[Zawgyi]

လက္ရွိ ၂၀၁၈ iPhone ေတြဟာ ေရစိုခံတယ္လို႔ ေျပာႏိုင္ပါတယ္။ ဒါေပမယ့္ မိုး႐ြာေနတဲ့အခ်ိန္ မိုးေရေတြက မ်က္ႏွာျပင္ေပၚက်ေနတုန္းမွာ အလြယ္တကူ သုံးလို႔ရတယ္ေတာ့ မေျပာႏိုင္ပါဘူး။ Apple က ဒီလိုျပႆနာအတြက္ အေျဖရွာေတြ႕သြားၿပီး လာမယ့္ iPhone 11 မွာ ထုတ္ေဖာ္လာလိမ့္မယ္လို႔ ေကာလာဟလထြက္ေပၚလာပါတယ္။

ဒီေကာလာဟလကို XDA Developers ရဲ႕ Max Weinbach က တြစ္တာမွာ လြန္ခဲ့တဲ့ ႏွစ္ပတ္ေက်ာ္ေလာက္ကတည္းက မွ်ေဝထားတာပါ။ ဒါေပမယ့္ MWC 2019 ၿပီးသြားခ်ိန္ေနာက္ပိုင္းမွာမွ ဒီေကာလာဟလက လူအေတာ္မ်ားမ်ားရဲ႕ အာ႐ုံကို ဆြဲေဆာင္လာႏိုင္ခဲ့တာ ျဖစ္ပါတယ္။

လာမယ့္ iPhone သစ္ဟာ မ်က္ႏွာျပင္တစ္ခုလုံး ေရထဲမွာနစ္ျမဳတ္ေနရင္ေတာင္ လက္ေခ်ာင္းေလးေတြက ဘယ္ေနရာကို ထိေနတယ္ဆိုတာကိုသိၿပီး တုံ႔ျပန္လိမ့္မယ္လို႔ အခိုင္အမာဆိုထားတဲ့ ဒီေကာလာဟလရဲ႕ ရင္းျမစ္ဟာ ဘယ္ကလာသလဲဆိုတာကိုေတာ့ မသိရေသးပါဘူး။

ဒီသတင္းရင္းျမစ္ရဲ႕ ခိုင္မာမႈနဲ႔ပတ္သက္ၿပီး Weinbach ကလည္း ထုတ္ေဖာ္ေျပာဆိုျခင္းမရွိေပမယ့္ Apple ဟာ ဒီနည္းပညာအတြက္ မူပိုင္ခြင့္တင္ထားၿပီးျဖစ္သလို ေရွ႕ေျပး Device မွာလည္း စမ္းသပ္ေနၿပီလို႔ တြစ္တာမွာ ေရးသားထားတာပါ။

ဒီသတင္းမတိုင္မီ iPhone 11 နဲ႔ပတ္သက္ၿပီး ထြက္ေပၚထားခဲ့တာေတြကေတာ့ အေနာက္ကင္မရာ သုံးလုံးပါဝင္မယ္ဆိုတာနဲ႔ ဒီကင္မရာေတြထဲမွာ 3D ကင္မရာလည္း ပါဝင္မယ္ဆိုတဲ့ သတင္းေတြပဲ ျဖစ္ပါတယ္။ iPhone 11 နဲ႔ ပတ္သက္တဲ့ ဓါတ္ပုံေတြကို OnLeaks ကေဖာ္ျပခဲ့ေပမယ့္ အၿပီးသတ္ဒီဇိုင္းမဟုတ္တဲ့အတြက္ ဆက္လက္ေစာင့္ၾကည့္ရဦးမွာပါ။

Ref: Techradar

[Unicode]

iPhone 11 မျက်နှာပြင်ဟာ ရေအောက်မှာလည်း အလုပ်လုပ်နိုင်ဖွယ်ရှိ

လက်ရှိ ၂၀၁၈ iPhone တွေဟာ ရေစိုခံတယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် မိုးရွာနေတဲ့အချိန် မိုးရေတွေက မျက်နှာပြင်ပေါ်ကျနေတုန်းမှာ အလွယ်တကူ သုံးလို့ရတယ်တော့ မပြောနိုင်ပါဘူး။ Apple က ဒီလိုပြဿနာအတွက် အဖြေရှာတွေ့သွားပြီး လာမယ့် iPhone 11 မှာ ထုတ်ဖော်လာလိမ့်မယ်လို့ ကောလာဟလထွက်ပေါ်လာပါတယ်။

ဒီကောလာဟလကို XDA Developers ရဲ့ Max Weinbach က တွစ်တာမှာ လွန်ခဲ့တဲ့ နှစ်ပတ်ကျော်လောက်ကတည်းက မျှဝေထားတာပါ။ ဒါပေမယ့် MWC 2019 ပြီးသွားချိန်နောက်ပိုင်းမှာမှ ဒီကောလာဟလက လူအတော်များများရဲ့ အာရုံကို ဆွဲဆောင်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။

လာမယ့် iPhone သစ်ဟာ မျက်နှာပြင်တစ်ခုလုံး ရေထဲမှာနစ်မြုတ်နေရင်တောင် လက်ချောင်းလေးတွေက ဘယ်နေရာကို ထိနေတယ်ဆိုတာကိုသိပြီး တုံ့ပြန်လိမ့်မယ်လို့ အခိုင်အမာဆိုထားတဲ့ ဒီကောလာဟလရဲ့ ရင်းမြစ်ဟာ ဘယ်ကလာသလဲဆိုတာကိုတော့ မသိရသေးပါဘူး။

ဒီသတင်းရင်းမြစ်ရဲ့ ခိုင်မာမှုနဲ့ပတ်သက်ပြီး Weinbach ကလည်း ထုတ်ဖော်ပြောဆိုခြင်းမရှိပေမယ့် Apple ဟာ ဒီနည်းပညာအတွက် မူပိုင်ခွင့်တင်ထားပြီးဖြစ်သလို ရှေ့ပြေး Device မှာလည်း စမ်းသပ်နေပြီလို့ တွစ်တာမှာ ရေးသားထားတာပါ။

ဒီသတင်းမတိုင်မီ iPhone 11 နဲ့ပတ်သက်ပြီး ထွက်ပေါ်ထားခဲ့တာတွေကတော့ အနောက်ကင်မရာ သုံးလုံးပါဝင်မယ်ဆိုတာနဲ့ ဒီကင်မရာတွေထဲမှာ 3D ကင်မရာလည်း ပါဝင်မယ်ဆိုတဲ့ သတင်းတွေပဲ ဖြစ်ပါတယ်။ iPhone 11 နဲ့ ပတ်သက်တဲ့ ဓါတ်ပုံတွေကို OnLeaks ကဖော်ပြခဲ့ပေမယ့် အပြီးသတ်ဒီဇိုင်းမဟုတ်တဲ့အတွက် ဆက်လက်စောင့်ကြည့်ရဦးမှာပါ။

Ref: Techradar