Apple ရဲ့ iPhone 12 တွေ ကြေညာမယ့်ရက်လည်း ထွက်ပေါ်လာပြီဆိုတော့ အခြားဆက်စပ်သတင်းတွေကလည်း မီဒီယာတွေရဲ့ စာမျက်နှာထက်မှာ အသီးသီးနေရာယူလာကြတာကို တွေ့မြင်နေရပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်တုန်းကတော့ Apple အကြောင်း အစဉ်တစိုက်လေ့လာနေတဲ့ Ming-Chi Kuo က iPhone 12 lens တွေနဲ့ပတ်သက်တဲ့ သတင်းတစ်ခု မျှဝေခဲ့ပါတယ်။

Ming-Chi Kuo မျှဝေခဲ့တဲ့သတင်းက 5.4-inch နဲ့ 6.1-inch iPhone 12 တွေဟာ ပြဿနာအချို့နဲ့ ကြုံတွေ့နေရတယ်ဆိုတာပဲ ဖြစ်ပါတယ်။ ဒီမော်ဒယ်နှစ်မျိုးရဲ့ Ultra-wide ကင်မရာတွေရဲ့ မှန်ဘီလူးတွေမှာ ပြဿနာ ရှိနေတာလို့ Ming က ဆိုခဲ့တာပါ။ အဲဒါကတော့ Lens ရဲ့ အပေါ်ယံလွှာဟာ ကွဲအက်နိုင်တယ်ဆိုတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး Apple ဘက်က ဘာမှတုံ့ပြန်မှုမရှိပေမယ့် Supplier ဘက်ကတော့ အသံထွက်လာပါတယ်။ Apple Camera Lens Supplier ဖြစ်တဲ့ Genius Electronic Optical က ဒီပြဿနာကိုတွေ့ခဲ့တယ်လို့ Ming က ဆိုထားပေမယ့် အခုတော့ Supplier ကပဲ ငြင်းဆိုလာတာ ဖြစ်ပါတယ်။

Genius Electronic Optical က သူတို့ဟာ Apple ရဲ့ iPhone သစ်တွေအတွက် အဓိက Lens ထောက်ပံ့ပေးသူတွေဖြစ်ပြီး ဖောက်သည်လိုချင်တဲ့ ဝယ်လိုအားကို အချိန်မီ၊ ပြီးပြည့်စုံအောင် ထောက်ပံ့ပေးနိုင်တယ်လို့ ပြန်လည်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် Ming ရဲ့ သတင်းကပဲ မှားသလား၊ ဒါမှမဟုတ် Genius Electronic Optical ကပဲ ဖုံးကွယ်ထားသလားဆိုတဲ့ မေးခွန်းလည်း ထွက်ပေါ်လာရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် Genius Electronic Optical ဘက်က တစ်ခုခုကို ဖုံးကွယ်ထားတယ်ဆိုရင်တော့ Apple ဟာ Largan Precision ရဲ့ ဝန်ဆောင်မှုကို ရယူထားသေးတာကြောင့် အကယ်၍ နှောင့်နှေးကြန့်ကြာမှု တစ်စုံတစ်ခုဖြစ်ခဲ့မယ်ဆိုရင် လျှော်ကြေးရရှိမှာ ဖြစ်ပါတယ်။

Ref: GSM Arena