ပါတယ်။ XR ရဲ့ မျိုးဆက်ကတော့ ၇၄၉ ဒေါ်လာ ကျသင့်နိုင်ပါတယ်။ မြန်မာငွေအားဖြင့် ၁၅ သိန်း၊ ၁၆ သိန်းနဲ့ ၁၁ သိန်းကျော်လောက် အသီးသီး တန်ကြေးရှိနိုင်ပါတယ်။

Ref : gsmarena