iPhone 12 ပုံစံတူ Dummies တွေရဲ့ နောက်ထပ်ဓါတ်ပုံတွေ ထပ်မံပေါက်ကြားလာခဲ့ပြီး Apple Leak တွေနဲ့ ပတ်သက်ရင် ကျွမ်းကျင်သူတစ်ယောက်ဖြစ်တဲ့ Sonny Dickinson မှ မကြာခင်ထွက်လာမယ့် အိုင်ဖုန်းအသစ်တွေရဲ့ အရွယ်အစားကို ဖော်ပြလာခဲ့တာဖြစ်ပါတယ်။

iPhone 12 စီးရီးထဲမှာ iPhone 12 Max နဲ့ 12 Pro တို့ဟာ တူညီတဲ့ 6.1” Display နဲ့သာ ထွက်လာမှာဖြစ်တာကြောင့် အရွယ်အစားကွာခြားချက်က သုံးမျိုးသာရှိမှာပါ။

ယခုဖော်ပြလာတဲ့ Dummies ပုံတွေက သတင်းထွက်နေတဲ့ ဒီဇိုင်းအပြောင်းအလဲကိုလည်း အတည်ပြုပေးခဲ့ပါတယ်။ အိုင်ဖုန်းစီးရီးသစ်မှာ အငယ်ဆုံးဖုန်းက 5.4” Display နဲ့ဖြစ်ပြီး iPhone 12 Max နဲ့ 12 Pro တို့က 6.1” ကိုယ်စီ အသုံးပြုထားကာ iPhone 12 Pro Max ဗားရှင်းကတော့ 6.7” ထိ ကြီးမားမှာဖြစ်ပါတယ်။

အနောက်နဲ့ဘေးဘက်ဖရိန်တွေက Flat ပုံစံပဲဖြစ်ပြီး ကင်မရာ Module ကတော့ ယခင်မျိုးဆက်ဟောင်းအတိုင်း မပြောင်းလဲတာကိုလည်း တွေ့ရပါတယ်။ ဒါပေမယ့် မူရင်း Leak ကတော့ Pro မော်ဒယ်မဟုတ်တဲ့ ရိုးရိုး iPhone 12 မှာ ကင်မရာသုံးလုံးအစား နှစ်လုံးသာ ပါလာနိုင်တဲ့အတွက် အပြောင်းအလဲရှိနိုင်တယ်လို့ ဆိုခဲ့ပါတယ်။

Ref – GSMArena